First Attempt(Burmese Ver.)

221 23 6
                                    

"ဘာမှမလုပ်ဘဲအဲဒီကောင်လေးကိုစိုက်ကြည့်ပြီးဘယ်လောက်ကြာအောင်ထိုင်နေအုံးမှာလဲ"

စားသုံးသူတွေဆီကအမှာစာလက်ခံရင်းအလုပ်ရှုပ်နေတဲ့ဝန်ထမ်းကောင်လေးရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကိုနာရီဝက်လောက်ထိုင်စိုက်ကြည့်နေတဲ့ဆောင်ဟွန်းကို ဂျိတ်ခ်စိတ်ရှုပ်မှုရယ်၊သိချင်စိတ်ရယ်နဲ့အတူမေးလိုက်တယ်။

"နည်းနည်းပဲထပ်ပြီးတော့"ဆောင်ဟွန်းက
စိုက်ကြည့်တာကိုမပြတ်စေဘဲမျက်ခုံးတွေကိုစုကြုံ့ရင်းဖြေလာတယ်။

"နည်းနည်းဆိုတာ နာရီနဲ့ချီကြာမှာကိုပြောတာမလား ငါ့ဟာငါပဲဖြည့်တွေးလိုက်မယ်"
ဂျိတ်ခ်ပွစိပွစိရေရွတ်လိုက်မိသည်။

"မင်းဘယ်လိုတွေးတွေးကွာ"သူတို့ကြားထဲပျံ့နှံ့သွားတဲ့ဆောင်ဟွန်းရဲ့လေသံတိုးတိုးကဂျိတ်ခ်ရဲ့သည်းခံနိုင်စွမ်းကိုရိုက်ချိုးသွားတယ်။

"မင်းကိုစောင့်ပေးရင်းနဲ့‌ငါသောက်နေတာ
Americano သုံးခွက်‌ရှိပြီကွ။ငါ့ရဲ့တစ်နေ့လုံးစာကဖင်းဓာတ်ကပြည့်ရုံမကလို့လျှံတောင်နေပြီ။ထပ်မစောင့်နိုင်တော့ဘူး။မြန်မြန်သွားပြီးစကားပြောရင်ပြောမဟုတ်ရင်မင်းကိုလိုက်စောင့်ပေးဖို့စိတ်ကူး‌ထဲတောင်မထည့်တော့ဘူး"

သည်းခံနိုင်စွမ်းကုန်သွားတာမလို့ဂျိတ်ခ်ရဲ့စိတ်ရှုပ်မှုတွေကလေသံထဲမှာသိသိသာသာပါဝင်သွားသည်။

"ကောင်းပြီလေ...."သက်ပြင်းချပြီးခပ်တိုးတိုး
ရေရွတ်လာတဲ့ဆောင်ဟွန်းကစကားကိုဆက်မပြောဘဲရပ်ထားတာမလို့ဂျိတ်ခ်မျက်လုံးပြူးကြည့်လိုက်တယ်။

"ဒီတိုင်းပြန်ကြတာပေါ့"ဆက်ပြောလာတဲ့
စကားကြောင့်ဂျိတ်ခ်ရဲ့မျက်လုံးကနှစ်ဆပြူးသွားရတယ်။

"ဘာကို ဒီအတိုင်းပြန်မှာလဲ
ဘာမှမလုပ်ဘဲစိုက်ကြည့်ဖို့သပ်သပ်
နာရီဝက်လောက်လာထိုင်နေတယ်လို့တော့ငါ့ကိုလာမပြောနဲ့နော်"ဂျိတ်ခ် ဆောင်ဟွန်းရဲ့အတွေးကိုနားမလည်နိုင်စွာဘဲအံ့ဩတကြီးမေးလိုက်မိတယ်။

"ပြောရမှာတော့အားနာပေမဲ့မင်းပြောတာမှန်တယ် ဒီတိုင်းမျက်နှာမြင်ချင်လို့လာထိုင်တာ
ငါ့ရည်ရွယ်ချက်ကအဲ့တာပဲ"ဆောင်ဟွန်းကတော့ဂျိတ်ခ်နဲ့ဆန့်ကျင်ဘက် တည်တည်ငြိမ်ငြိမ်ပဲဖြေလာတယ်။

You've reached the end of published parts.

⏰ Last updated: Feb 21 ⏰

Add this story to your Library to get notified about new parts!

JAVAPHILE/희제이크Where stories live. Discover now