အပိုင် ( ၅)

12 1 0
                                    

"လက်ယျာ"သူ၏ကားအား ဆင်ဝင်အောက်တွင်ထိုးရပ်လိုက်ပြီး ရင်းနှီးပုံရပေမဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ အဖြူရောင်ရဲတိုက်သဖွယ် အိမ်ကြီးအား မော့ကြည့်လိုက်သည်။ ခံစားချက်တွေပြောင်းလဲသွားတာကလွဲလို့ အဖြူရောင်အိမ်ကြီးကတော့ အရင်အတိုင်းတစ်ခုလေးတောင်မပြောင်းလဲ။အိမ်အဝင်ဝမှာအလှဆင်ထားတက်တဲ့ သူ့မေမေသိပ်မြတ်နိုးရတဲ့ ကျောက်စိမ်းရောင်ပန်းအိုးကြီးနှစ်လုံး မရှိတော့တာတော့ နှမြောစရာပင်။

"ဟယ်....ကိုကိုလေး"

အသက်နှစ်ဆယ်ကျော်လောက် ရှိပုံရတဲ့ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ခပ်ချောချောမိန်းကလေးအား "လက်ယျာ"အတန်ကြာအောင် စိုက်ကြည့်လိုက်မိသည်။

"နွေးငယ်လား"

"ကိုကိုလေး"

"ကြီးမေရေ...လာကြည့်ပါဦး ဒီမှာကိုကိုလေး....ကိုကိုလေးပြန်လာပြီ"

ထိုမိန်းက​လေး၏အသံကြောင့် ပြာပြာသလဲပြေးထွက်လာသော ကြီးမေ သည် "လက်ယျာ"အားကြောင်အစွာ ကြည့်နေခဲ့သည်။

"သားလေး....လက်ယျာ"

"ကြီးမေ"

"ကြီးမေတို့ကို ဘာလို့အခုလိုထားခဲ့ရတာလဲကွယ်....ကိုးနှစ်လုံးလုံး အဆက်အသွယ်မရတဲ့အပြင်အရိပ်အယောင်တောင်ပေါ်မလာဘူး..သား သတင်းကိုတောင် သားအဖေပြောပြမှ ကြီးမေ တို့က သိရတာပါကွယ် "

"ကြီးမေ"သည်ပြောရင်းဆိုရင်းဖြင့် စီးကျလာသော သူ၏မျက်ရည်စများအား လက်ခုံဖြင်ဖိသုတ်နေခဲ့သည်။"လက်ယျာ"ကြီးမေဆီ တစ်လှမ်းချင်းသွားလိုက်ပြီး ကြီးမေအား သူ့လက်မောင်းများကြားတွင် ထွေးပွေ့လိုက်သည်။

"ကြီးမေက ဘာလို့ဒီလောက်အိုသွားရတာလဲ...နွေးငယ်ကိုလည်း ကျွန်တော် မမှတ်မိတော့ဘူး ကျွန်တော်ထွက်သွားတုန်းက နွေးငယ်က ကလေးလေးပဲရှိသေးတာ အချိန်တွေက အဲ့လောက်တောင်ကြာသွားပြီလား"

"ဘယ်လိုပြောလိုက်တာလဲကွယ်....ကြာပြီပေါ့သားရယ်...ကြာပြီပေါ့ ကြီးမေတို့မှာ နှစ်တစ်နှစ်ကုန်သွားတာနဲ့ သားများပြန်လာမလား... ပြန်လာမလားဆိုပြီး သားကြိုက်တာလေးတွေ ရွေးချက်ရတာ အမော..."

Hope From The Rainy DayDove le storie prendono vita. Scoprilo ora