Part-6

12 1 2
                                    

    ဆုကိုကိုလည်းချစ်ရသူအမျိုးသမီးလေးမှာချစ်ရမဲ့သူရှိနေတဲ့ဆိုသောအသိကြောင့်မှိုင်မှိုင်တွေတွေဖြင့်စက်ဘီးလေးကိုလေးပင်စွာနင်းရင်းဖြင့်ပဲအိမ်သို့ပြန်လာခဲ့လိုက်တယ်။
အိမ်ရောက်တော့လည်း ဘယ်သူနဲ့မှစကားမပြောပဲအခန်းထဲမှာအမှောင်ချပီးကြိတ်ငိုနေခဲ့တယ်။
   မနက်ရောက်တော့ထိုးကိုက်နေတဲ့ခေါင်းကိုအသာဖိပီးအိပ်ယာမှအားယူထရတယ်။‌ကျောင်းသွားဖို့ရေချိုးအ၀တ်စားလဲပြီးမနက်စာမစားပဲအိမ်ကသာထွက်ခဲ့လိုက်တယ်။
ကျောင်းရောက်တော့‌ချစ်ရသူလေးကိုတွေ့လိုတွေ့ငြားဟိုရှာဒီရှာဖြင့်လုပ်နေစဉ်
  “ ဟေ့ ဆုကိုကို‌ ဟေ့ ဘယ်သွားမလို့လဲစောင့်ပါအုံးဘာတွေအသည်းအသန်ရှာနေတာလဲပြောပါအုံး”အခန်းဖော်သူငယ်ချင်းဖြစ်သူအတန်းခေါင်းဆောင်ဆိုသူမှလှမ်းအော်၍အနားသိူ့လာသောကြောင့်သူ့‌မေးခွန်းကိုဖြေဖို့ကြိုးစားလိုက်သည်။
 
  “အမ် မဟုတ်ပါဘူးဒီတိုင်းဟိုကြည့်ဒီကြည့်လုပ်နေတာပါ မင်းကရောဘယ်သွားမလို့လဲ”
ဆုကိုကိုလည်းစကားလမ်းကြောင်းလွှဲဖို့ပြင်လိုက်သည်။

ထိုအခါမှအတန်းခေါင်းဆောင်ဆိုသူသည် ဆုကိုကိုပုခုံးအားလက်တဖက်ဖြင့်ဖက်၍ဆွဲခေါ်သွားလေသည်။“ငါကနင့်ကိုလာရှာတာအ မဖြူ၀တ်မှုန်သွယ်တို့နားသွားမလို့ သူတို့ပြောတာဒီတပတ်အပြင်သွားကြမယ်တဲ့ အဲတာနင့်ကိုပါလာရှာတာ အဲ့အကြာင်းပြောကြမှာဆိုတော့လေ ဘယ်လိုလဲလိုက်မယ်မလား”ဆုကိုကိုလည်းသူဆွဲခေါ်ရာနောက်လိုက်ရင်းအပြင်လည်မယ်ဆိုတော့လိုက်ချင်ပေမဲ့စိတ်အခြေနေကမကောင်းတာမို့ ခနတွေဝေသွားပြီး ငြင်းဖို့ပဲဆုံးဖြတ်လိုက်တယ်။

   “တော်ပါပီ ငါဒီအပတ်အိမ်မှာလုပ်စရာလေး‌တွေရှိလို့ မလိုက်တော့ပါဘူးနင်တို့ပဲပျော်ကြပါ ”ထို့သို့ပြောပြီးဆုကိုကိုလည်းအတန်းခေါင်းဆောင်ဖက်ထားသောလက်မှ‌ရုန်းထွက်ဖို့ကြိုးစားလိုက်လေသည်။
 
  ထိုအခါအတန်းခေါင်းဆောင်ဆိုသူမှ“ သေချာလားမလိုက်တော့တာ မမဖြူပါတယ်နော် အဟမ်းသေချာစဉ်းစားအုံးနော်”
စသလိုနောက်သလိုမျက်လုံးဖြင့်ဟိုကြည့်ဒီကြည့်ဖြင့်ပြောလာသောကြောင့် ဆုကိုကိုတယောက်မျက်နှာပူသွားကာ အတင်းထအော်တော့သည်။
  “ဟ့ မမဖြူပါတာဘာ ဘာလုပ်ရမှာလဲ မလိုက်တော့ပါဘူးဆိုဘာလို့အတင်းခေါ်နေတာလဲ အိမ်မှာလုပ်စရာရှိလို့ပါဆို”ဆုကိုကိုလည်းမသိသိလိုဖြင့်စကားတွေအစီလျော်မတည့်စွာဖြင့်ပြောတော့သည်။
     ထိုအခါအတန်းခေါင်းဆောင်မှထရီကာ “ငါလည်းဘာမှမပြောရသေးပါဘူး မမဖြူပါတယ်လို့ပြောပြတာ ဘယ်လိုဖြစ်တာလဲအချောလေးရဲ့မျက်နှာတွေနီနေသလိုပဲနော် အတင်းလည်းမခေါ်ရပါဘူးနော် ရှက်နေတာများနှုတ်ခမ်းနီမလေးတွေမြင်ရင်ကြွေကုန်တော့မှာပဲငါတို့ရဲ့အချောလေးရှက်နေတာကို”
ဆုကိုကိုလည်းမျက်နှာကြီးပိုရဲလာကာရှေ့မှအရင်ထွက်ပြေးသွားရတော့သည်။
  ရှက်ရှက်နဲ့ပြေးတာရှေ့ရောက်တော့၀င်တိုက်ပါလေရော ဆုကိုကိုလည်းလန့်သွားကာတိုက်မိသူ‌ခြေလဲတော့မည်ဆိုး၍ခါးမှဖမ်းထိန်းပေးလိုက်သည်။ ထိုသူကချစ်ရသောအမျိုးသမီးလေဖြူ၀တ်မှုန်သွယ်ပေါ့ ။
  “သိပ်လှတယ် မအဲ့မျက်၀န်းနက်နက်လေးတွေဆံနွယ်လေးတွေကပန်းချီစရာတွေတောင်မဆွဲနိုင်လောက်အောင်သိပ်လှလွန်းတယ်”ဆုကိုကိုလည်းဇာတ်ကားထဲကမင်းသားကမင်းသမီးကိုဖမ်းပေးထားသလိုပုံနဲ့ငေး‌ပါတယ်သိသိသာသာကိုငေးနေတာ ဘေးကအတန်းခေါင်းဆောင်သူငယ်ချင်းကောင်းလေးထအော်မှလူလည်းအသိ၀င်တော့တယ်။
   “အယ်လယ် ကဗျာဆန်ဆန်လေးလဲတဲ့သူတဲ့ကဗျာဆန်ဆန်လေးဖမ်းတဲ့သူနဲ့ ဟုတ်နေတာပဲ ခုတော့ငေးနေတာလေရပ်ကြပါတော့လို့ဘယ်ချိန်ထိဇာတ်ကားရိုက်ကြအုံးမှာလဲ”
ထိုအခါမှနှစ်ယောက်လုံးရှက်ကိုးရှက်ကန်းဖြင့်မတ်တပ်ရပ်လိုက်ကြပြီး ဆုကိုကိုမှစကားစတင်ပြောလိုက်တယ်။

