Part -5

9 1 1
                                    

  ကျောင်းဆင်းပြီဖြစ်၍ကျောင်းသားအားလုံးအိမ်ပြန်နေကြသော်လည်း စာသင်ခန်းတစ်ခန်းထဲတွင်ဗိုက်အောင့်လို့အဖော်ပြုပေးကာစောင့်ပေးနေသောကောင်မလေးနှစ်ယောက်နှင့်ကျောင်းပေါက်၀လေးတွင် တစ်စုံတစ်ယောက်ရဲ့လာကြိုတာကိုစောင့်နေသောကောင်မလေးတစ်ယောက်လည်းရှိနေသည်။ ထိုကောင်မလေးကတော့ ဆူးလွန်းပါသည်ဆိုသည့်နှင်းဆီကိုမှ လိုချင်နေတဲ့ ဖြူ၀တ်မှုန်သွယ်ပေါ့။ ခနအကြာမှသူမစောင့်နေသောသူလည်းရောက်လာခဲ့ပါသည်။

   “သွယ် စောင့်ရတာကြာသွားလား  လာကြိုတော့မလို့ပဲ အင်္လကာ့ကောင်မလေးကမုန့်စားချင်တယ်ဆို့လို့မုန့်၀ယ်ကျွေးနေတာနဲ့ကြာသွားတာ ကိုယ် တောင်းပန်တယ်နော် သွယ် နောက်ကျတဲ့အနေနဲ့ သွယ် ဘာစားချင်လဲဘယ်သွားချင်လဲ ကိုယ်လိုက်ပို့ပေးမယ်လေနော် ”ထိုသူ၏လုပ်ရပ်များသည်စိတ်ဆိုးချင်စရာ‌ဖြစ်နေပါသော်လည်း စိတ်မမခုရက်နိုင်ပဲဖြစ်နေရတာဟာလည်း၀တ်မှုန်တွက်ပင်ပန်းမှုတစ်ခုဖြစ်နေပါသော်လည်းခုံမင်နေမိတယ်လေ။
  ထိုသူက၀တ်မှုန်၏စိတ်နှလုံးတစ်ခုလုံးကိုအပိုင်သိမ်းထားသူပေါ့သူကနေမင်းကြီးဆိုရင်၀တ်မှုန်ကသူရှိရာကိုပဲမျက်နှာမူချင်နေတဲ့နေကြာပန်းလေး‌ပဲဖြစ်မိချင်တဲ့ထိကို သူ့အပေါ်ကို၀တ်မှုန်တွယ်တာလွန်းတယ်။
  ဒါပေမဲ့အဲ့ဒီနေမင်းကြီးမှာလည်းသူ့မှာရှိသမျှစွမ်းအင်တွေနဲ့အ‌ေကာင်းဆံုးရှင်သန်‌ေစချင်တဲ့ပန်းလေးတစ်ပွင့်ကလည်းရှိနေတယ်လေ။အဲ့ပန်းလေးက‌‌ေတာ့နေကြာပန်းမဟုတ်တဲ့၀တ်မှုန်ပေါ့။
ဖြူ၀တ်မှုန်သွယ် အင်္လကာ၏မျက်နှာအားငေးနေရင်းအတွေးလွန်နေကာအင်္လကာမှ နာမည်ခေါ်ခါမှာသတိပြန်၀င်လာခဲ့တော့တယ်။
  “သွယ် သွယ် ကိုယ်ခေါ်နေတာကြားရဲ့လားကိုယ့်ကိုစိတ်ဆိုးသွားတာလား မဆိုးပါနဲ့သွယ်ရယ် ကလေးလိုချင်တာအာလုံးလုပ်ပေးမယ်လေနော် နော် လို့သွယ်”
   
    ထိုအခါမှ ဖြူ၀တ်မှုန်သွယ်လည်း“ ဟင် မတွေးပါဘူး ဒီတိုင်းဘာစာလုပ်ရမလဲစဉ်းစားနေတာ အင်္လကာ့ကို သွယ်စိတ်မဆိုးပါဘူးဒီတိုင်းအတွေးလွန်သွားလို့ပါ ၀တ်မှုန်ဘာမှမစားချင်ပါဘူး အိမ်ကိုပဲပြန်မယ်လေနော် အင်္လကာကအချိန်ကောရလို့လား၀တ်မှုန်ကိုလာကြိုတာ လာမကြိုလည်းရပါတယ်၀တ်မှုန်ဘာသာ့ပြန်လိုက်ပါ့မယ် အင်္လကာရယ်”
 
