143.1.ကျောင်းမိသားစုပျက်သုဥ်းရ

1.1K 112 4
                                    

မယ်တော်ကြီးက သက်ပြင်းချလိုက်ပြီး "လျူမယ်မယ်ကြီးကို နန်းတော်ဆီ ခေါ်လာဖို့​လူ​တွေကိုပြောလိုက်"

မိန်းမစိုးက ပျာပျာသလဲအစီရင်ခံတော့သည်။

"အရှင့်သားက လျူမယ်မယ်ကြီးကို နန်းတော်ထဲသို့ ကိုယ်တိုင်ကိုယ်ကျလာ​ရောက်ပို့​ဆောင်သွား​ပေမယ့် မယ်​တော်ကြီးသိရင်ထိတ်လန့်သွားမှာစိုးလို့ တစ်စုံတစ်​ယောက်ကို အရင်​ရှေ့​ပြေးသတင်းပို့​စေတာပါ"

မယ်​တော်ကြီးသည် ခေါင်းညိတ်ပြပြီး လီဝေ့ရန်ကို ကြည့်လိုက်သောအခါ ခေါင်းကိုက်ခြင်းကို မခံစားရဘဲမ​နေနိုင်ဖြစ်ရသည်။ မယ်​တော်ကြီးအ​နေနဲ့ ဝေ့ရန်ကို ဒီကိစ္စ​တွေမကြားစေချင်တော့ဘူး။ သူမ၏နှလုံးသားက ဝေ့ရန်ကို အမြန်ပြန်လွှတ်စေလိုပြီ။ ဒီ​နောက်မှာမှ လီ​ဝေ့ရန်ကို ဒီအ​ကြောင်းစကားမဆို​စေဖို့ ညွှန်ကြားရ​ပေမည်။ သူမက ဝေ့ရန်ကိုပြန်သွား​စေဖို့ ပြောမလို့ပဲရှိ​သေး လျူမယ်မယ်ကြီးက ဝင်လာမယ်ဆိုတာ ဘယ်သူသိပါ့မလဲ။

လျူမယ်မယ်ကြီးက မယ်​တော်ကြီးအားနှုတ်ဆက်ဂါရဝပြုလိုက်​တော့ နန်းတွင်းသူက သူမကိုထလာ​စေရန်တွဲကူ​ပေးလိုက်တယ်။ သူမ၏မျက်လုံးတွေမှာ တောက်လောင်နေတဲ့ မျက်ရည်တွေပြည့်လျှံ​နေသည်ကို​တွေ့လိုက်ရသည်။ နားမလည်နိုင်သောဘေးဥပဒ်တစ်ခုကိုကြုံတွေ့ပြီးနောက် သူမမှီတွယ်ရာသူအား မြင်တွေ့ရခြင်းမှာ တကယ့်ကို ဝမ်းသာစိတ်ဖြစ်ရ​တော့တယ်။ ထို့ကြောင့် သူမသည် ငိုလုမတတ် မယ်​တော်ကြီးထံသို့ ပြေးသွားလေသည်။

လျူမယ်မယ်ကြီးသည် ဤကဲ့သို့ကြောက်လန့်နေသည်ကိုမြင်လိုက်တော့ နဝမမင်းသမီးကအနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။  သူမ၏မသိစိတ်က လီ​ဝေ့ရန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဝေ့ရန်သည် လျူမယ်မယ်ကြီးကိုသာ လေးနက်သောအမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်သဖြင့် သူမဘာတွေးနေမှန်း မသိရပေ။ နဝမမင်းသမီးက အံသွားကိုက်လိုက်မိသည်။ သူမသည် အိမ်​ရှေ့စံနှင့် တတိယအစ်ကိုတော်တို့ကို ထည့်မတွက်တော့ဘဲ ယခုအချိန် ချို့တဲ့သောအနေအထားတွင်ရှိနေသည့် သတ္တမအစ်ကိုတော်အား ကူညီပေးဖို့ဆုံးဖြတ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သတ္တမအစ်ကို​တော်ဖြစ်သူက သူမအား ကောင်းမွန်သောအလုပ်တစ်ခုလုပ်ရန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့သည်မလား။ သူမသည် လီ​ဝေ့ရန်၏စီစဉ်မှုများကိုလိုက်နာပြီး ဆုံးဖြတ်ချက်ချရမည်ပင်။ စိတ်သ​ဘောထားတခဏတာယိမ်းယိုင်မှုလေးကြောင့် စိတ်လျှော့သွားလို့မဖြစ်​ပေဘူး။ ဒီ့ပြင် အိမ်​ရှေ့စံပဲဖြစ်ဖြစ် ထော့ပါကျန်းပဲဖြစ်ဖြစ်၊ သူတို့အားလုံးက သူမရဲ့ အိမ်ထောင်ရေးကို စိတ်နှလုံးကောင်းမထားပေးကြဘူးဆိုတာ သိသာတယ်။ သူမ၏မယ်​တော်ကလည်း သူမကို ထပ်ခါထပ်ခါ သတိပေးခဲ့​သေးသည်။ ယခုမှစ၍ သူမသည် ထိုလူနှစ်ယောက်ကို ဆွေမျိုးများအဖြစ် တုံးတုံးအအ မဆက်ဆံသင့်တော့ပေ။ နဝမမင်းသမီးသည် ရိုးရှင်းသော်လည်း သူတို့သည် ရိုး​ဖြောင့်သူများမဟုတ်ပေ။ သူမသည် နာကျည်းမှုကို​ဖိနှိပ်ကာ

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeWhere stories live. Discover now