"တနင်္လာနေ့တွေကိုမုန်းလိုက်တာ"မိနစ်အနည်းငယ်ကြာအောင်မြည်နေတဲ့နှိုးစက်ကိုပိတ်လိုက်ရင်းဂျိတ်ခ်ငြီးငြူလိုက်မိတယ်။
ဆံသားတွေထဲလက်ထိုးထည့်ကာဖွလိုက်ရင်းအိပ်ရာပေါ်ကနေဖြည်းဖြည်းချင်းထလိုက်ပေမဲ့ပြတင်းပေါက်ကတစ်ဆင့်နေသူ့ပေါ်ကိုအုပ်မိုးနေတဲ့နေရောင်ခြည်ကိုသူ့မျက်လုံးတွေကအသားမကျသေးသယောင်ချက်ချင်းဖွင့်လို့မရဘူး။
ဂျိတ်ခ်သူကိုယ်တိုင်နဲ့အလုပ်တွေကြားထဲကမပြီးဆုံးနိုင်တဲ့တိုက်ပွဲကြားထဲကိုနောက်ငါးရက်စာလောက်ဝင်ရအုံးမယ်။သက်ပြင်းချလိုက်ရင်းစိတ်မပါလက်မပါပဲထလိုက်ပေမဲ့အသားကျနေတဲ့ခြေထောက်တွေလက်တွေကတော့မနက်ခင်းလုပ်ငန်းစဉ်တွေကိုအတက်မပြတ်လုပ်နေမိတယ်။
"ဒီနေ့လဲမနက်စာကိုကျော်ရမယ်ထင်တယ်"
ဂျိတ်ခ်အလုပ်သွားဖို့ပြင်ဆင်ပြီးတိုက်ခန်းထဲကထွက်လိုက်ရင်းတိုးတိုးရေရွတ်လိုက်မိတယ်။ဒီနေ့မန်နေဂျာအသစ်ရောက်လာမှာမလို့ဂျိတ်ခ်အလုပ်ကိုစောနိုင်သမျှစောစောရောက်ရမှာ။"ဒါပေမဲ့လဲ ကဖင်းဓာတ်တော့လိုသေးတာပေါ့"ဂျိတ်ခ်အတွေးနဲ့အတူဓာတ်လှေကားထဲကထွက်တာနဲ့သွားနေကျကော်ဖီဆိုင်ဆီဦးတည်လိုက်သည်။အလုပ်နောက်ကျမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တော့သူ့ရဲ့မရှိမဖြစ်မနက်ခင်းကော်ဖီကိုလက်မလွှတ်နိုင်ပါဘူး။အခုနေကမ္ဘာပျက်မယ်ဆိုရင်တောင်ကော်ဖီကိုမဖြစ်မနေသောက်ရမှဖြစ်မှာ။
ဂျိတ်ခ်ကော်ဖီဆိုင်ဆီကိုမြန်မြန်လျှောက်သွားပြီးဆိုင်ထဲဝင်လိုက်တာနဲ့တံခါးမှာတပ်ထားတဲ့ဘဲလ်ရဲ့ချွင်ကနဲမြည်သံကပျံ့လွင့်လာတယ်။ဆိုင်ရဲ့လေထုကတိတ်ဆိတ်ငြိမ်သက်နေပြီးဂျိတ်ခ်ကိုနွေးထွေးမှုအနည်းငယ်ပေးနေသလိုခံစားလိုက်ရသည်။ဒီနေ့ကတနင်္လာနေ့မလို့အလုပ်ကိုယ်စီကိုသွားနေတဲ့လူတွေများတာကြောင့်ဆိုင်ထဲမှာလူရှင်းနေတယ်။ဂျိတ်ခ်ကိုယ်တိုင်လဲအလုပ်ရှိတာမလို့ကော်ဖီဆိုင်ရဲ့လေထုကိုခံစားဖို့အချိန်မရှိဘူး။ဂျိတ်ခ်မြန်မြန်ပဲကောင်တာဆီသွားရင်းမှာဖို့လုပ်လိုက်တယ်။
YOU ARE READING
JAVAPHILE/희제이크
Fanfictiona short story of two javaphiles written in both english and burmese