Part -7

23 3 1
                                    

   သူတို့အားလုံးသွားလည်မဲ့နေရာကတော့ကျိုင်းတုံမြို့ရဲ့အထင်ကရနေရာတခုဖြစ်တဲ့သာဘာ၀ရှုခင်းတွေနဲ့လှပလွန်းသောကျိုင်းတုံခုနစ်ထပ်ရေတံခွန်ပါ။ အားလုံးလည်းဆိုင်ကယ်ကိုယ်စီနဲ့လာကြတော့ဆိုင်ကယ်အပ်ရာနေရာမှာအပ်ပြီးလမ်းလျှောက်သွားကြတယ်။နေကလည်းပူနေတော့မောမောနဲ့ဆိုတော့အဂ်ုဆုံးဦးတည်နေတာကတော့ရေခဲမုန့်ဆိုင်ကိုပါ။ရေတံခွန်ရောက်ရင်အကောင်းဆုံးကရေခဲမုန့်ပဲလေအဲတော့အားလုံးလည်းရေခဲမုန့်ဆိုင်ကိုသာဦးတည်ပြီးသွားလိုက်ကြတော့တယ်။ဆိုင်ရောက်တော့အားလုံးလည်နေရာယူကြပြီးမှာစရာရှိတာမှာကြတော့တယ်အစားဆိုထိပ်ဆုံးကတက်ကြွတဲ့ထွေးဧကရီမှူးကတော့“ ညီမလေးရေရေခဲမုန့်မှာချင်လို့လာပါအုံး ”။
  ဝိတ်တာညီမလေးမှ “ဟုတ်ကဲ့ အမ ဘာများသုံးဆောင်ကြမလဲ ဒီမှာမီနူးကဒ်လေးပါ”
   “အမကိုချောကလက်တစ်ခွက်ပေးနော် ”ထွေးဧကရီမှူးကစတင်မှာလိုက်ပြီး  “ဟဲ့ဆုကိုကိုနင်ရောဘာစားမှာလဲမျက်လုံးကိုပဲအစာကျွေးမနေနဲ့ လူလည်းအစာကျွေးအုံး တကယ်တည်းပဲမပြောချင်ဘူး”သူငယ်ချင်းဖြစ်သူရဲ့အပြောကြောင့်ရှက်သွားပြီးမီနူးစာအုပ်ကြီးလှမ်းဆွဲ၍ “ဟိုဟာ အမ၀တ်မှုန်ကဘာမှာမှာလဲဟင် ”ဖြူ၀တ်မှုန်သွယ်အားလှမ်းမေးလိုက်သည်။ ထိုစဉ်ဖူးမြတ်ကလျာမှ“ ဖြူကချောကလပ်နဲ့မတည့်ဘူး စတော်ဘယ်ရီမှာပေးလိုက်နော် အမကိုတော့ဘလူးဘယ်ရီတစ်ခွက်မှာပေးနော်”
    ဆုကိုကိုမှဝိတ်တာလေးအား“အဲတာဆိုညီမလေး အမတို့ကိုစတော်ဘယ်ရီတစ်ခွက်၊ဘလူးဘယ်ရီနှစ်ခွက်ပေးနော်”
  ထိုအခါဝိတ်တာလေးမှ“ အမဟိုဟာလေဘလူးဘယ်ရီကတစ်ခွက်ပဲရှိတော့တာ တခြားဟာယူလိုက်ပါလား အမ ”
   “အာ ကိုကဘလူးဘယ်ရီပဲစားတတ်တာရေခဲမုန့်ဆိုအဲတာဆိုလည်း မယူ”
   ထိုစဉ်ဖူးမြတ်ကလျာမှ “ ယူလိုက်ပါအမကိုချောကလပ်ပဲပေးနော် ဆုကိုကိုဘလူးဘယ်ရီယူလိုက်နော်”
   ဝိတ်တာလေးလည်းခေါင်းငြိမ့်ပြကာထွက်သွားတော့သည်။
ထိုစဉ်ဖြူ၀တ်မှုန်သွယ်မှ “ကလျာနင်ချောကလပ်နဲ့” ဆက်မပြောရန်ဖြူ၀တ်မှုန်သွယ်၏လက်အားခုံအောက်မှလှမ်းကိုင်၍အကြည့်ဖြင့်မပြောရန်တားမြစ်လိုက်သည်။ ဖြူ၀တ်မှုန်သွယ်လည်းနားလည်ဟန်ဖြင့်ဆက်မပြောတော့ပဲဘာကြောင့်မပြောခိုင်းတာလဲဆိုသောအကြည့်နဲ့ဖြင့်သာတိတ်ဆိတ်သွားတော့သည်။
