စွဲလမ်းသော အချစ်(အပိုင်း၁၁)

3.6K 193 5
                                    

(Part-11)

ရှောင်းကျန့် အိပ်ယာကနိုးနိုးချင် မျက်လုံးဖွင့်လိုက်တော့ အခန်းတခုလုံးမှာ ဘေးနားက ဝါကျစ်ကျစ် မီးအိမ်အလင်းရောင်လေးတခုပဲရှိတယ်။
တခန်းလုံးကို သူ့မျက်လုံးတွေကကောင်းစွာ မမြင်ရသေးပေ။ကုတင်ခြေရင်းနံရံပေါ်က တိုင်ကပ်နာရီ
ကြည့်လိုက်တော့မှ ညရောက်နေမှန်းသိလိုက်တယ်။

အကြည့်တွေကို မျက်နှာကြတ် ဆီပို့ကာ..သူ(Xiao)
ဘာတွေဖြစ်ခဲ့တာလဲဆိုတာ..ပြန်စဥ်းနေမိတယ်။
မှတ်ညဏ်ထဲ တရိပ်ရိပ်ဝင်လာတဲ့ ပုံရိပ်တွေ က ဝေဝေဝါးဝါးကနေ ထင်ရှားစွာမြင်ရလာသည်။
ဝမ်ရိပေါ်ရဲ့ဆေးလိပ်သောက်တဲ့ပုံတွေ၊
သူ့ကိုအတင်းဆွဲဖက်တာတွေ၊သူ့နှုတ်ခမ်းတွေကို ကိုက်ဆွဲ နေတာတွေ၊နောက်ဆုံး သူ့အပေါ်မှာအားကြိုးမာန်တတ် ကြိုးစားနေတဲ့ဝမ်ရိပေါ်ရဲ့ ပုံရိပ်တွေကြောင့် ရင်ဘက်ပေါ်က စောင်စကို တင်းကျပ်စွာ
ဆုပ်ကိုင်မိလိုက်တယ်။

ထိုအရာတွေကြောင့် ရှောင်းကျန့်ရင်ထဲ တုန်လှုပ်မိတယ်။
သူတကယ်ပဲ ဒါတွေကြုံတွေခဲ့ရတာလား။
တခြားသူနဲ့မဟုတ်ပါဘဲ...ဝမ်ရိပေါ်နဲ့တဲ့လား။
စိတ်လှုပ်ရှားစွာ... ခန္ဓာကိုယ် ကို လှုပ်လိုက်မိတော့
အောက်ပိုင်းတနေရာရဲ့ နာကျင်မှုက ဒီဖြစ်ရပ်တွေကအိမ်မက်မဟုတ်မှန်း တကယ်ကြုံတွေခဲ့ရတာမှန်း
သက်သေပြထောက်ခံနေသယောင်။

ရှောင်းကျန့် ဖြေးဖြေး​ ထထိုင်ကာ.. ကုတင်နောက်ကို ကျောမှီလိုက်ပြီ၊အခန်းကို ဝေ့ဝဲကြည့်မိတော့
ဝမ်ရိပေါ်ရဲ့ အရိပ်ယောင်တောင် မတွေ့။
ရုတ်တရက် မျက်ရည်တွေစီးကျလာတယ်။

ဝမ်သခင်လေးက..ဘာကြောင့် ကျန့်ကျန့်ကိုဖျက်စီးရတာလဲ။
ကျန့်ကျန့်ကို ဒီအခြေအနေထိ ရောက်အောင် လုပ်တာကြောင့် သူကိုအဲ့လောက်ထိတောင်မုန်းနေရတာလား။
ကျန့်ကျန့်ကို အရမ်းပဲမုန်းနေတာလား..ဝမ်ကိုကိုလေးရယ်။

ရှောင်းကျန့်အားယူထလိုက်ပြီး
ရေချိုးခန်းထဲ ဖြေးဖြေးချင် လမ်းလျှောက်ကာ ဝင်လာခဲ့သည်။ရေချိုးခန်းထဲက မှန်ကိုကြည့်ပြီး မြင်လိုက်ရတဲ့အရာတွေကြောင့် နံရံထောင့်ကိုကပ်ကာ
ပိုငိုနေမိတယ်။ သူ့မြင်ရတဲ့အရာ​တွေက သိပ်ကြောက်ဖို့ကောင်းတယ်။ လည်ပင်းတွေ၊နှုတ်ခမ်းတွေမှာပါ ကိုက်ရာတွေ အပြည့်။

Obsessive Love Where stories live. Discover now