Part -1

45 1 0
                                    

တောင်းတန်းတွေဝိုင်းနေပြီးအေးချမ်းတိတ်ဆိတ်လှသည့်ကျိုင်းတုံဆိုတဲ့မြို့ကြီးကိုကျွန်မရောက်ရှိဖို့အနည်းငယ်သာလိုတော့တာမို့‌ကားမှန်မှတစ်ဆင့်‌အပြင်ကိုငေးလိုက်တော့တကယ်ပကိုလှပလွန်းလှသည့်ညနေခင်းအချိန်ဖြစ်တာကြောင့်ပုစွန်ဆီရောင်ကောင်းကင်ကြီးနဲ့တောင်တန်းတွေအရမ်းကိုလှပတဲ့ပန်းချီကားတစ်ချပ်လိုပါပဲအပြင်ကြာကြာကြည့်ရင်မူးလာတာမို့မျက်လုံးလေးသာဆက်မှိတ်ထားလိုက်ပါတယ်
ကျွန်မနာမည်က ဆုကိုကိုငယ်ငယ်တည်းကအဘွားနဲ့လိုက်နေခဲ့ပီးခုကံတရားအလှည့်အပြောင်းမှာအဘွားရုတ်တရက်ကြီးဆုံးသွားတမို့ငယ်ငယ်ကတခါပဲတွေ့ဖူးတဲ့အဖေနဲ့အမဆီကိုသွားနေရတာပေါ့ ကျမအသက်အရွယ်နဲ့ဆိုကလေးလိုပဲထင်ရပေမဲ့ ၂ညအိပ်၁ရက်ခရီးကိုတစ်ယောက်တည်လာခဲ့ရတာမို့ကလေးမဟုတော့ပါဘူးလေ
ကားဂိတ်ရောက်သွားတာမို့မျက်လုံးဖွင့်အထုပ်လေးဆွဲပီးကားပေါ်ကဆင်းတာပေါ့အောက်ရောက်တော့အဖေကိုဖုန်းဆက်ဖို့ပြင်အထုပ်တွေယူနဲ့တယောက်တည်းကိုရှုပ်နေတာပဲဖုန်းဆက်လိုက်တော့၀င်သွားပါပြီး
“ဟဲလို ဖေဖေသမီးရောက်နေပြီဖေဖေဘယ်မှာလဲ "
“အော်‌ အေသမီးဖေဖေဒရိုင်ဘာလွှတ်လိုက်တယ်နော် သမီးပုံပြထားတယ် သူလာကြိုလိမ့်မယ် စောင့်နေလိုက်နော်သမီး အဖေမအားလို့ဒါပဲနော်"
“ကိုယ်သမီးတယောက်လုံးကိုသူစိမ်းနဲ့စိတ်ချတယ်တဲ့ ဟူးထားပါလေ စောင့်နေတာပဲကောင်းပါတယ် ”ဆုလည်းဆိုင်တစ်ဆိုင်ထဲ၀င်ပြီးထိုင်စာင့်နေလိုက်တယ်ခနကြာတော့ကားပေါ်က အသက်ကြီကြီးအဘတစ်ယောက်ကဆင်းလာပီ“သမီးက ဆုကိုကိုလား”
“ဟုပါတယ် ဖေဖေလွှတ်လိုက်တဲ့သူထင်တယ်"
“ဟုတ်ကဲ့"ဆုလည်းသေချာတာမို့အထုပ်လေးတစ်ထုပ်နှစ်ထုပ်သာပါတာမို့ကိုယ့်ကိုမပြီးသာတင်လိုက်တော့ပြီးမှအိမ်သို့ထွက်လာခဲ့တော့တယ်။
အိမ်ကအရမ်းလည်းမကြီးသလိုအရမ်းလည်းမသေးပါဘူးလေ နှစ်ထပ်တိုက်လေးအတော်တော့ လှပါသည် ခြံထဲမှာလည်းသစ်ခွပန်း နှင်းဆီပန်း အစုံပါပဲတောကြီးလာူတောင်မှတ်ရတယ် ကျွန်မလည်းဟိုကြာ့်ဒိကြည့်ဖြင့် အိမ်ထဲ၀င်လိုက်တော့ တွေ့ပါပြီ ကျွန်မအဖေရဲ့မိန်းမ ဆက်တီပေါ်မိန့်မိန့်ကြီးထိုင်နေပြီးစာဖတ်နေတော့ကိုယ်လည်းနှုတ်ဆက်ရတာပေါ့ “အန်တီ မင်္ဂလာပါ သမီးကဆုကိုကိုပါ"
စာအုပ်ကိုအကြည့်မပျက်ပဲကျမအားပြန်လည်ပြောလာသည်က“အင် မင်းအခန်းပြင်ခိုင်းထားတယ် မီဖြူ‌ ရေဒီကလေးကိုအခန်းလိုက်ပို့ပေးလိုက်"
ကျွန်မကိုသိပ်အရေးမလုပ်သလိုပြတာမို့နည်းနည်းတော့တစ်မျိုးဖြစ်သွားတာပေါ့ ဒါမဲ့လည်းထားလိုက်ပါတယ်လေ အမတစ်ယောက်ကအထုပ်တွေလာဆွဲကူတာမို့ကျွန်မလည်းလိုက်ဖို့အပြင် ကျွန်မမျက်စိထဲ၀င်လာတဲ့ ငါးကန်လေးကျွန်မလည်းစိတ်၀င်စားတာမို့ကိုင်ကြည့်မို့အလုပ် အိမ်ကပစ္စည်းတွေလျှောက်မကိုင်ပါနဲ့ကျကွဲသွားရင်လွယ်လွယ်ရတာမဟုဘူး သွားစရာရှိတာမသွားဘူး"
