Part-3

22 1 3
                                    

မျက်တောင်တစ်ခတ်တွင်း ပြုံးလိုက်တဲ့တခဏအတွင်းသိပ်ကိုလှပလွန်းတယ် ရူးတော့မှာပဲသိပ်ကိုစွဲလမ်းစေတဲ့ ရှမ်ပိန်တခွက်လို့ယစ်မူးပျော်ဝင်သွားနိုင်နဲ့အပြုံးပိုင်ရှင်လေး ဆုကိုကိုတယောက်အတွေးနယ်ချဲ့နေရင်း အသံတစ်သံကြောင့်လက်ရှိ အခြေနေကိုပြန်ရောက်သွားတယ်။ "ဆုကိုကို.... ဟုတယ်မလား မဟုတ်ဘူးထင်နေတာ တစ်ယောက်တည်းလား သူငယ်ချင်းတွေရော"ဆုလည်းအသံကြားရာကြည့်လိုက်တော့ တခြားသူတော့မဟုဘူးမျက်ဝန်းပိုင်ရှင်လေးရဲ့ သူငယ်ချင်းမဖူးမြတ်ကလျာဆိုတဲ့အမကြီး"အော်...အမလာထိုင်လေ ဆုအတန်းထဲမထိုင်ချင်လို့အပြင်ထွက်လာတာအမကရော ဘယ်သွားမလို့လဲ အမသူငယ်ချင်းတွေရော"
"အမက....ဒီတိုင်းမင်းကိုမြင်လို့ထွက်လာတာ ..မင်းကဘာတွေစဥ်းစားနေတာလဲ..
.မျက်လုံးထဲမှာလည်းအတွေးတွေနဲ့ ချစ်မိနေသလိုပဲနော်ကောင်မလေး ..... ပြောပါအုံး"
"ဟာ....မဟုပါဘူးအမရာဒီတိုင်းဆုစိတ်ကိုစွဲလမ်းစေနိုင်တဲ့ အရာလေးတခုပေါ့ "ဆုကိုကိုတယောက်ပြောလည်းပြောရင်းပြုံးလည်းပြုံးရင်းနဲ့ပေါ့။
"သိပ်ဆွဲဆောင်လွန်းတာပဲ.. ကလေးရယ်...အပြုံးလေးကမိန်းကလေးတယောက်ဖြစ်နေပါရဲ့ ချစ်စရာကောင်းခြင်းလည်းမဟုတ် လှလွန်းနေတာလည်းမဟုပါပဲ ဆွဲဆောင်မှုတမျိုးရှိနေတဲ့အဲ့အပြုံးတွေ အမစွဲလမ်းမိတော့မှာပဲကွာ.."​ဖူးမြတ်ကလျာတယောက်ဆုကိုကိုရဲ့အပြုံးတွေကြားနစ်မြောရင်း တွေးနေမိပြန်တယ်။
"ကဲပါ..အမပြန်တော့မယ်အာဆိုလည်းကျောင်းတက်တော့မယ် အကြာကြီးထိုင်မနေနဲ့နော် "လို့ပြောပီးဖူးမြတ်ကလျာတယောက် အခန်းသို့ပြန်သွားသည်။

