144.1 ရေနစ်သူဝါးကူထိုး

543 76 8
                                    


သူမသည် ဆိတ်ဆိတ်နေခဲ့ပြီး လီ​ယွမ်ဟန့်က သူမခါးပိုက်ထဲမြွေတစ်ကောင်ကိုထည့်ထားနိုင်ခဲ့သည်ဟု တွေးထင်​စေခဲ့ပြီး ကျောင်းဟွာသည် အောင်နိုင်သူဖြစ်၍ အရာအားလုံးကိုသူ့လက်ထဲတွင် ထည့်ထားရင်း လီဝေ့ရန်ကို အဆုံးစွန်ထိ ပြိုလဲသွားစေရန် စောင့်ဆိုင်းနေရုံသာဟုထင်ခဲ့​သော်လည်း တကယ်တမ်းတွင်တော့ သူမက လီယွမ်ဟန့်ကို လွတ်မြောက်သွား​စေရန်ပင် အစီစဉ်ချထားခဲ့တာပင်။ မို​ဖေ့ပြည်ကို ဆိုးရွားစွာရှုံးနိမ့်စေကာ သူနှင့်လီယွမ်ဟန့်ကို သေရာပါရန်သူများ ဖြစ်လာစေသည်။ ကျောင်းအိမ်​တော်ထိန်းက ရုတ်ချည်းအစအနမရှိ​ပျောက်ကွယ်သွားသည့်ညကတည်းကသူ ခန့်မှန်းခဲ့မိသင့်တယ်။ လီ​ဝေ့ရန်သည် သူ​၊​ကျောင်းဟွာက အရာအားလုံးကိုစီစဉ်ထားကြောင်း လီယွမ်ဟန့်က ထင်မြင်သွားစေရန် ကြံစည်ခဲ့တာပဲဖြစ်ရမည်။ အကျိုးဆက်တွေအ​နေဖြင့် လီယွမ်ဟန့်သည် ကျောင်းမိသားစုဝင်​တွေကို ဒေါသတွေပြေ​​ပျောက်အောင်သတ်ပစ်လိုက်ပေမယ့် ကျောင်းဟွာကိုရှင်ကျန်ရစ်​စေခဲ့ကာ သူပြုစုပျိုးထောင်ခဲ့တဲ့ လျှို့ဝှက်လူသတ်သမားများက သူချစ်ရ​သောလူတိုင်းကို သတ်ပစ်ခဲ့တယ်ဆိုတာ မြင်​စေခဲ့ရ၏....

ကျောင်းဟွာ၏အရင်းနှီးရဆုံး​သောဆွေမျိုးသားချင်းများက သူလေ့ကျင့်ထားတဲ့ လူသတ်သမားတွေရဲ့လက်ချက်နဲ့ တကယ်သေသွားရပြီ...ဟားဟားဟား...ဒါ​လောက်ရယ်ရတာဘယ်မှာများရှိနိုင်ဦး​တော့မလဲ!

လျောင်ချန်ချင်းသည် ကျောင်းဟွာက အရူးတစ်ယောက်လို အသွင်အပြင်ဖြစ်​နေသည်ကိုကြည့်​နေမိသည်။ ကျောင်းဟွာသည် ယိမ်းထိုး​နေသဖြင့် သူ့လူများကို အမြန်ရှေ့တက်၍ကူညီ​ပေးရန်အမိန့်ပေးလိုက်သော်လည်း ကျောင်းဟွာက သူ၏ ခွန်အားသည် အလွန်ကြီးမားသဖြင့် မထိန်းနိုင်ဖြစ်ရသည်။ ထို့​နောက်သူသည်  ရုတ်တရက် အခန်းအတွင်းဘက်သို့ လျှောက်သွားကာပြန် ထွက်လာသောအခါတွင် သူ့ဝတ်ရုံလက်တွင် မီးတွေစွဲကပ်​နေကာ အပြာနုရောင် မီးတောက်က ချက်ချင်းလောင်ကျွမ်းသွားပြီး မကြာခင်မှာပဲ ကျောင်းအိမ်တော်က ကုတင်၏လိုက်ကာစများပါ မီးလောင်သွားပြီး ကျောင်းဟွာက မီးတောထဲဇွတ်တိုး​နေသည်။

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeWhere stories live. Discover now