အပိုင်း( ၄)

11 1 0
                                    

"မိုးသောက်"သူ့မိသားစုအိမ်ဆီ တန်းပြန်လာလိုက်ပြီးနောက် ရေမိုးချိူးကာ ဂိမ်းတစ်ပွဲလောက် ကစားပြီးအိပ်ဖို့ပြင်လိုက်သည်။သို့သော်alarmပေးရန် ဖုန်းအားကောက်ကိုင်လိုက်ချိန်တွင် လွတ်သွားသောခေါ်ဆိုမှုအများအပြားအားသူတွေ့လိုက်ရသည်။Contactတွင် ရေးမှတ်ထားခြင်းမရှိသောဖုန်းနံပါတ်ကြောင့် စက္ကန့်အနည်းငယ်လောက် တွေဝေပြီးနောက်တွင် ဖုန်းခေါ်ဆိုမှုခလုတ်အားနှိတ်လိုက်သည်။ဖုန်းသည် အကြိမ်ပေါင်းများစွာ တတူတူ မြည်ပြီးနောက် ရင်းနှီးသော အသံတစ်ခုအား သူကြားလိုက်ရသည်။

"မင်းဘာလို့ ဖုန်းမကိုင်တာလဲ"

"ကျွန်တော် ဂိမ်းဆော့နေလို့ ဖုန်းလာတာမသိလိုက်ဘူး"

"မိုးသောက်"သာမာန်ကာလျှံကာပြန်ဖြေလိုက်သည်။

"မနက်ဖြန် ကျွန်တော့်မှတ်ပုံတင်ပြန်လိုချင်လို့.. မင်းဘယ်အချိန်လောက်အားမလဲ.. ကျွန်တော် မင်းကိုဘယ်မှာလာတွေ့ရမလဲ"

"ကျွန်တော်မနက်ဖြန် meetingရှိသေးလို့
မအားလောက်ဘူး....ဒီလိုလုပ်လေ ကျွန်တော်ညနေ ဘီလီ့ကိုကျောင်းလာကြိုမှ ယူလာခဲ့လိုက်မယ်"

"ဟုတ်ပြီလေ....ဒါဆိုကျွန်တော်ဖုန်းချတော့မယ်"

"ခင်ဗျားမချနဲ့ဦးလေ...."

"မိုးသောက်"ကပြာကယာအော်လိုက်ပြီးနောက်

"ဘာတွေလောနေတာလဲ....ကျွန်တော်နဲ့လူမှုဆက်ဆံရေးအကြောင်းတောင် မဆွေးနွေးတော့ဘူးလား"

"စောစောလေးကမှ တွေ့လာတာကို ဘာကိုလူမှုဆက်ဆံရေးအကြောင်းဆွေးနွေးချင်တာလဲ"

"မိုးသောက် " အိပ်ယာပေါ်လှဲအိပ်ပြီးနောက်
ခပ်ဟဟ ရယ်လိုက်ပြီး

"ခင်ဗျားမှာ တွဲနေတဲ့သူရှိလား.."

တစ်ဖက်မှ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်

"ရှိတယ်"

"ကျွန်တော် မယုံဘူး....ခင်ဗျားဘယ်လိုသက်သေပြမှာလဲ"

" ကျွန်တော့်အိပ်ချိန်ရောက်ပြီ
မို့လို့ ဖုန်းချလိုက်တော့မယ်"

"ဒါဆို good...

တစ်ဖတ်မှ တိကနဲ ချသွားသောဖုန်းကြောင့် "မိုးသောက်"စွန့်အ သွားပြီး မကျေမနပ်ဖြစ်စွာ ဖုန်းအားလက်ခလယ်ထောင်ပြလိုက်သည်။

Hope From The Rainy DayWhere stories live. Discover now