15

29.6K 407 11
                                    


"ပါးပါး!!!!......ပါးပါး!!"

"သား!.....ပြန်လာပြီလား ပါးပါးဝမ်းသာလိုက်တာ"

ဦးသက်ပိုင်ဒိနေ့ခေါင်းနောက်နေ၍ အလုပ်မသွားပဲအိမ်မှာနားနေရာ မထင်မှက်ပဲသူ့သားခေါ်သံကြောင့် ပျော်ရွှင်သွားရပြီး သားအနားသွားပြီး ဝမ်းသာလို့ဖက်မယ်ကျံတော့ သူ့သားက မျက်ရည်တွေနဲ့သူ့ကိုရှောင်ဖယ်လေသည်။

"ပါးပါး ရက္စက္လိုက္တာ ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ ဘာလို့သားကိုလိမ်ခဲ့တာလဲ"

"ဘာကိုလဲသား ဘာကိုပြောနေတာလဲ"

"အသက်အကုန်သိပြီးပြီပါးပါး လုပ်ရက်လိုက်တာ သားမှာဒီငါးနှစ်လုံးလုံးသမီးလေးကြောင့်အမြဲပူဆွေးနေရတာ အသက်အသုံးမကျခဲ့လို့ဆိုပြီး ကို့်ကိုယ်ကိုအပြစ်တွေတင်ခဲ့တာ အသက်ညယ်လောက်တောင်ပင်ပန်းခဲ့ရလဲ ပါးပါးသိလား အဟင့်"

အသက္က သူ့အဖေကိုမျက်ရည်တွေကျပြီးပြောနေကာ ဦးသက်ပိုင်လဲသားမျက်ရည်တွေကြာင့် သူပါမျက်ရည်တွေကျလာသည်။

"မင်းတစ်ယောက်ထဲလို့ထင်တာလား မင်းတစ်ယောက်ထဲခံစားရတယ်ထင်တာလား မင်းပျောက်သွားထဲကငါ့မှာပူဆွေးပြီးလိုက်ရှာခဲ့ရတာ ပြန်တွေ့တော့အသက်လုနေရတဲ့အချိန်ကြီး ငါကယောဖအေတစ်ယောက်အနေနဲ့မခံစားရတော့ဘူးလား ငါလုပ်ခဲ့တာတွေကမှားရင်မှားမယ် ဒါပင်မဲ့မင်းအနာဂတ်အတွက်ငါလုပ်ခဲ့တာ"

" ငယ်ငယ်ထဲကထူးဆန်းတဲ့ကလေးမကောင်းဆိုးဝါးမင်းကြောင့်မင်းအမေသေရတာဆိုပြီး မင်းအမေတစ်မျိုးလုံးကမင်းကိုစွန့်ပြစ်ခိုင်းခဲ့တဲ့ကြားက ငါသူတို့နဲ့မွေးရာကိုမင်းကိုခေါ်ထုပ်လာပြီး ငါတစ်ယောက်ထဲစောင့်ရှောက်ခဲ့တာ ငယ်ငယ်ထဲကမင်းကိုဂရုမစိုက်ခဲ့တာမဟုက်ဘူး ငါ့သားကိုဘယ်သူမှမနှိမ်ရဲအောင်ထားနိုင်ဖို့ ငါကြိုးစားခဲ့တာ မင်းကိုဗိုက်တစ်လုံးနဲ့ ဆေးရုံမှာတွေ့လိုက်ရတော့ ငါရင်တွေကွဲမတက်ပဲ အဲ့အချိန်ကငါမင်းဇောနဲ့အမှားတွေလုပ်မိခဲ့တယ် ငါမှားမှန်းသိတဲ့အချိန်က အရမ်းကိုနောက်ကျခဲ့ပြီ"

ပါးပါးစကားတွေကြောင့် အသက်ရင်ထဲပိုပိုဝမ်းနည်းလို့လာတယ်။ တစ်ချို့အကြာင်အရာတွေကသူမသိခဲ့သလို ပါးပါးကတစ်ခါးမှလဲမပြောပြခဲ့ဘူးဘူး။ ပါးပါးကမှားမှန်းသိပြီဆိုကာ တော်တော်လေးဝမ်းနည်းသလို အသက်လဲအဖြစ်မှန်တွေသိလိုက်ရတော့ တော်တော်တုန်လှုပ်ဝမ်းနည်းသွားတော့သည်။

 bodyguard and baby bossOnde histórias criam vida. Descubra agora