ဆုကိုကိုလည်းကျောင်းတက်တော့မှာမို့အခန်းသို့သာပြန်လာခဲ့တယ်။ညနေကျောင်းဆင်းချိန်ထိစာသင်ကြားနေကြရင်း ကျောင်းဆင်းချိန်တောင်ရောက်လာခဲ့တယ်။
ဟော ‌တွေ့ပါပီ အပြုံးပိုင်ရှင်လေးတယောက်တည်းကျောင်းရှေ့မှာရပ်နေတာဟိုကြည့်ဒီကြည့်နဲ့ တယောက်ယောက်ကိုစောင့်သလိူပဲ သွားနှုတ်ဆက်မှပါလေ။ဆုကိုကိုလည်းပြောရင်းနဲ့ပဲ "အမ ဘယ်သူ့ကိုစောင့်နေတာတယောက်တည်းလား လာမကြိုသေးလို့လား"
ဖြူ၀တ်မှုန်သွယ်၏စိတ်ထဲတွင်ထိုကလေးမကိုသိသလိုမသိသလိုမို့အတန်ကြာစဉ်းစားပီးမှ
" အော် ဧကရီခေါ်လာသောကလေးမလေးပဲ အင်း ဟုတယ်အမအိမ်ကလာမကြိုသေးလို့စောင့်နေတာ ညီမကောမပြန်သေးဘူးလား"
ဆုကိုကိုတယောက်လက်ထဲတွင်တွန်းထားသောစက်ဘီးကလေးအားတချက်ကြည့်၍ "အဲတာဆိုအမကိုဆုလိုက်ပို့ပေးမှာပေါ့ လာလမ်းပြောပြအိမ်ထိရောက်အောင်ကိုပို့ပေးအုံးမှာ " ရီလိုက်တိုင်းအစွယ်လေးတဖက်ပ‌ေါ်ပေါ်လာတတ်သောထိုကလေးမသည်ချစ်စရာတော့ကောင်းလှသည်။
ဖြူလည်းစဉ်းစားပီးမှ "ဒါနဲ့ မင်းစက်ဘီးကောင်းကောင်းစီးတတ်ပါတယ်နော် ယုံကြည်ရရဲ့လား"။
"ဟော ယုံကြည်လိုက်ပါအမရာဖြစ်ခဲ့ရင်တောင်အမကိုမထိခိုက်စေရဘူးလို့ကတိပေးတယ် "ရင်ဘတ်ကိုလက်လေးနဲ့ကတိပေးတေသောကလေးမအားသဘောတကျပြောပြနေသောကောင်မလေးနှင့်သူတို့အနီးနားရှိလေထုဟာ‌လတ်ဆတ်အေးချမ်းနေသည်။
"ဟုပါပီ တက်ပီ‌ေနာ်အမပြောတဲ့လမ်းတိုင်းသာတည့်တည့်သွားပါနော်"။
ထို့သို့ဖြင့်တရွေ့ရွေ့သွားနေသောစက်ဘီးကလေးနှင့်အတူကောင်မလေးတယောက်၏ရင်ခုန်သံသည်လည်းစည်းချက်မှန်မှန်နဲ့ခုန်နေလေသည်။ထို့နည်းတူကောင်မလေးတယောက်သည်လည်းတိတ်ဆိတ်နေသောလေပြေသွေးနှင့်အတူဆံကေသာယိမ်းနွှဲ့နွှဲ့လေးဖြင့်စက်ဘီးပေါ်၌ရှိနေလေသည်။
"ကျွီ ..... အမပြောတဲ့လမ်းနဲ့အတူအိမ်ရှိရာသို့ရောက်ပါပီ"။
"ဟုပါပီ... ကျေးဇူးလည်းများကြီးတင်ပါတယ်နော်အိမ်ထဲထိလည်းလိုက်ခဲ့ပါအုံးနော် လိုက်ပို့ပေးတဲ့တွက်အမေနဲ့လည်းမိတ်ဆက်ပေးရင်‌းရေလေးလည်းတိုက်ပါရစေ"
ဖြူ၀တ်မှုန်လည်းရယ်ကျဲကျဲပြန်စလိုက်ရင်းဆုကိုကိုတယောက်သဘောတကျရယ်ကာ"ဟီး...ဟုကဲ့လိုက်ခဲ့ပါ့မယ်အမ"။
မေမေရေသမီးပြန်လာပီနော်သူငယ်ခင်ေးကအိမ်လိုက်ပို့တာမိုသူငယ်ချင်းနဲ့စကားပြောပေးလိုက်ပါအုံးသမီးအ၀တ်စားလဲအုံးမယ်။ "အေအေ သမီးရေမေမေလာပီ"။
မီးဖိုထဲမှအမရဲ့အမေဖြစ်ဟန်တူသည့်သက်လတ်ပိုင်းအန်တီတယောက်ထွက်လာ၍"အော်သူငယ်ချင်းဆိုလို့ကလျာလေးထင်နေတာ သူငယ်ချင်းအသစ်လေးပဲ သမီးလေးနာမည်ရောဘယ်လိုခေါ်လဲ"။
ဆုကိုကိုလည်းဖော်ရွေလွန်းသောအန်တီအမေကြောင့်စိတ်ထဲပေါ့သွားကာ"ဟုတယ် သမီးကဂျူနီယာပါအန်တီ အမကကျောင်းရှေ့မှာတယောက်တည်းဖြစ်နေလို့အဲတာအိမ်လိုက်ပို့ပေးတာ သမီးနာမည်ကဆုကိုကိုပါအန်တီ"။
အန်တီနဲ့ကျောင်း‌မှာစာသင်ရတဲ့အကြောင်းတွေအမရဲ့အကြောင်းတွေပါထွေရာလေးပါးပြောရင်းစကားလက်ဆုံကျနေမိလေရဲ့နာရီကြည့်မိတော့မှအတော်တောင်နောက်ကျနေပီပဲအဖေဆူနေတော့မယ်ထင်တယ်အန်တီကို‌နှုတ်ဆက်ပီးအမထွက်လာတာတောင်မစောင့်တော့ပဲအမြန်သာထွက်လာမိလိုက်တော့တယ် "အန်တီအမကိုပြောပေးပါအုံးနော် အိမ်ပြန်နောက်ကျနေမှာဆိုးလို့ပြန်ပီလိူ့အန်တီကိုလည်းနှုတ်ဆက်ခဲ့တယ်နော်"။ထိုသို့ပြောပြောဆိုဆိုနှင့်ပြေးထွက်ခဲ့မိသည်။
ခနကြာမှဖြူ၀တ်မှုန်သွယ်တယောက်အခန်းထဲမှထွက်လာ၍ဟိုကလေးမကိုမတွေ့တော့၍"မေမေရေ ဟိုတယောက်ပြန်သွားပီလားသမီးရေချိုးလိုက်တာနဲ့ကြာသွားတာနှုတ်တောင်မဆက်လိုက်ရဘူး"။
"ဟုတယ် အိမ်ပြန်နောက်ကျနေလို့တဲ့အမြန်ပြေးထွက်သွားတာသမီးကလည်းဧည့်သည်ရှိနေဆာကိုမြန်မြန်တော့မလုပ်ဘူး တကယ်ပါပဲ"။
"အင်ပါမေမေရယ်ကျောင်းရောက်မှကျေးဇူးတင်ကြောင်းသေချာပြောလိုက်ပါ့မယ် ခုတော့ကျောင်းတောင်လာမကြိုနိုင်တဲ့ဟိုအမကြီးကိုဖုန်းဆက်ပီးကောလိုက်အုံးမယ်မေ‌ရေ ခိုင်းစရာရှိရင်အော်‌လိုက်နော်သမီးသွားပီ"။

ဖတ်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။

အချစ်ဆိုတာ........Where stories live. Discover now