RED ROSE 🌹

55 2 0
                                    

နှင်းဆီနီတစ်ပွင့်
ပင်ယံမှ
မြေခခဲ့သည်
ပွင့်ချပ်ကလေးများ ညှိုးနွမ်းနေသည်
အနံ့အဆင်းပျက်လုနီးနီး
ထိုနှင်းဆီပွင့်ကလေး၏
သေ‌ဆုံးခြင်းဟုအမည်တပ်မည်
နှင်းဆီကလေး၏ဝတ်ရည်စုပ်သော
ပျားပိတုန်းကလေးမှာလည်း
ဝတ်ရည်မစုပ်ရ၍သေဆုံးခါနီး‌ဖြစ်နေလေပြီ
နှင်းဆီပင်စိုက်ပျိုးသူလည်း
ဝမ်းနည်းနေလေတော့မည်
မည်သူ့အပြစ်ဟုဆိုရမည်နည်း
အချင်းချင်းလဲ အပြစ်မတင်သင့်
ကိုယ့်အပြစ်ဟုသာ အမည်တပ်မည်
စိုက်ပျိုးသူရဲ့ ပေါ့ဆမှု
ထိန်းသိမ်းမှု နည်းပါးမှုတို့ကြောင့်
နှင်းဆီကလေး သေဆုံးရတော့မည်
မသေပါနဲ့ နှင်းဆီရယ်
ကိုယ့်ကို အခွင့်အရေးတစ်ကြိမ်‌လောက်ပေးပါအုံး
မင်းအတွက် အကောင်းဆုံး
စိုက်ပျိုးသူဖြစ်ပေးချင်တယ်

                                 ANNA BE WANNA

အချစ်ကမ္ဘာစစ်Dove le storie prendono vita. Scoprilo ora