   ရေခဲမုန့်တွေရောက်လာတော့စားကြပြီးရှုခင်းတွေဆက်လက်သွားကြည့်ကြသည်။
တော့ချစ်ရသူရဲ့အမူရာလေးတွေကိုလိုက်ကြည့်လိုက်ဓာတ်ပုံခိုးရိုက်လိုက်နှင့်အလုပ်ရှုပ်နေ‌သည်။ အားလုံးမသိတာကတော့ဖူးမြတ်ကလျာတယောက်ချွေးတွေပြန်နေ၍တကိုယ်လုံးယားလာနေသည်။ အကြောင်းကတော့ဖူးမြတ်ကလျာလည်းဖြူ၀တ်မှုန်သွယ်နည်းတူချောကလပ်နှင့်ဓာတ်မတည့်ခြင်းပင်ဖြစ်သည်။ ဒါကိုချစ်ရသူကလေးအားဘလူးဘယ်ရီသာစားတတ်သည်ဟူသောအပြောကြောင့်ဓာတ်မတည့်သောချောကလပ်ကိုစားလိုက်ခြင်းဖြစ်သည်။ ခုတော့သူအလက်ဂျစ်ထနေတော့သည်။
   ထိုစဉ်ထွေးဧကရီမှူးမှအိမ်သာသွားချင်သည်ဖြစ်၍ဖူးမြတ်ကလျာအားအဖော်ခေါ်ကာသွားလေသည်။
ဆုကိုကိုနှင့်ဖြူ၀တ်မှုန်သွယ်မှနှစ်ယောက်တည်းကျန်ခဲ့၍ဆုကိုကိုလည်းသူ၏ဖွင့်ပြောရန်အစီစဉ်အားအကောင်ထည်ဖော်ဖို့ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ယောက်လုံးလည်းခုံတန်းလေးတခုပေါ်‌တွင်သူငယ်ချင်းများ၏အလာကိုစောင့်နေကြသည်။
  ဆုကိုကိုမှ စတင်ပြီးတိတ်ဆိတ်နေသောအခြေနေအားဖြိုခွဲလိုက်လေသည်။
  “ အမ ကိုပြောစရာရှိလို့ ပြောစရာဆိုတာထက်၀န်ခံစရာရှိတာ ကို လေအမကို”
ထိုစဉ်ဖြူ၀တ်မှုန်သွယ်ထံဖုန်း၀င်လာ၍တစ်ယောက်၏ပြောစကားကိုစူးစိုက်နားထောင်နေသောသူနှင့်တခုခုကိုပြောဖို့ရန်အားယူနေသာသူတို့၏အခြေနေအားရပ်တန့်သွားခဲ့သည်။
   “ဟဲလို အင်းဧကရီပြောလေ အိမ်သာမတွေ့လို့လား” ဖြူ၀တ်မှုန်သွယ်မှထိုသို့မေးလိုက်သာ်လည်း တစ်ဖက်မှကြောက်လန့်စိုးရိမ်နေသောအသံဖြင့် “ မမဖြူ မမကလျာလေ မူးလဲသွားလို့လူတွေမှာလည်းအဖုသေးသေးလေးတွေထနေတာ ချွေးတွေလည်းရွဲနစ်နေတာပဲ လာ လာကြည့်ပါအုံး”
  ဧကရီစကားကြောင့်ဖြူ၀တ်မှုန်သွယ်လည်းထိုင်နေရာမှမတ်တပ်ထရပ်လိုက်ပြီး “ ဟုတ်ပီအမအခုလာခဲ့မယ်နော်ခနစောင့်”
  ဖြူ၀တ်မှုန်သွယ်လည်းဖုန်းချပြီးနောက်ဆုကိုကိုအားကြည့်၍“ ဖြူလေဖြူမူးလဲလို့တဲ့အဲတာအိမ်သာကိုအမြန်သွားရမယ်”
   ဆုကိုကိုလည်းလန့်သွားကာ ဖြူ၀တ်မှုန်သွယ်နောက်သို့သာအပြေးလိုက်ရတော့သည်။
  ဖူးမြတ်ကလျာအားဆေးရုံသို့ပို့ဆောင်၍
ဆရာ၀န်အား ဖြူ၀တ်မှုန်သွယ်အား“ ဆရာကျွန်မသူငယ်ချင်းကိုကယ်ပါအုံး ”
  ဆရာ၀န်လည်းလူနာအခြေနေအားသိလို၍
“လူနာကအလက်ဂျစ်ထလာတာထင်တယ်ဘာစားလိုက်လို့လဲ”