အလကားသပ်သပ်ကြီးအအ‌အော်ခံလိုက်ရတာမို့နည်းနည်းတော့တင်းသွားတယ်လေ ဒါမဲ့ကိုယ်ကအငယ်ဆိုတော့စိတ်လျော့ပြီးပဲ ကိုယ့်အခန်းကိုသွားလိုက်တော့တယ်။
အခန်းထဲ၀င်ကြည့်လိုက်တော့အခန်းပြင်ဆင်တာမြင်ပြီးကျွန်မပြန်ပြေးချင်သွားတယ် ဘယ်နှယ်တသ်ခန်းလုံးပန်းရောင်တွေကြည့်ပဲ
ဟုမှပါလေသမီးမိန်းကလေးဆိုတော့လည်းပန်းရောင်ကြိုက်မှာလို့ထင်ကြမှာပေါ့ ခက်တာကကျွန်မကမိန်းကလေးမှမဆန်တာနောက်မှကိုယ့်ကိုပြန်ပြင်မယ်တွေပြီး မျက်စိမှတ်ပြီးနေလိုက်တော့တယ်။
ရေချိုး အ၀တ်စားလဲပြီး7နာရီလောက်ရောက်တော့ကားသံကြားလို့အဖေပြန်လာပြီထင်လို့ထွက်ကြိုလိုက်တယ်။
“ဖေဖေပြန်လာပြီလား"
“အေ သမီးငယ်ရေသမီးအခန်းအဆင်ပြေရဲ့လား မိဖြူကိုကြည့်စီစဉ်ခိုင်းထားတာ သမီးမကြိုက်ရင်ကိုယ့်ကိုပြန်ပြင်လိုက်နော် သမီးငယ် ဖေဖေလည်း‌တနေကုန်ပင်ပန်းလွန်းလို့ဖေဖေနားတော့မယ်နော် နောက်ရက်မှစကားပြောကြတာပေါ့"ဖေဖေလည်းပြောပြီးအပေါ်ထပ်သို့တက်သွားတယ်။
ကျွန်မလည်းဗိုက်ဆာတာမို့မီးဖိုဘက်ထွက်လာလိုက်တော့တွေ့ပါပီ အဖေမိန်းမနဲ့ကျွန်မလည်းကောင်းကောင်းမွန်မွန်မေးတာပေါ့ “အန်တီ သမီးဗိုက်ဆာလို့အဲတာ..”
“ဟဲ့ကလေးမ ဗိုက်ဆာရင်ကိုယ့်ကိုခူးစားပါလား လူကိုခိုင်းဖို့ကြံနေသေးတယ် ဟွန့်လာမလုပ်နဲ့ခုထဲကပြားပြား၀ပ်နေအောင်လုပ်ထားမှတော်ကာကျမှာ”
ကျွန်မလည်းထိုဘွားတော်ကောသမျှခံရတာနှစ်ခါရှိပြီမို့နည်းနည်းတော့အဆင်မပြေဖြစ်လာတယ် ကျွန်မသိလိုက်ပါတယ်လေသူက‌ေပြ‌ေပြလည်လည်မနေချင်တာကိုအဲတော့အလိုက်ထိုက်ဆက်ဆံပေးရမှာပေါ့ခုတော့ထမင်းစားဖို့ခူပြီးကိုယ့်ကိုအရှေ့မှာထိုင်စားနေလိုက်တယ်။စားသောက်ပြီးပြီကျွန်မစက်တော်ခေါ်ဖို့အခန်းထဲ၀င်လိုက်တယ် မနက်ဖြန်ကျောင်းစတက်ရတော့မှာမို့ လိုအပ်မည့်စာအုပ်၊ဘောပင်၊ခဲတဲ့တွေကိုအဖေကတခါတည်း၀ယ်ပေးထားတာမို့ ကျွန်မလည်းလွယ်အိတ်လေးတဲ့အစီရီထည့်ပြီးပြင်ဆင်လိုက်တယ်အားလုံးပြီးသွားမှမနက်ဖြန်ဆက်တွေ့ရအုံးမဲ့ပတ်၀န်းကျင်အသစ်ကိုရင်ဆိုင်ဖို့အားမွေးရမှာမို့ မကြိုက်ပေမဲ့လည်းစောင်ပန်းရောင်လေးကိုသာခြုံပြီးနားကြပ်လေးတပ်ကာကျွန်မချစ်တြ့သီချင်းတွေနဲ့အတူ မျက်လုံးလေးမှိတ်ပြီးမနက်ဖြန်မှာက့ကောင်းသောနေ့ရက်တွေ‌ဖြစ်ပါစေလို့ဆုတောင်းမိရင်းနဲ့ပဲအိမ်မက်ကမ္ဘာလေးဆိုခရီးနယ်ဆန့်လိုက်တော့တယ်။

ဖတ်ပေးတဲ့တ‌စ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။

အချစ်ဆိုတာ........Where stories live. Discover now