(၃)တိုက်ပွဲ

95 4 0
                                    

ဂျာမန်စစ်သားအများအပြား ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ဆူဒေတန်ဒေသသို့ ချီတက်ကြကုန်၏
အခြားအရာမဟုတ် ဂျာမန် လူမျိုးကြီးဝါဒ အကောင်ထည်ဖော်ရန် ဖြစ်ပြီး ဆူဒေတန်ရှိ ဂျာမန် လူမျိုး များကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိကြရန်ဖြစ်သည် ချီတက်သွားကြ သောစစ်သည်များထဲတွင် စစ်‌ကြောင်းသုံး၏ ဒုဗိုလ်မှူးအဖြစ် ဗိုလ်မှူးလီယို လဲပါဝင်ရ၏
__________________________

"ပေါလ်....ရှေ့ကိုအာရုံစိုက်....ရှေ့ကိုအာရုံစိုက်......ဗုံးလာပြီ....ဗုံး....."

"အား..........."

ပေါလ်အား ဗိုလ်မှူး အမိန့်ပေးနေစဉ် ပေါလ် ကို ဗုံးထိသွားခြင်းဖြစ်သည် ထို့ ကြောင့်ဗိုလ်မှူးသည်ပေါလ် ၏ ခန္ဓာကိုယ်ကိုသယ်ရန် အရှေ့သို့ထွက်ကာ သွားရသည် ကံသီပေလို့ ကျည်ဆန်လွဲခဲ့သည် ပြီးတွင် ပေါလ်အား ကတုတ်ကျင်းအတွင်းသို့ ချကာ ဆေးတပ်များ တက်လာနိုင်ရန်ကာပစ်ပေးနေရသေး၏

"ပေါလ်.....အားတင်းထားအုံး...."

"ဟုတ်...ဟုတ်ကဲ့....Sir........…"

ကာပစ်နေရင်း ခဏအကြာတွင် ဆေးတပ်များရောက်လာကာ ကတုတ်ကျင်းတစ်လျှောက် နောက်တန်း ပြန်ဆုတ်ကာ ဆေးကုခန်းသို့ အမြန် ခေါ်သွားရသည်

ပြီးတော့ ရန်သူဘက်မှ အပစ်ရပ်သွားသဖြင့် တစ်နေ့တာ တိုက်ပွဲကို ရပ်နားလိုက်ကြသည် ထို့နောက် ကတုတ်ကျင်းအတွင်း အကာရှိသော နေရာအောက်တွင် ရိက္ခာသွားစစ်ရသေးသည် ဗိုလ်မှူးတွင် ပေါင်မုန့်တစ်ပိုင်းသာ ကျန်တော့သည် ရေသည်လဲ ဘူး၏ အောက်ခြေလောက်သာရှိတော့သော်လည်း ရှိသလောက် အစားအစာလေးကို အားတင်းကာစား၍ စခန်းသို့ ညရောက်တော့ ပြန်ဆုတ်ခဲ့သည်

At Night..........

" Heaven......I'm in heaven....but my heart......."

"သံကြိုးရောက်တယ် ဗိုလ်မှူး......"

စစ်သားငယ်၏ စကားကြောင့်မျှော်လင့်ချက်ကလေးများက အသစ်တစ်ဖန်မွေးဖွားလာသလိုသို့သော်.........

"ဘယ်သူ့ဆီကလဲ......"

"မစ္စမွန်းဆီကပါ ဗိုလ်မှူး........"

"အဲ့ပေါ်မှာတင်ခဲ့..…သွားစရာရှိတာသွားတော့"

"ဟုတ်ကဲ့....Sir "

အချစ်ကမ္ဘာစစ်Where stories live. Discover now