  ဖြူ၀တ်မှုန်သွယ်လည်းသတိရသွားကာ“သူ သူချောကလပ်စားလိုက်တာချောကလပ်နဲ့သူဓာတ်မတည့်ဘူးချောကလပ်စားမိသွားတာ”
ဆရာ၀န်လည်းနားလည်သွားကာအခန်းထဲသို့စစ်ဆေးရန်ခေါ်သွားလေသည်။
အပြင်တွင်အားလုံးလည်းစိတ်ပူစွာစောင့်နေကြသည်။
  ဆုကိုကိုတယောက်လည်းသူ့အစားချောကလပ်စားလိုက်သောဖူးမြတ်ကလျာအားနားနည်ဟန်ဖြင့်ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာကိုစဉ်းစားနေလိုက်သည်။
ခနအကြာဆရာ၀န်လည်းစစ်ဆေးမှုပြီး၍အခန်းထဲမှထွကိလာကာ “လူနာကအသက်ဆုံးရှုံးရနိုင်တယ်ချောကလပ်နဲ့သာမာန်ဓာတ်မတည့်တာမဟုဘူးဗျ သူဆဲလ်တွေကချောကလပ်ရဲ့အာနိသင်ကိုလကိမခံနျုင်တာမို့ နောက်တခါမပေါ့ကြပါနဲ့နော် အခုတခေါက်ကလည်းအချိန်မီဆေးရုံရောက်လို့ပေါ့မဟုရင် ပသက်ဆုံးရှုံးရနိုင်တယ်ဗျ”
  ဆရာ၀န်လည်းပြောစရာရှိတာပြောပြပြီးသည့်နောက်သူတို့အားလုံးလည်းအခန်းထဲသို့သွားကာ ဖူးမြတ်ကလျာအားသွားကြည့်ကြတော့သည်။
  ဖူးမြတ်ကလျာလည်းသတိရနေပြီဖြစ်၍အားလုံးကိုမြင်သွားသောအခါ“အားလုံးငါကြောင့်အပျော်တွေပျက်သွားရပြီတောင်းပန်ပါတယ်နော် ”
   ဖြူ၀တ်မှုန်သွယ်မှ “ ရပါတယ်ဟာနင်သာဂရုစိုက်ခုရောနေလို့ရောကောင်းရဲ့လားသက်သာရဲ့လား နင်နော်ကိုယ်နဲ့မတည့်တာသိရက်နဲ့မပြောချင်ဘူး”
  ဖျော့တော့သောအပြုံးလေးဖြင့်သာပြန်လည်တုံပြန်လာသောဖူးမြတ်ကလျာအားဆုကိုကိုတယောက်နားမလည်သောမေးခွန်းပေါင်းများစွာဖြင့်သာငေးစိုက်ကြည့်နေမိတော့သည်။
  အဆင်ပြေသွားပြီးဖြစ်၍အိမ်သို့ကိုယ်စီသာပြန်ဖို့ပြင်ကြတော့သည်။ဖူးမြတ်ကလျာသည်ဆေးရုံတစ်ရက်တက်ရမည်ဖြစ်၍လူနာစောင့်ရန် ဆုကိုကိုမှသူစောင့်ပေးရန်ပြောလာသည်။ ဖူးမြတ်ကလျာကအမတွေနဲ့နေတာဆိုတော့အမတွေကလည်းမအားတာမို့ ဆုကိုကိုအားစောင့်ခိုင်းရန်ဖြူ၀တ်မှုန်သွယ်လည်းသဘောတူလိုက်သည်။
  ဧကရီနဲ့ဖြူ၀တ်မှုန်သွယ်ကတော့အိမ်သို့ပြန်သွား၍ အိပ်ပျော်နေသောဖူးမြတ်ကလျာအားသေချာစွာကြည့်နေသောဆုကိုကိုတယောက်လည်းအတွေးပေါင်းများစွာဖြင့်သာငေးကြည့်နေမိတော့သည်။ထို့နောက်ဆုကိုကိုလည်းကုတင်ဘေးတွင်သာအိပ်ပျော်သွားတော့သည်။
 
   ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။

အချစ်ဆိုတာ........Where stories live. Discover now