"ဟူး နောက်ဆုံးတော့ နားရက်!
တကယ်ကိုတစ်သက်စာကြာတယ်လို့ထင်ရတဲ့ပင်ပန်းစရာတစ်ပတ်ပြီးတဲ့နောက်မှာအခုလိုနားချိန်ရတာလောက်ပိုကောင်းတာရှိတော့မှာမဟုတ်ဘူး"သူပြတင်းပေါက်ကမြင်နေရတဲ့မြင်ကွင်းကိုကြည့်ကာကော်ဖီတစ်ငုံသောက်ရင်းရွေရွတ်လိုက်မိသည်။အပြင်ကမိုးရေစက်တွေနဲ့လိုက်လျောညီနေတဲ့နောက်ခံတီးလုံးလွင့်ပျံ့နေပြီးအခုလေးတင်ဖျော်ထားပုံရတဲ့ကော်ဖီရနံ့သင်းသင်းကလဲ
နေရာတစ်ခုလုံးကိုလွှမ်းခြုံထားတဲ့ဒီကော်ဖီဆိုင်လေးကသူ့ရဲ့တစ်ပတ်တာပင်ပန်းမှုတွေကိုဖျောက်ဖျက်ဖို့အကောင်းဆုံးနေရာပဲ။
ကော်ဖီစွဲလမ်းသူလို့ခေါ်ရလောက်တဲ့အထိကော်ဖီကြိုက်တဲ့သူ့အတွက်ဒီနေရာကနိဗ္ဗာန်အတုအယောင်ငယ်လို့တောင်ပြောလို့ရလောက်သည်။သူတစ်ပတ်လုံးဒုက္ခခံပြီးရလာတဲ့နားရက်မလို့
ဒီနေ့တစ်နေ့လုံးဆိုင်ပြင်ကမြင်ကွင်းကိုကြည့်လိုက်ကော်ဖီသောက်လိုက်ပဲလုပ်ပြီးဘာမလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးမျက်စိရှေ့ကစိမ်းစိုစိုမြင်ကွင်းကိုစိုက်ကြည့်နေလိုက်တယ်။အငြိမ်မနေနိုင်တဲ့သူ့လက်ချောင်းတွေကတော့မိုးရေစက်တွေရဲ့စည်းချက်အတိုင်းလှုပ်ရှားနေမိတယ်။"နားတဲ့ရက်ရဲ့မနက်ခင်းလေးကဘယ်လိုနေလဲ"
အေးဆေးနေတဲ့သူ့ရဲ့ကမ္ဘာကတစ်စုံတစ်ယောက်ရဲ့အသံကိုကြားတာနဲ့အလဲလဲအပြိုပြိုဖြစ်သွားပြီးသူ့ရဲ့ကိုယ်ကလဲမသိမသာတုန်လှုပ်သွားတယ်။
အသံပိုင်ရှင်ကိုမော့ကြည့်မိချိန်သူ့ရဲ့မျက်လုံးတွေကမယုံကြည်မှုနဲ့အတူပြူးကျယ်သွားရတယ်။အို...တကယ်အရှက်မရှိတဲ့သူပဲ။
သူဘယ်တော့မှပြန်မမြင်ချင်တဲ့မျက်နှာကိုအခုလိုမျက်စိရှေ့တည့်တည့်မှာမြင်နေရတာကတကယ်ရူးကြောင်ကြောင်နိုင်လွန်းတယ်။ခုနကအထိငြိမ်သက်အေးချမ်းနေခဲ့တဲ့လေထုကအဲ့လူကျေးဇူးနဲ့ရုတ်တရက်မငြိမ်မသက်ဖြစ်သွားတယ်။သူ့ရဲ့ကောင်းမွန်နေခဲ့တဲ့ခံစားချက်တွေကလဲအပိုင်းပိုင်းအစစပင်။
မိုးရေစက်တွေအသံနဲ့ခုနကအထိကြည့်နေခဲ့တဲ့မြင်ကွင်းကလဲစိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်လာပြီးကော်ဖီနံ့ကလဲမသင်းတော့ဘဲခေါင်းမူးချင်စရာအနံ့ဖြစ်လာတယ်။
သူ့ရဲ့အားလပ်ရက်ကမျက်စိတစ်မှိတ်အတွင်း
ရုတ်တရက်ကုန်ဆုံးသွားသလိုပဲ။
အဲ့အရာတွေရဲ့အကြောင်းအရင်းကတော့မျက်စိရှေ့ကလူကြောင့်ဆိုတာနှစ်ခါစဉ်းစားစရာတောင်မလိုဘူး။သူ့မှာအခွင့်အရေးသာရှိရင်မျက်စိရှေ့ကလူကိုတွေ့မဲ့အစားအလုပ်လုပ်ဖို့ကိုပဲရွေးမိမှာ။
![](https://img.wattpad.com/cover/352509377-288-k31535.jpg)
YOU ARE READING
JAVAPHILE/희제이크
Fanfictiona short story of two javaphiles written in both english and burmese