စွဲလမ်းသော အချစ် ( အပိုင်း၁)

10.2K 257 12
                                    

(Unicode)

ဝမ်ရိပေါ်  တယောက် သူငယ်ချင်းတွေရဲ့ဖိတ်ခေါ်မှုကြောင့် Club ကိုရောက်နေတယ်..
သူလဲစိတ်ညစ်နေတာကြောင့် ဒီညအမူးသောက်မယ်ဆိုပြီးစိတ်ထဲမှာလဲ ကြုံးဝါးထားသေးတယ်..

သူငယ်ချင်း တွေထိုင်နေတဲ့ဝိုင်းရောက်ရောက်ချင်း ဟောက်ရွမ်းရှေ့မှာချထားတဲ့အရက်ခွက်ကိုယူသောက်လိုက်တဲ့ Wang Yibo

တအံတသြငေးနေကြတဲ့သူငယ်ချင်းတသိုက်ကိုမျက်စပစ်ပြလိုက်တယ်...

"ဝမ်သခင်လေး ဘာဖြစ်လာတာလဲ" ဟောက်ရွမ်းရဲ့ ရွှက်နောက်နောက်အမေးကို  သူပြန်မဖြေမိဘူး။

" ရိပေါ် မင်းဖာသာကြီး နောက်မိန်းမယူမလို့ဆို" 
အကြောင်းသိ ကျင်းလင်ရဲ့အမေးကို...

" အင်း" တခွန်းတည်းပြန်ဖြေပြီး အရက်ကြီးပဲဆက်တိုက်သောက်နေတဲ့ ဝမ်ရိပေါ်ကြောင့်
ဟောက်ရွမ်းတို့မှာ...တားယူရတဲ့အခြေအနေထိ...

" ဟျောင့် အရမ်းမသောက်နဲ့လေကွာ..မင်းပြန်ရင်ဆိုင်ကယ်မောင်းရအုံးမှာ"

" စိတ်ညစ်လို့ကွာ....မင်းတို့ကလဲ"
ဟုတ်တယ်..လူကညစ်နေပါတယ်ဆို... ဒင်းတို့က တမျိူး...
ဝမ်ရိပေါ် သက်ပြင်းတချက် ချလိုက်ပြီး...

" ပါးက နောက်အိမ်ထောင်ပြုတော့မယ်တဲ့ ..ငါ...မလိုလားဘူး  "

" ဒါများဘာဆန်းလို့လဲရိပေါ်ရယ်...မင်းပါးပါး တယောက်တည်းအထီးကျန်နေတာ ကြာပြီးဟာကို ယူပါစေပေါ့ "

ကျင်းလင်ဝင်ပြောလိုက်တယ်။ ဒီကောင် ဖေအေ နောက်မိန်းမ ယူမှာကိုမကြိုက်တဲ့ပုံပဲ။..အေးလေ..ဘယ်သားသမီးက ကိုယ့်အဖေနောက်အိမ်ထောင်ပြုမှာ...ကြည်ဖြူကြမလဲ။

ဝမ်ရိပေါ် ရဲ့မိခင်ဖြစ်သူက...  ရိပေါ့်အသက် ၇နှစ်အရွယ်မှာပဲဆုံးသွားခဲ့တာကြောင့်..ဝမ်ပါးပါး ကရိပေါ် ကို ကျွေးမွေးစောက်ရှောက်လာခဲ့တာ... အသက်၂၃နှစ်ရောက်တဲ့အထိပဲ....။.
အရာအားလုံး သားဖနှစ်ယောက် ကြားမှာအဆင်ပြေနေတာကို ပါးက ဘာလို့ ရုတ်တရက် နောက်မိန်းမယူချင်သွားတာလဲ....ကြီးမှ ဝက်သက်ပေါက်ချင်နေတယ်။

" ပါးယူမယ့်မိန်းမ မှာ သားတယောက်ပါလာမှာ" ကျင်းလင်အမေးကို ရိပေါ်ပြန်ဖြေလိုက်တော့
ဒင်းကအရစ်ရှည်နေသေးတယ်..

Obsessive Love Where stories live. Discover now