142.1.ကြောက်မက်ဖွယ်​ဘေးဆိုးကြီး

915 120 4
                                    

နဝမမင်းသမီး၏ဝင်သက်ထွက်သက်တိုင်းတွင် ​သေရည်ရနံ့များဖြင့်ပြည့်နှက်နေပြီး သူမ၏ မျက်နှာသည် မူးဝေကာနီမြန်းနေသည်။ သူမ၏မျက်လုံးများတွင် မျက်ရည်များသည် ရုတ်တရက် လျှံထွက်လုနီးပါးပြည့်လျှံလာ၏။

လီဝေ့ရန်သည် သူမ၏စကားကိုကြားကာ ခဏတာထိတ်လန့်သွားရာမှ သတိပြန်ဝင်လာပြီး သူမတို့အနားရှိအစေခံမိန်းကလေးဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

"မင်း အိမ်​တော်ရဲ့ မင်းသမီးဆီ သွားပြီးပြောချေဦး။ နဝမမင်းသမီးလေးက သေရည်နည်းနည်းသောက်ထားလို့ အနားယူဖို့ နေရာလိုအပ်နေတယ်လို့"

အစေခံမိန်းကလေးက အခြေအနေကို သဘောပေါက်ပြီး ချက်ချင်း ပြေးသွားတော့သည်။

သို့သော်လည်း နဝမမင်းသမီးသည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ လီဝေ့ရန်သည် ပွဲအခမ်းအနားအတွင်း သူမတစ်ခုခုကို လွန်ကဲစွာလုပ်မိမည်ကို စိုးရိမ်သဖြင့် သူမကိုကူညီပေးရန် အမြန်ထရပ်လိုက်သော်လည်း မင်းသမီးသည် ထိုနေရာတွင် ငြိမ်သက်စွာသာရပ်နေရုံမျှဖြစ်ပြီး ရုတ်တရက် မျက်ရည်များ သူမ၏ပါးပြင်ပေါ်သို့ အလုံးလိုက် စီးကျလာတော့သည်။

အနီးနားရှိ သခင်မလေးတစ်ယောက်က "နဝမမင်းသမီး ဘာလို့များငိုကြွေးနေရတာလဲ?" ဟုအထိတ်တလန့်ဆို​တော့သည်။

လီဝေ့ရန်သည် တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်မှာ

“မင်းသမီးက ကပ်ဘေးဒုက္ခဒဏ် ခံနေရသူတွေက နေအိမ်တွေကိုဆုံးရှုံးပြီး ခြေဦးတည့်ရာလျှောက်သွားနေရတာတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတဲ့ကြားထဲက ဆာလောင်တဲ့ဒဏ်ကိုလည်း ခံစားနေကြရတာတွေကို  ကြားခဲ့တယ်လေ။ ဒါကြောင့် သူမကစိတ်ဆင်းရဲပြီး မခံစားနိုင်ဖြစ်နေရတာပါ”

အခြားသူများကလည်း မနေနိုင်ပဲ နဝမမင်းသမီးကိုသာကြည့်နေကြသည်။ ထိုကဲ့သို့သော အကြောင်းအရာကြောင့် မင်းသမီးကမျက်ရည်ကျနိုင်လိမ့်မည်ကိုတော့ မယုံကြည်ကြပေ။ သို့သော်လည်း လီဝေ့ရန်၏အလွန်အေးစက်နေသောမျက်နှာရှေ့တွင်တော့ စကားတစ်ခွန်းမျှမပြောဝံ့ကြပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေရုံသာတတ်နိုင်တော့သည်။ ဧကရာဇ်သည် မင်းသမီးအား နယ်စားကြီးလျို၏သားဖြစ်သူကျန်းနှင့် ထိမ်းမြားပေးရန် စီစဉ်နေသည်ဟူသော ကောလာဟလ ရှိနေတယ်​လေ။

လီ​ဝေ့ရန် (ဒုတိယတွဲ) UnicodeHikayelerin yaşadığı yer. Şimdi keşfedin