အပိုင်း(၂)

13 1 0
                                    


တစ်ပတ်ကြာပြီးနောက်.....

အဆင့်​မြင့်Five Star Hotelတစ်ခု တွင်ပြုလုပ်သော မွေ့နေ့မင်္ဂလာအခမ်းအနားသည် ဂုဏ်သရေရှိလူပေါင်းများစွာတို့ဖြင့် ပြည့်နှက်နေခဲ့၏။ နိုင်ငံ့အဆင့်အချမ်းသာဆုံးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော သူဋ္ဌေးကြီး ဦးမင်းလွင်၏ တစ်ဦးတည်းသော သမီးဖြစ်သူ "ဘီလီမေမင်းလွင်"၏မွေးနေ့ပွဲဖြစ်သည်။
မွေးနေ့သီချင်းသံတီးလုံးသည် လေထုထဲတွင် သာယာစွာ ပျံ့နှံ့လျှက်ရှိပြီး ဟိုတယ်ခန်းမကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သတ်လျှက် ခမ်းနားထည်ဝါစွာ တပ်ဆင်ထားသော မီးဆိုင်းများသာ ထွန်းညှိထားသဖြင့် ပတ်ဝန်းကျင်သည် အနည်းငယ် မှောင်ရီနေခဲ့သည်။

"မိုးသောက်"မှဦးဆောင်၍ မွေးနေ့ကိတ်အား ကိုင်ဆောင်လာပြီး ဘေးတစ်ဖတ်စီတွင် "ဘီလီ"၏ ဖေဖေနှင့် မေမေ ဘီလီ့ အကိုဖြစ်သည့် "ကိုခန့်မင်းမောင်"တို့ပါရှိသည်။ မွေးနေ့သီချင်းသံသည် ပျံလွင့်နေဆဲဖြစ်ပြီး ခန်းမတစ်ခုလုံးရှိ လူအုပ်ကြီး၏ မွေးနေ့ဆုတောင်းသံများသည် တစ်ညီတစ်ညာထဲထွက်ပေါ်လာခဲ့သည်။

"မွေ့နေ့မှာ ပျော်ပါစေ....ဘီလီမေမင်းလွင်"

"ဘီလီ"တိုးတိတ်သော မွေးနေ့ဆုတောင်းတစ်ခုအားပြုလုပ်ပြီးနောက် ဖယောင်းတိုင်မီးအား ငြှိမ်းသတ်လိုက်သည်။ထို့နောက် LEDမီးသီးများသည် တစ်ပြိုင်နက်ထဲ ထွန်းလင်းလာခဲ့ပြီး ခန်းမကြီးတစ်ခုလုံးအားလင်းထိန်စေခဲ့သည်။ထို့နောက် မွေးနေ့ကိတ်ခွန့်ကြွေးခြင်းအစီအစဥ်ပြီးသည့်နောက် "မိုးသောက်"သည် လူအုပ်အလယ်တွင် ဘီလီ့အား အလွန်လှပသည့် စိန်ဖြင့်ပြုလုပ်ထားသော နားဆွဲတစ်စုံနှင့် ဆင်တူlocketသီးပါသော necklace တစ်စုံတို့အား လက်ဆောင်ပေးခဲ့သည်။ဘီလီ့ ဖေဖေက ဘီလီ့အတွက် ကားတစ်စီးနှင့် တန်ဖိုးကြီး နီလာကျောက်များဖြင့်အနုစိတ်ပုံဖော်ထားသော ဘရက် တစ်ကုံးအားလက်ဆောင်ပေးခဲ့သည်။ အခမ်းအနားအတွင်းမှ အရာရှိအရာခံများနှင့် အရေးကြီး ပုဂ္ဂိုလ်များထွက်ခွာသွားပြီးချိန်တွင် Hotel၏ အရက်ဘားတွင် သောက်စားမူးရူးကာ ကခုန်နေကြသည့် လူငယ်များသာ ကျန်ရှိတော့သည်။ "မိုးသောက်"၏ ဖုန်းသည် အဆက်မပြတ်မြည်ဟီးနေခဲ့ပြီး ဖုန်းလက်ခံရန်အတွက် တိတ်ဆိတ်သောနေရာတစ်ခုဆီ သူထွက်လာခဲ့သည်။ ထိုစဥ် ဖျတ်ခနဲမြင်တွေ့လိုက်ရသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်က သူ့ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သော ထိုအမျိူးသား။ "မိုးသောက် " သူ့ကိုယ်ပေါ်မှာ တစ်ခုခုပါမလား လိုက်ရှာပေမယ့် မတွေ့တာကြောင့် အသံထွက်၍အော်ခေါ်လိုက်သည်။

Hope From The Rainy DayWhere stories live. Discover now