"လက်ယျာ"နာရီအား တစ်ချက်ကြည့်ကာ သူ့ရှေ့ရှိ ရေနွေးအေးခွက်အားမော့ချလိုက်သည်။အခန်းတွင်းရှိဂျပန်စတိုင်လ်အခင်းအကျင်းများအား တစ်ချက်ဝှေ့ကြည့်ကာ နောက်ဆုံးတွင်လုပ်စရာရှိမနေသောကြောင့် နှစ်တစ်ရာမှတစ်ခါသာကြည့်ဖြစ်သည့်ဖုန်းအား ကောက်ကိုင်လိုက်သည်။ဖွင့်ဖွင့်ချင်းပင် notiတက်လာသဖြင့် igထဲခဏဝင်ကြည့်လိုက်ချိန်တွင် အဖြူရောင်အိပ်ယာခင်းအားခပ်တင်းတင်းဆုတ်ကာထားသည့် လက်တစ်ဖက်နှင့် ထိုလက်၏လက်ကောက်ဝတ်အား အထင်မှားဖွယ်ရာဖမ်းဆုတ်ထားသည့် လက်ဖဝါးကြီးကြီးနောက်တစ်ဖက်။"လက်ယျာ"နားရွက်ဖျားများ နီရဲလာကာ ခပ်တိုးတိုးဆဲရေးမိသည်။
"ဒီကောင်... ဒီလောက်ဖြစ်နေတာတောင် ပုံရိုက်ဖို့အချိန်ရလိုက်သေးတယ်"
commentများအားဝင်ဖတ်မိချိန်တွင် ပိုတောင်ခေါင်းခဲသွားရသည်။သို့သော် သူခေါင်းခဲ၍မပြီးခင်ပင် အခန်းတံခါးဖွင့်သံအားကြားလိုက်ရသည်။ သူမတ်တပ်ထရပ်ကာ
"တီချယ်ကြီး..."
"သားထိုင်နေပါ"
အသံနှင့်အတူလက်ကာပြကာ သူအားပြန်ထိုင်ရန်အချက်ပြမှုကြောင့် နောက်မှီပါသည့် ထိုင်ခုံ၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ မကြာမှီ စားပွဲထိုးရောက်လာပြီး မှာထားသည်များအား လာရောက်ချပေးသည်။
"တီချယ်ကြီး သားကိုတကယ်မျက်နှာမပြဝံ့ပါဘူး"
"မဟုတ်တာပဲ"
"လက်ယျာ"ခေါင်းရမ်းလိုက်ကာ ဆူရှီပန်းကန်အား တီချယ်ကြီးရှေ့သို့ ချပေးလိုက်သည်။
"ကျွန်တော်ဘယ်လိုမှသဘောမထားပါဘူး... တီချယ်ကြီးလည်း အထက်ကိုလွန်ဆန်နိုင်တာမှမဟုတ်တာ ကျွန်တော်နားလည်ပါတယ် ပြီးတော့ ကျွန်တော်ကတီချယ်ကြီးတပည့်လေ တီချယ်ကြီးစိတ်ကိုကျွန်တော်ကောင်းကောင်းသိတယ် "
"သားဆီက ဒီစကားကြားရလို့ တီချယ်ကြီးဝမ်းသာပါတယ်"
"ဒါနဲ့ သားအလုပ်ပြန်ရပြီဆို ဒီမြို့မှာပဲလား"
"လက်ယျာ"ခေါင်းငြိမ့်ကာ ပြုံးပြလျှက်
"ကျွန်တော်နောက်တစ်ပတ်ကစပြီးအလုပ်ဆင်းရမှာ....အဲ့ကဌာနမှူးကမကြာခင်ပင်စင်ယူတော့မှာဆိုတော့ ကျွန်တော့်ကို ဌာနမှူးနေရာအတွက် ကမ်းလှမ်းလာတာ အဲ့ဒါကြောင့် တီချယ်ကြီးစိတ်မကောင်းမဖြစ်နဲ့တော့နော်"