  “ဟာ သွယ်ကလည်းကွာဘာလို့မကြိုရမှာလဲ ကိုယ့်ကလေးလေးကိုတစ်ယောက်တည်းစိတ်မချပါဘူး လာကြိုမှာပါဗျာ အဲလိုမတွေးနေနဲ့ ခုတော့ဘာမှမစားချင်ဘူးဆိုလည်းကားပေါ်တက် ကိုယ်အိမ်ပြန်ပို့ပေးမယ်လာ ပြီးရင်အန်တီနဲ့လည်းတွေ့ရအုံးမှာ”အင်္လကာလည်းပြောပြောဆိုဆိုနဲ့ကားတံခါးဖွင့်ပေးပြီးသူလည်းကားပေါ်တက်သွားခဲ့သည်။

  “အဲလိုပါပဲ၀တ်မှုန်ရဲ့ နေမင်းကြီးကလူကိုချုပ်တတ်ပေမဲ့ သူကိုယ်တိုင်ကတော့မချည်နှောင်ချင်ဘူးလေ ဟူး တော်ပီဆက်မတွေးတော့ဘူး”ဟုဆိုကာကားပေါ်သို့တက်သွားခဲ့သည်။
အလင်္ကာဆိုတာကတော့ဖြူ၀တ်မှုန်သွယ်ငယ်ငယ်လေးတည်းက ချစ်ခဲ့ရတဲ့ကောင်လေးပေါ့ ဖြူ၀တ်မှုန်သွယ်အပေါ်လည်းသူဘယ်လိုသဘောထားနေလဲမသိပေမဲ့ ညီမလေးတစ်ယောက်ထက်ပိုနေတာဝောာ့နှစ်ဦးစလုံးသိကြမှာပါ။ ဒါပေမဲ့အင်္လကာကာကနားလည်ရခက်တဲ့သူတစ်ယောက်လေ သူဘေးနားမှာရှိနေစေဖို့ရွေးချယ်ခဲ့တာကတော့ ဖြူ၀တ်မှုန်သွယ်မဟုတ်ခဲ့ဘူးလေ။ သူ့စိတ်ထဲဘာတွေရှိလဲမသိပေမဲ့ဖြူ၀တ်မှုန်သွယ်ကတော့အင်္လကာအပေါ်အရမ်းကိုမှတွယ်တာလွန်းသလိုအရမ်းလည်းသံယောဇဉ်ရှိနေမိပီဆိုတာတော့သေချာပါသည်။
  ဖြူ၀တ်မှုန်သွယ်ဆိုတဲ့မိန်းကလေးက သူ့ရှေ့မှာ တစ်ခြားမိန်းကလေးအား ချစ်ကြောင်းဂရုစိုက်ကြောင်းတွေပြောနေသောချစ်ရသူအား အပြုံးလေးဖြင့်သာတုံပြန်နိုင်တဲ့ဟန်ဆောင်ကောင်းလွန်းတဲ့မိန်းကလေးတစ်ယောက်ပါ။

  သူတို့နှစ်ယောက်၏မြင်ကွင်းကို၀မ်းနည်းကြေကွဲစွာဖြင့်ရပ်ကြည့်နေသူကတော့ဆုကိုကိုပေါ့။
   “ ဘာတွေလဲ ဘာတွေလဲအမရယ် အဲ့အကိုကိုကြည့်နေတဲ့မျက်လုံးတွေကသိပ်ကိုကြင်နာမှုတွေပြည့်နေရတာလဲ  ပိုင်ရှင်ရှိရင်ရှောင်ရတယ်တဲ့ ကိုကတော့မရှောင်ချင်ဘူးအမရယ်”
ပြတင်းပေါက်လေးတွင်ဆွေးမြေ့စွာရပ်နေသောဆုကိုကိုအား ဖူးမြတ်ကလျာတစ်ယောက်တွေ့သွား၍ အနားကိုသွားကြည့်ရာ
ဖူးမြတ်ကလျာအား ကိုအလင်္ကာလာကြိုနေသည့်ပုံကိုကြည့်နေခြင်းဖြစ်၍ သက်ပြင်းတစ်ခုချလိုက်ပြီး စကားစပြောလိုက်သည်။
 
