141.1.အ​ယောင်ပြတိုက်ခိုက်မှုကိုပြင်ဆင်

905 95 1
                                    

ထော့ပါယုလား? လီ​ဝေ့ရန်၏အကြည့်သည် ခဏတာမျှပင် လျစ်လျူရှုလိုက်မိသော်လည်း သူမက အလျင်စလိုမဖြစ်ဘဲ

"အိုး၊ သတ္တမမင်းသားက ဘာဖြစ်လို့များလဲ"

"ကျန်းတိ​ဖေးမိဖုရားကြီး ဆုံးပါးသွားပြီး​တဲ့​နောက် အစ်ကို​တော်က ကျန်းမိဖုရားကြီးရဲ့နန်းဆောင်မှာပဲ စောင့်ကြပ်​နေရင်း အပြင်ထွက်ဖို့ ငြင်းဆိုခဲ့တဲ့အပြင် ဘယ်သူ့ကိုမျှ သင်္ဂြိုလ်ခွင့်မပြုခဲ့ဘူးတဲ့။ အစ်ကို​တော်က မြေငလျင်မလှုပ်မချင်း ကျန်းတိ​ဖေးမယ်မယ်မိဖုရားရဲ့အလောင်းကို ဖက်တွယ်ထားပြီး ကိုင်ထားတုန်း။ နောက်တော့ တိုင်ပြိုကျလာတာနဲ့ အစ်ကို​တော် ဒဏ်ရာရသွားလို့ သက်​တော်စောင့်တွေက သူ့ကို အတင်းကယ်ထုတ်လိုက်ရတယ်"

နဝမမင်းသမီးရဲ့ မျက်နှာက အလွန်စိတ်မသက်မသာဖြစ်နေသည်။

"ဒါပေမယ့် သူက...နေ့တိုင်း အဖျားကြီးပြီးမူးလဲတာအပြင် အိပ်ရာကနိုးလာရင်တောင် ဆေးသောက်ဖို့ ငြင်းဆန်နေတုန်းပဲ။ ဒါကို ခမည်းတော်ဆီသတင်းပေးပို့ချင်ပေမယ့်၊ ခမည်းတော်ဧကရာဇ်နဲ့ မယ်တော်ဧကရီတို့က ငလျင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအတွက် စိတ်ပူပန်နေကြရတယ်လေ။ တို့အ​နေနဲ့ သူတို့ကို ပိုစိုးရိမ်စေဖို့မလုပ်​ချင်​တော့ဘူး။ ဒါပေမယ့် တို့မှာတခြား ရွေးချယ်စရာလည်းမရှိဘူး!"

နဝမမင်းသမီး၏မျက်လုံးများတွင် မျက်ရည်များ အလိုအလျောက် ပေါ်ပေါက်လာသည်။ လီဝေ့ရန်စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် မျက်ရည်များကိုသုတ်ပစ်ရန် သူမ၏ဝတ်ရုံလက်ကို အမြန်ဆွဲတင်လိုက်သည်။

"သတ္တမအစ်ကို​တော်က အမြဲတမ်းလိုလို သန်မာပြီးတော့ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ငလျင်လှုပ်တုန်းကလည်း သူကပ်သီး​လေးလွတ်မြောက်ခဲ့တာ! ဒါပေမယ့် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူ​တော့ သေဖို့ပဲ စောင့်နေရ​တော့မယ်"

လီ​ဝေ့ရန်က နှုတ်ခမ်းကိုစေ့ထားရင်း ပြုံးလိုက်ပြီး သူမရဲ့အမူအရာက ပြုံးလိုက်ပြီး

"မင်းသမီး၊ နာကျင်ကိုက်ခဲမှုတွေကို ကုသဖို့ကနှလုံးသားအတွက် ဆေးလိုအပ်တယ်။ တို့က ကျန်းတိ​ဖေးမယ်မယ်ကို အသက်ပြန်ရှင်အောင် ဆောင်ကျဉ်းပေးနိုင်မယ့် နည်းလမ်း မရှိမှ​တော့ တို့ကို ရှာ​တော့​ရော ဘာအကျိုးရှိလဲ?"

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeKde žijí příběhy. Začni objevovat