8

34K 451 16
                                    

အသက်တို့ဘယ်ချိန်ထိအိပ်ပျော်သွားလဲမသိ အသက်ဗိုက်ထဲကအသံတွေမြည်လာကာမှ အသက်တဖြေးဖြေးနိုးလာတော့တယ်။

အသက်တို့ခုထိဘားမှမစားရသေးတာမို့ ဗိုက်ကဆန္ဒပြလေပြီလေ အသက်မျက်လုံးများဖွင့်ကာ ကမ်ဘာကိုမော့ကြည့်လိုက်တော့ ကမ်ဘာက နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေကာ အသက်လဲမနှိုးရက်တာမို့ ကမ်ဘာလက်တွေကိုဖယ်လိုက်ပြီး သူနိုးမှာလဲဆိုးသောကြောင့် ဖြေးဖြေးချင်းအနားကထကာ ခြေလှမ်းဖွဖွလှမ်းကာ အခန်းပြင်ထွက်လာတော့တယ်။

တစ်အိမ်လုံးလဲရှင်းလင်းနေကာ စားစရာနဲ့တူတာဆိုလို့ဘားမှမတွေ့ အိမ်ရှေ့မှာမတွေ့တော့ အိမ်အနောက်မှာမြန်းရှိမလား သွားမိပါတယ် ပြောင်သလင်းခါလို့ အသက်ဗိုက်ကလဲနည်းနည်းအောင့်လာတာမို့ အိမ်နောက်လေးမှာပဲ ငုတ်တုတ်လေးထိုင်နေလိုက်တော့တယ်။

ကမ်ဘာဖက်ထားတဲ့အနွေးဓာတ်လေးမရှိတော့တာနဲ့ ကမ်ဘာလဲလန့်နိုးလာပြီး သေချာပေါက် အသက်ကအနားမှာရှိမနေတော့တာမို့ အိပ်ယာပေါ်ကဝုန်းကနဲ့ထကာ အပြင်ပြေးထွက်လာတော့သည်။

ကမ်ဘာအိမ်ရှေ့ကိုကြည့်တော့ ဘယ်သူမှမတွေ့တာနဲ့ သူရင်ထဲဒိုင်းကနဲဖစ်ကာ ပူထူသွားတော့တယ်။ကမ်ဘာသူ့ခေါင်းကဆံပင်တွေကိုဆွဲလိုက်ရင်း အိမ်ရှေ့ကနေ အိမ်နောက်ဘက်ကိုထက်ပြေးရှာတော့ အိမ်နောက်မှာငုတ်တုတ်လေးထိုင်နေသော သူ့အသက်လေးက ကိုယ်တုန်းလုံးနဲ့ သူ့ကိုယ်သူလဲငုံကြည့်လိုကတော့ သူ့မှာလဲအဝတ်တွေကပ်မနေ ဒါကိုလဲသူဂရုမစိုက်နိုင်စွာ အသက်ရှိရာကိုပြေးသွားလိုက်ပြီး အသက်ကိုယ်လေးကိုဖက်ထားလိုက်သည်။

"ထားခဲ့ပြီထင်နေတာ မောင်ရူးတော့မလိုပဲကွာ"

"ဘာလို့ငါကမောင့်ကိုထားခဲ့ရမှာလဲ ငါဗိုက်ဆာလို့အပြင်ထွက်လာတာပါ"

"မောင့်ကိုဘာလို့မပြောတာလဲ မောင့်ကိုနှိုးလိုက်ယောပေါ့"

ကမ်ဘာအသက်မျက်နှာလေးပေါ်က ဆံပင်ဝဲဝဲလေးကိုသပ်တင်လိုက် မျက်နှာလေးကိုသေချာကြည့်တော့ အနည်းငယ်ရှုံ့မဲ့နေလေသည်။

"အရမ်းဆာနေတာလား အသက် မောင်တို့အိကျႌဝတ်ပြီး ဦးလေးတို့အိမ်မှာ ဘာရှိလဲမသိဘူး သွားကြည့်ရအောင်"

 bodyguard and baby bossWhere stories live. Discover now