140.2.ကောင်းကင်နဲ့​မြေကြီး အစိတ်စိတ်ကွဲအက်

1.1K 125 1
                                    

လီမင်တိက သူမကို စိုက်ကြည့်နေပေမယ့် သူ့မျက်ဝန်းထဲမှာတော့ စိတ်ပူပန်မှုတစ်ခု ရှိနေတယ်။

"မင်း ဘယ်သူ့ကိုမှ မြင်းစီးပြီး လေးပစ်ဖို့ အစောပိုင်းတည်းက ကတိမပေးခဲ့သင့်ဘူး!"

လီ​ဝေ့ရန်က သူမဘာသာသူမရယ်မောနေသော်လည်း

"တို့တွေ မြို့တော်ထဲမှာ နေခဲ့ရင် ငလျင်လှုပ်မှာ မဟုတ်မှာကျလို့ကွယ်? ဒါက တခြားသူအပေါ် မင်းရဲ့ ဒေါသကို ပုံချ​​နေတာပဲ အိုက်ယား!"

သူမက ရုတ်တရက် အော်လိုက်မိတယ်။ ထို့​နောက် သူမက မျက်မှောင်ကြုတ်ကာ “အသာလုပ်” ဟုဆိုလိုက်သည်။

လီမင်တိက အမြန်လွှတ်ပေးလိုက်သည်။ 

"မင်းခြေထောက်ကို စောစောစီးစီးဒဏ်ရာရတုန်းက ဘာမှမပြောနဲ့လို့ ဘယ်သူကပြောထားလဲ" 

သူ့မျက်ဝန်းတွေက အနည်းငယ်နီရဲနေပြီး ဆံပင်တွေ ရှုပ်ပွနေကာ သူ့မျက်နှာမှာ အနက်ရောင်ရွှံ့တွေ ရှိနေတယ်။ သူကြည့်ရတာ အရမ်းစိတ်ညစ်နေပုံရတယ်။

လီဝေ့ရန်က မသိလိုက်ဘာသာ ပြုံးလိုက်တယ်။ သူမသည် လီမင်တိ၏မျက်နှာကို ထိကိုင်ကာ သူ့အတွက် သုတ်ပေးလိုက်သည်။

"မင်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်ပါဦး! ဒါကို မင်းကို သဘောကျ​နေတဲ့ ကောင်မလေးတွေကို တို့ မြင်စေချင်စမ်းပါသဘိ.. သူမ​လေးတို့တွေ တကယ်ကို သေလောက်အောင်ရယ်နေကြလိမ့်မယ်"

သူက မျက်​မှောင်ကြုတ်ထားလျက်ပင် သူမရဲ့အကြည့်တွေကို ရှောင်လိုက်ပြီး

“အစ်မကြီးတစ်ယောက်ရဲ့ မောက်မာမှုမျိုးကို မင်းကအမြဲပြသနေတယ်။ ကျွန်​တော်က မင်းထက်ငယ်တာမဟုတ်ဘူးဆိုတာ မင်းကောင်းကောင်းသိရဲ့နဲ့။ ဒီလိုအ​ခြေအ​နေမှာတောင် မင်းက ကျွန်​တော့်ကို ရယ်စရာလုပ်နေနိုင်သေးတယ်။ မဟုတ်ရင် မင်း စိတ်မချမ်းသာဘူး ဟုတ်တယ်မဟုတ်လား?"

လီ​ဝေ့ရန်သည် သူမ၏အတွေးများကို အလွယ်တကူ ထိုးထွင်းမြင်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သူမသည် ခဏတာ စကားမပြောနိုင်တော့ပေ။ တကယ်ပဲ သူနဲ့ ပထမဆုံးအကြိမ် ၂ကိုယ်တည်း အတူရှိနေရတာဆို​တော့ သူမလည်း ဘာပြောရမှန်းတောင် မသိတော့တာမို့ စိတ်​အေးလက်​အေးမျက်နှာထားဖြစ်စေဖို့ သူ့ကို ကျီစယ်နေတာပင်။

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeWhere stories live. Discover now