အပိုင်း( ၁)

60 2 0
                                    


လေပြင်းတိုက်ခတ်သံနှင့် မိုးသံများသည်
ပတ်ဝန်းကျင်တစ်ခွင်အား သောသောညံစေသည်။ခြံ၏အရှေ့မျက်နှာစာတွင် တပ်ဆင်ထားသော လူခေါ်ဘဲလ်အား တစ်စုံတစ်ယောက်က အဆက်မပြတ်တီးနေပုံရသည်။အသံလုံစနစ်တပ်ဆင်ထားသော နှစ်ထပ်တိုက်အိမ်လေးသည် မိုးသံနှင့် လေပြင်းတိုက်သံများမှ သီးသန့်နယ်မြေလေးတစ်ခုလို စည်းခြားခံထားရ၏။ ထိုနယ်မြေလေးထဲသို့ ဖိတ်ကြားထားခြင်းမရှိသော တစ်စုံတစ်ယောက်သည်ကား လေပြင်းများနှင့်အတူရောက်ရှိလာလေတော့သည်။
"မိုးသောက်"အိမ်တံခါးအား တွန့်ဆုတ်စွာ ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အအေးဒဏ်ကြောင့်ခိုက်ခိုက်တုန်နေသည့် ခန္ဓာတစ်ခုအား မိုးရေစက်များကြားတွင်တွေ့လိုက်ရလေတော့သည်။အိမ်တံခါးမကြီးအတွင်းသို့ ဝင်ရောက်လာသောအေးစက်စက်လေအေးများကြောင့် "မိုးသောက်"၏ နဖူးပေါ်ရှိဆံစလေးများတောင် တလူလူလွင့်မျောနေခဲ့သည်။

"မင်း...မင်းဘယ်သူလဲ"

မိုးရေများကြားမှ ထိုသူ၏မျက်နှာအား"မိုးသောက်"
သဲသဲကွဲကွဲမြင်နိုင်စွမ်းမရှိသကဲ့သို့ သူ၏အမေးအားထိုသူသည် တစ်စုံတစ်ရာဖြေဆိုခြင်းမပြုခဲ့။

"ငါမေးနေတယ်လေ... မင်းဘယ်သူလဲ"

"ကျွန်တော်...ကျွန်တော်မင်းအိမ်မှာမိုးခိုလို့ရနိုင်မလား"

ထိုသူ၏အသံသည် အနည်းငယ်တုန်ရီနေပုံရပြီး မကြာမှီမိုးရေစက်များအကြား လွင့်ပါသွားတော့မရောင် တိုးတိတ်လွန်းလှ၏။

"ဘယ်လို"

"ရနိုင်မလား"

ထပ်ပြီးတောင်းဆိုလာသော ခပ်ဖျော့ဖျော့လေသံ တစ်စုံကြောင့် သူ့ခြံရှေ့တည့်တည့်မှာရပ်ထားတဲ့ အနက်ရောင်ကားတစ်စီးအားသူလက်ညှိုးထိုးလိုက်ပြီး

"မင်းမှာကားပါသားပဲ...."

"ကားကရုတ်တရက်ကြီးစက်ရပ်သွားလို့"

"sorry ငါ့အိမ်ကလူတိုင်းအလွယ်တကူ
ဝင်ထွက်လို့ရတဲ့ဇရပ်မဟုတ်ဘူး"

"အာ...ကောင်းပါပြီ"

မဖိတ်ခေါ်ထားသော ဧည့်သည်ထိုသူသည်ကား သူ၏ပြတ်ပြတ်သားသားအငြင်းစကားအား စောဒက တက်ခြင်းအလျဥ်းမရှိပဲ လှည့်ထွက်သွားခဲ့၏။"မိုးသောက်"အိမ်တံခါးမကြီးအား ပြန်လည်ပိတ်ဆို့လိုက်ပြီး ညစာစားရန်အတွက် ရေခဲသေတ္တာထဲ လှန်လှောရတော့သည်။တကယ်တော့ "မိုးသောက်"လည်းအဲ့လောက်ထိမရက်စက်ချင်ပါဘူး။အခုခေတ်ကလူလိမ်လူကောက်တွေသိပ်များလွန်းတယ်မလား။

Hope From The Rainy DayWhere stories live. Discover now