  “ ဆုကိုကို မင်းအမသူငယ်ချင်းကို သဘောကျနေတာလား ”
ဆုကိုကိုလည်းရုတ်တရက်မို့ကြောင်သွားကာ
  “ဗျာ ဗျာ ဘယ်သူကိုလဲအမ”
 
   “ဖြူ၀တ်မှုန်သွယ်ကိုလေ ဟုတ်တယ်မလား
အမသိပါတယ် အမပြောချင်တာကတော့သူ့မှာချစ်ရသူရှိတယ် ကလေးရဲ့ခုတည်းကနောက်ဆုတ်တာပိုကောင်းမယ်ထင်တယ် အမကကလေးခံစားရမှာဆိုးလို့ပါ” ဖူးမြတ်ကလျာတစ်ယောက် ၀မ်းနည်းစွာဖြင့်ချစ်ရသူကလေးအားပြောနေသော်လည်း ဆုကိုကိုသည်လည်းမျက်၀န်းထဲမှမျက်ရည်စက်များသည် တလှိမ့်ချင်းလှိမ့်ဆင်းလာခဲ့၍ ခေါင်းကိုသာအတွင်တွင်ခါနေမိသည်။
 
  “မဟုတ်ဘူး နောက်မဆုတ်ပေးနိုင်ဘူးကိုကမျက်၀န်းလေးကိုချစ်တဲ့အကြောင်းတွေတောင်မပြောပြရသေးဘူးလေဗျာ တောင်းပန်ပါတယ် နောက်မဆုတ်ပါရစေနဲ့ အမရယ်” မုန့်ကိုလုသွားလို့ပြန်ပေးဖို့တောင်းဆိုနေသောကလေးငယ်လေးတစ်ယောက်လိုအခါခါတောင်းပန်နေသော ချစ်ရသူကလေးအားဖူးမြတ်ကလျာတစ်ယောက်ကြည့်နိုင်စွမ်းမရှိတော့၍ မျက်နှာအားလွှဲလိုက်မိသည်။

“ တို့ကမင်းကိုစေတနာနဲ့ပြောပြတာပါ မင်းသဘောပါနောက်ဆုတ်ဖို့မဆုတ်ဖို့ဆိုတာ အမကိုစောင့်ပေးလို့ကျေးဇူးပဲနော် အမပြန်တော့မယ် ခုကိစ္စကိုလည်းအမပြန်ပြောမှာမဟုတ်လို့စိတ်ချချနဲ့အိမ်ပြန်လိုက်တော့နော်”

  ထိုအခါမှဆုကိုကိုလည်း “ ဟုတ်ကဲ့ပါအမ ခုနက ဆုအော်သလိုဖြစ်သွားရင်တောင်းပန်တယ်နော် အမသက်သာပြီဆိုတော့ ဆုပြန်တော့မယ်နော် ”

  ဖူးမြတ်ကလျာလည်းခေါင်းညိမ့်ပြပြီးနောက်ဆုကိုကိုလည်းပြန်သွားခဲ့သည်။

  အခန်းထဲတွင်ကျန်ခဲ့သော ဖူးမြတ်ကလျာ၏စိတ်ထဲတွင်တော့ အရမ်းချစ်တာပဲလား ကလေးရယ် နာကျင်နေမှာပေါ့နော် အမလည်းထပ်တူပဲ ကလေးရယ် ကလေးနောက်မဆုတ်သလို အမကလည်းကလေးကိုချစ်ဖို့ရွေးချယ်ပြီးပြီမို့ ရှေ့ဆက်တိုးပါရစေကလေးရယ်”
       
    ဖတ်ပေးတဲ့တစ်ယောက်စိတိုင်းကကျေးဇူးတင်ပါတယ်နော်။

အချစ်ဆိုတာ........Where stories live. Discover now