142.2.ကြောက်မက်ဖွယ် ဘေးဆိုးကြီး

966 117 4
                                    

"လာကွယ် မြန်မြန်လာပါဦး"

သူမသည် လီဝေ့ရန်ကို အလွန်သဘောကျပြီး နဝမမင်းသမီးကလည်း သူမကို အလွန်နှစ်သက်သည်။ သူမသည် ယနေ့တွင် နဝမမင်းသမီးအတွက် ခန်းဝင်ပစ္စည်းအချိုကို ရွေးချယ်ပေးချင်ခဲ့ခြင်းဖြစ်သည်။ ယွေ့မိဖုရားကြီးသည် ကံမကောင်းစွာဖြင့် နာမကျန်းဖြစ်နေပြီး ဧကရီကလည်း အလွန်အလုပ်များနေသဖြင့် နဝမမင်းသမီးသည် လီဝေ့ရန်အားအကြံပေးတစ်ဦးအဖြစ် ဆောင်ရွက်ပေးရန် စ၍အဆိုပြုပေးခဲ့ခြင်းဖြစ်သည်။ ဒါသည် ထုံးတမ်းစဉ်လာများနှင့် မကိုက်ညီသော်လည်း မယ်​တော်ကြီးစိတ်ပျော်နေသရွေ့ အရာအားလုံးက အဆင်ပြေတယ်​လေ။

မယ်​တော်ကြီးက ခေါင်းညိတ်ပြလိုက်တော့ နံဘေးတွင် ရပ်နေသော ပွဲလမ်းသဘင်စီစဥ်ပေးရ​သော မိန်းမစိုးတစ်ဦးက ဆက်လက်၍ ရွတ်ဖတ်ပြလာသည်။

"ဆတ်ခ​လောက်သားမွေးစောင်တစ်စုံ၊ မြေခွေးသားရေစောင်တစ်စုံ၊ တန်ဆာဆင်ထားတဲ့ စပါးအုံးသားရေဖဲစောင်၊ တောက်တောက်​ပြောင်ပြောင် ဖဲစောင်ရှစ်စုံ၊ ခေါင်းအုံးဆယ့်နှစ်လုံး၊ ခန်းဆီးစင်တစ်လုံး၊ ခြင်ထောင်စင်တစ်လုံး၊ မျက်နှာကြက်တစ်စုံ၊ တတိယတန်းရွှေ၅၀လျံ၊ သတ္တုအပေါ့သား ၅၀လျံ၊ ငွေတစ်သောင်းလျံ၊ ဖဲပိုးထည်စ အလိပ်တစ်ထောင်၊ အပြာရောင်ဝါဂွမ်း ချည်အလိပ်နှစ်ထောင်"

နဝမမင်းသမီးသည် မနက်အစောကြီးကတည်းက အိပ်ရာထခဲ့ရသည်။ သူမ၏ ခန်းဝင်ပစ္စည်းများကို ယွေ့မိဖုရားကြီးက သေချာစဉ်းစားပြီးပေးထားသည်ဟု ထင်နိုင်သော်လည်း မယ်​တော်ကြီးသည် မမျှော်လင့်ပဲ သူမအား တန်ဖိုးထားသည့် အရာများကို ကိုယ်တိုင်ရွေးချယ်ရန် အလိုရှိနေခဲ့သည်။ ဒီလိုမျက်နှာသာ​​ပေးရှိတာမျိုးကို တစ်ခါမှ မတွေ့ဖူးသေးတဲ့အတွက် သူမကဘယ်လောက်ပင်ပန်းပြီး စိတ်မရှည်ဖြစ်နေပါစေ ဆက်တိုက်ပြုံးပြီး နားထောင်နေရတယ်။

တစ်နာရီထက်မနည်း ဖတ်ပြီးသောအခါတွင် စာရင်း၏၄ပုံ၁ပုံကိုသာ ဖတ်ပြီးသေးသည်။ မယ်​တော်ကြီးသည် သက်ပြင်းတစ်ချက်ချကာ သူမ၏နားထင်ကို နှိပ်နယ်လိုက်ပြီး

"နားထောင်ရတာ တကယ်ကို ခေါင်းကိုက်စရာပဲ။ ဝေ့ရန် ဘာတွေက ထည့်ဖို မသင့်တော်ဘူးလိုထင်လဲကွယ်?"

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeWhere stories live. Discover now