"ဦးလေးသတိထားအုံးလေ…အရမ်းမူးနေပြီ "
"ကလေးလား…ကလေးမဟုတ်ဘူး…မင်းဘယ်သူလဲ ငါ့နားက ထွက်သွား"
"ကျွန်တော်က ဒီယေဂို …ဦးလေးကြီးရဲ့ ကလေး သူငယ်ချင်း"
"ကလေးကော…ကလေး"
"ရှိတယ်…အိပ်နေပြီ…ဦးလေးကြီးကို ကျွန်တော်ခဏ စောင့်နေခိုင်းတာ"
"……"
"ဦးလေးကြီးကျွန်တော် သံပုရာရည်ဖျော်ပေးထားတယ်…အမူးပြည်သွားအောင်သောက်လိုက်အုံး"
"ပေး…"
"ဒါဆိုကျွန်တော်လဲ သွားအိပ်တော့မယ် ဖြစ်တယ်မို့လား"
"ရတယ် သွား…သွား"
ဒီယေဂိုလဲ အိမ်ပေါ်ထပ်ရှိ ဂျော်ဂျီ၏ အိပ်ခန်းသို့သွားကာ အိပ်ရန်ပြင်ရတော့သည် *ဂျီလေးကို သနားလို့ ဟို ဘိုးတော်ကိုစောင့်ပေးတာ မဟုတ်ရင် အိပ်ရေးအပျက်ခံပြီးသေတောင်မစောင့်ပေးဘူး မနက် ၃ နာရီ တောင်ရှိပြီ*
မနက်မိုးစင်စင်လင်းလေပြီ ဂျော်ဂျီ အစောကြီးနိုးနေ၏ ဘေးမှ ဒီယေဂို ကိုတစ်ချက်အခြေအနေ ကြည့်လိုက်သည် ညက မိမိအစား အိပ်ရေးပျက်ခံပေးထားသည်မို့ မနိုးရက်ပေ။
ထို့နောက် အောက်ထပ်သို့ဆင်းလာတော့ ဗိုလ်မှူးက အစောကြီး နိုးနေ၏
"ကလေး…"
"အွန်း…ဦးအစောကြီးနိုးနေတယ်နော်…"
"အင်း…အိပ်မရတော့တာနဲ့ ထလိုက်တာ…"
"အမူးပြေသွားပြီလား…"
"ပြေသွားပြီ…ခေါင်းတွေ တော့နည်းနည်းကိုက်သေးတယ်"
"ဒေါက်တာ နိုးရင် ဆေးယူပေးမယ်လေ…"
"ဒီမှခဏထိုင်ပါလား…ကလေး"
"အင်း…"
လီယိုနှင့် မျက်နှာချင်းဆိုင်ရှိခံတွင် ဂျော်ဂျီဝင်ထိုင်လိုက်သည် ထိုအခါ လီယို သည်သူ၏ ခုံမှ ဂျော်ဂျီ ရှိရာခုံလေးသို့ ပြောင်းထိုင်လိုက်သည် ဂျော်ဂျီ ကိုယ်ကလေးကို ဖက်ပြီး
"ဦးကို…ပြန်လက်ခံပေးမလား"
"ဟင်…"
"ဦး ကလေးရဲ့ အချစ်တွေ ပြန်လိုချင်တယ် နှင်းဆီငယ်လေး"
YOU ARE READING
အချစ်ကမ္ဘာစစ်
Historical Fictionနာဇီစစ်သားတစ်ယောက်နဲ့ ဂျူးကောင်လေးတစ်ယောက်အကြောင်းကို ရေးသားသွားမှာဖြစ်ပါတယ် အကယ်၍အမှားပါခဲ့ရင်လဲ ခွင့်လွှတ်ပေးကြပါ ကျွန်တော်ရဲ့ ပထမဆုံးဇာတ်လမ်းလေးမို့ပါ