4

65K 527 18
                                    

နေရောင်ခြည်ရဲ့အလင်းရောင်က လိုက်ကာကြားမှတိုးဝင်လာကာ အသက်မျက်နှာတည့်တည့်ကိုထိုးလာတော့တယ်။ အသက်မျက်ခုံးတွေကိုကျုံ့ထားလိုက်ပြီးအိပ်ယာကလူလဲထလိုက်ကာ တစ်ကိုယ်လုံးလဲညောင်းကိုက်နေတာမို့ ရေချိုးရန်ရေချိူးခန်းထဲဝင်လိုက်တော့...

"fu*k....ဘာတွေလဲ "

အသက်တစ်ကိုယ်လုံးကို်က်ရာတွေညိုမဲ့စွဲနေတော့တယ် ဟိုခွေးသတောင်းစား လူကိုဘယ်လောက်တောင်လုပ်သွားလဲမသိ။ ပါးပါးမြင်ရင်တော့စောက်ပြသနာတွေအကြီးကျယ်တက်တော့မှာပဲ။ အသက်တစ်ကိုယ်လုံးသန့်ရှင်းရေးလုပ်ပြီး ပြန်ထွက်လာကာ ကိုက်ရာတွေမပေါ်စေဖို့ လက်ရှည်နဲလည်ပိတ်အကျႌကိုမနည်းရှာဝတ်ကာ အောက်ထက်သို့ဆင်းလာတော့တယ်။

"ဟော သားတောင်နိုးလာပြီပဲ ပါးပါးနဲ့မနက်စာလာစားလေ "

အသက်ထမင်းစားပွဲမှာပါးပါးနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ပြီး ကော်ဖီကိုသာငုံသောက်လိုက်တယ်။

"သားနေမကောင်းဘူးလား အိကျႌလက်ရှည်ကြီးနဲ့"

"သားရေချိူးတာနည်းနည်းကြာသွားတာ အေးနေလို့ပါဒယ်ဒီ သားနေကောင်းပါတယ်"

ပါးပါးကိုလိမ်လိုက်တော့ ပါးပါးကယုံသွားပုံပဲဘားမှဆက်မမေးတော့။

"ဒါနဲ့ သား ဘော်ဒီကဒ်နဲ့ရောအဆင်ပြေရဲ့လား မပြေရင်ပါးပါးအသစ်ရှာ..."

"အဆင်ပြေပါတယ်ပါးပါး ထက်မရှာပါနဲ့တော့ "

ပါးပါးစကားမဆုံးခင် အသက်ဝင်တားလိုက်ကာ သူဘာလို့ပြောလိုက်မိမှန်းမသိ သေချာတာကတော့ သူအာရုံမနောက်ချင်လို့ပဲဖြစ်မှာပါလေ။ လူတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတာ စိတ်ရှုတ်ဖို့ကောင်းတယ်မဟုက်လား။

"ကဲ ဒါဆိုပါးပါးရုံးသွားလိုက်အုံးမယ် သားဒီနေ့ယော ကျောင်းသွားဖို့အစီစဉ်ရှိလား"

"ဟီး....သားသွားလိုက်ပါမယ်"

အသက်ကျောင်းမသွားတာတောင်ကြာပြီဖြစ်တယ် အသက်တက်တဲ့ University ကပါးပါးအထောက်အပံ့များစွာရှိတဲ့အပြင် သူငယ်ချင်းပိုင်တာမို့ သိပ်တော့ကိစ္စမရှိ ဒီနေ့တော့ကျောင်းသွားရမယ်။

 bodyguard and baby bossWhere stories live. Discover now