2

125K 767 12
                                        

Unicode

ကမ္ဘာအလုပ်လျှောက်တာ ဒီနေ့နဲ့ဆို တစ်လရှိပြီ အခုထိအလာပ်မရသေး။ ကမ္ဘာက တစ်ကာင်ကြွက်တစ်ယောက် ဆွေမရှိမျိုးမရှိ ဖြစ်ပြီးနယ်ကနေတက်လာခဲ့တာ။ ပညာကလည်းတစ်ပိုင်း တစ်စပဲတက်သူမို့ ကျုံရာလုပ်ခဲ့ပင်မဲ့ မခံချင်တဲ့စိတ်ကြောင့် အလုပ်တွေကမမြဲ အလုပ်မရှိတော့ အိပ်လခကလည်းမပေးနိုင်တာသုံးလလောက်ပြီ။

"ဟဲ့ကောင် ငါ့အိမ်လခဘယ်တော့ပေးမှာလဲ မပေးနိုင်ဘူးဆိုလဲ အိမ်ပေါ်ကဆင်း"

"ဒေါ်တုတ်ကလဲဗျာ ကျုပ်အဆင်မပြေသေးလို့ အဆင်ပြေတဲ့အခါပေးမှာပေါ့"

"နင်လိုကောင်က ဘယ်တော့အဆင်ပြေမှာလဲ ငါ့အိမ်မှာတင်ထားရတာအိမ်လေးတယ်ဟဲ့"

"ခင်ဗျားကမြန်းကြီးကြီးကျယ်ကျယ် ခင်ဗျားပိုက်ဆံ ကျုပ်တစ်ရက်နှစ်ရက်နေရင်ပေးမယ် နားကိုငြီးတယ်"

ကမ္ဘာနားငြီးနေတဲ့အဖွားကြီးနဲ့ဆက်မပြောချင်တော့တာမို့ လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့သည်။ အဖွားကြီးကတော့ပွစိပွစိဖြင့်ကျန်ခဲ့လေ၏။

"အကိုရေ ပလိမ်းတစ်ခွက်"

ကမ္ဘာမှာပြီး ဂျောင်ကျကျဝိုင်းမှာဝင်ထိုင်လိုက်ပြီး စာပွဲပေါ်ကသတင်းစာကိုကောက်ဖက်လိုက်သည်။

"ငလိုး..... လစာက10သိန်းတောင်လား ပညာအရည်အချင်းလဲမလိုတဲ့အပြင် နေစရာစရိတ်ငြိမ်း ဘာတဲ့ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်ရမယ်"

ကမ္ဘာစိတ်ဝင်စား၍ စာပိုက်ကိုသေချာလေးဖက်ကြည့်ကာ အလုပ်ကအန္တရယ်များပင်မဲ့ လစာကမောက်လောက်စရာပင်။

"ဘာပဲဖြစ်ဖြစ်ကွာ ချကြည့်တာပေါ့"

ကမ္ဘာဆိုင်ကနေသတင်းစာကိုတောင်းခဲ့ပြီး နောက်နေ့ ထိုအလုပ်ကိုဆက်သွယ်ခဲ့သည်။ လွယ်မယ်ထင်ခဲ့သော်လည်း အဆင့်ဆင့်ရွေးချယ်မှုတွေဖျက်သန်းခဲ့ပြီး နောက်ဆုံး ကမ္ဘာအပါအဝင်လူ5ယောက်သာရွေးချယ်ခံရသည်။

ရွေးချယ်ခံရတဲ့လူတွေဟာ ဝတ်စုံအပြည့်ဝတ်ပြီးနောက် စမ်းသက်ရွေးတဲ့နေရာကနေ အိမ်တစ်အိမ်ကိုသွားခဲ့ရပြီး အကုန်လုံးဟာသတိအနေ အထားနဲ့ရပ်နေရသည်။

 bodyguard and baby bossWhere stories live. Discover now