  “အမရရဲ့လား ကို အတွေးလွန်ပြီးလမ်းလျှောက်လာလို့ပါ တောင်းပန်တယ်နော် ဘာမှမထိခိုက်ဘူးမလား ” တိတ်ဆိတ်နေသောအခြေနေကိုဖြိုခွဲလို၍ဆုကိုကိုမှစကားစတင်ပြောလိုက်သည်။
   ဖြူ၀တ်မှုန်သွယ်လည်းကြောင်သွားကာ“ ရ ရပါတယ်အမလည်းမင်းလာတာမမြင်လိုက်လို့ အမဘာမှမဖြစ်ပါဘူးရတယ်နော် ခုကအမတို့ဆီလာတာမလားလာလေဟိုအပင်အောက်သွားပြောကြမယ်”
အားလူံးလည်းအပင်အောက်ရောက်သညိနှင့်တပြိုင်နက် သွားလည်ဖို့အကြောင်းအရာကိုစတင်ဆွေးနွေးတော့သည်။
ဆွေးနွေးပြောဆိုပြီး၍သွားလည်မဲ့နေရာရွေးချယ်ပြီးနောက်ဆုကိုကိုနှင့်သူငယ်ချင်းဖြစ်သူလည်းအခန်းပြန်ဖို့ရန်ပြင်ကြသည်။
နောက်တနေ့မနက်သွားလည်ဖို့ရက်ရောက်လာရာ ဆုကိုကိုတယောက်မလိုက်ဘူးဟုငြင်းထားသောလည်းဖြူ၀တ်မှုန်သွယ်မှမလိုက်ဘူးဟုငြင်းနေသောသူအားအိမ်ထိလာခေါ်ကြတော့သည်။ ဆုကိုကိုလည်းချစ်ရသူအမျိုးသမိးလေးကလိုက်ခဲ့စေချင်တာကြောင့်လိုက်သွားဖို့ပြင်ဆင်ရတော့သည်။
ထို့နောက်ဆင်းလာပါပီရှပ်လက်ရှည်အမည်းကိုရင်ဘတ်ကြယ်သီးဖြုတ်၀တ်ထားပြီး လက်ကိုလည်းတတောင်ထိခေါက်တင်ထားတာစတိုင်ပန့်အမည်းရောင်ဖြင့်ရှုးအဖြူလေးကိုစီးလျက်ဆံပင်ကိုတ၀က်သာစီးနှောင်ပီတ၀က်ချထားသောဆုကိုကို၏ပုံစံမှာတကယ်ကို smartကျလွန်းသည်။
  ဤသည်ကိုမျက်တောင်မခတ်ပဲငေးနေသူကတော့ ဖူးမြတ်ကလျာပေါ့ တယောက်တည်းငေးကာသဘောကျနေတော့သည်။
  တစ်ဖက်တွင်လည်းဂါ၀န်အပြာရောင်လေးနဲ့ချစ်စရာကောင်းအောင်လှနေသောတိတ်တခိုးချစ်ရသူအမျိုးသမိးလေးဖြူ၀တ်မှုန်သွယ်အား ကြည့်ကာသဘောကျနေသောဆုကိုကိုမှာလည်း“ အမကိုဒီနေ့ဖွင့်ပြောပါရစေ မဖြစ်နိုင်တာသိပေမဲ့လည်းနည်းနည်းလောက်လေးစွန့်စားကြည့်ချင်တာမို့ကြိုးစားပါရစေမျက်၀န်းနက်လေးရယ်။အတွေးကိုယ်စီဖြင့်သာလည်ပတ်ခြင်းအစီစဉ်ကိုစတင်လိုက်တော့သည်။

     ဖတ်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။

အချစ်ဆိုတာ........Where stories live. Discover now