Unicode
"ကျေနပ်လား ခင်ဗျားမကျေနပ်သေးရင်ထက်ရိုက်လို့ရတယ်"
"ထွက်သွား ငါ့ရှေ့ကအခုချက်ချင်းထွက်သွား "
"မသွားဘူး ကျုပ်ဘာလို့အခုလုပ်လဲ ခင်ဗျားသိလား"
ကမ္ဘာရင်ထဲတစ်ဂယ်မခံစားနိုင်တော့ပါ သူ့လုပ်ရက်ကမှားပင်မဲ့လည်း တစ်ခြားသူနဲ့တွေ့လိုက်ရတာ သူအရမ်းကိုနာကျင်ရတယ်။
"မသိချင်ဘူး.."
"ချစ်လို့ ကျုပ်ခင်ဗျားကိုချစ်မိသွားလို့"
"မင်းဘာတွေပြောနေတာလဲ..."
အသက်ကိုယ်နားကိုတောင်မယုံနိုင်ဘူးဖြစ်သွားတယ် သူကအသက်ကိုချစ်တယ်တဲ့လား။
"ကျုပ်ခင်ဗျားကိုမြင်မြင်ချင်းချစ်မိသွားတာ ချစ်တယ် ကျုပ်ခင်ဗျားကိုအရမ်းချစ််တယ်"
"မပြောနဲ့!!....ဆက်မပြောနဲ့"
အသက်နားနှစ်ဖက်ကိုပိတ်ကာ အော်ဟစ်ပြစ်လိုက်သည်။ အသက်ဘဝမှာ တစ်ခါးမှချစ်တယ်လို့အပြောမခံရဘူးဘူး အသက်ဘဝပထမဆုံးပေးဆပ်ခဲ့တဲ့ ဦးရှန်းကတောင်အသက်ကိုချစ်တယ်လို့တစ်ခါးမှမပြောခဲ့ဘူးလေ။ ဝမ်းနည်းတယ် ရင်ဘက်ထဲကလည်းနာသည်။
ကမ္ဘာအစထဲကဘာကိုမှပြန်ပြီးမမျှော်လင့်ထားပါဘူး။ သူခံစားချက်ကိုသိစေချင်ရုံသက်သက်ပဲ ပြီးတော့သူတို့ဘဝနှစ်ခုကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတာဝန်ကဒီလူကိုစောင့်ရှောက်ဖို့ပဲမို့ နောက်ဆိုအဆင့်မတက်မိအောင်သူဆင်ခြင်ရမည်။
"ဒီမှာအဝတ်တွေ ဝတ်လိုက်အုံး"
ကမ္ဘာဟိုနေ့ကဝယ်ထားတဲ့အထုပ်ကကားထဲမှာရှိတာမို့ လှမ်းယူပြီးပေးလိုက်သည်။ အဝတ်တွေလဲပြီးအိမ်ပဲပြန်မယ်ပြောလို့ ကမ္ဘာကားကိုအိမ်ပဲပြန်မောင်းခဲ့ကာ နှစ်ယောက်သားဘာစကားမှမပြောခဲ့ကြပေ။
အိမ်ရောက်တာနဲ့ အသက်ကားပေါ်ကပြေးဆင်းလာကာအပေါ်တက်သွားသည်။
"အကိုလေးဘာဖြစ်သွားတာလဲ ဘာလို့ငိုပြီးပြေးထွက်သွားတာလဲ အကို"
အိမ်အကူကောင်မလေးရဲ့အမေးကို ကမ္ဘာခေါင်းခါပြလိုက်ပြီး ကားသန့်ရှင်းရေးလုပ်ရမှာမို့ အဝတ်သွားလဲလိုက်သည်။

YOU ARE READING
bodyguard and baby boss
Action18+စကားလုံးတွေအတိတကျဖော်ပြထား၍အသက်ပြည့်ပြီးသူများသာဖက်ရှုပေးကြပါ ဖက်ချင်တယ်ဆိုလဲဖက်လို့ရပါတယ် လိင်အသားပေးစိတ်ကူးယဉ်ဇတ်လမ်းမို့အတုယူစရာဘားမှမရှိပါဘူး