စွဲလမ်းသောအချစ် (အပိုင်း၈)

3.7K 208 6
                                    

(Part8)

Wang Yibo....ကျင်းလင်နဲ့စကားပြောနေတဲ့ ရှောင်းကျန့်ကို အကြောင်းမဲ့ငေးကြည့်နေမိတယ်။
အမှန်အတိုင်း ဝန်ခံရရင် ရှောင်းကျန့်က
ယောကျ်ားလေး ဆိုပေမယ့် တကယ်လှတဲ့ကောင်လေးတယောက်ပါ။ဖန်ဂေါ်လီလေးလို့ကြည်တောက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက
ကြည့်မိတဲ့သူတိုင်းကို ညို့ယူနေသယောင်။

အထူးသဖြင့် ဝမ်ရိပေါ်ဆိုတဲ့ သူ့ကို။
ရှောင်းကျန့်မျက်လုံးတွေကြည့်မိလိုက်တိုင်း ထပ်ကြည့်ချင်နေမိတဲ့အထိ စွဲဆောင်အား အလွန်းပြင်းတယ်။

ရှောင်းကျန့်ကို.....သူ(Wang Yibo) ကမချစ်ပါဘူး။
ဒါပေမယ့် အပိုင်လိုချင်တယ်။ သူကိုပြုစားတဲ့ မျက်လုံးလေးတွေကိုတခြားသူကြည့်မိမှာတောင်
မကြိုက်ဘူး ။ဟင်အင့်၊ မဖြစ်ရဘူး!။
Xiao Zhan ကသူ့အပိုင်။ ငါဆိုတဲ့ ဝမ်ရိပေါ်တယောက်တည်းရဲ့ မူပိုင်ပဲဖြစ်ရမယ် ရှောင်းကျန့်။

ဟုတ်တယ်...ရှောင်းကျန့်ကို သူ(ရိပေါ်) မြန်မြန်ပိုင်ဆိုင်ရအောင်လုပ်ရမယ်။
ဆုံးရှုံးရမှာ ကြောက်လို့မဟုတ်ဘူး။
ရှောင်းယွမ်ဆိုတဲ့မိန်းမကို ကြည့်မရလို့ သူ့သားကို နှိပ်စက်ချင်တာ၊ ဒီအကန့်ပဲ။ ဒီထပ် မပိုဘူး။

အတွေးနဲ့အတူ    သူ့ရဲ့အချစ်တော်ဆိုင်ကယ်အစိမ်းကြီးကို ...စကားပြောနေတဲ့လူနှစ်​ယောက် အနားထိ မောင်းသွားလိုက်တယ်။ ဘာအကြောင်း တွေပြောနေလို့ သူလာတာတောင်မသိရတာလဲ။

" Xiao Zhan! "

ဝမ်ရိပေါ်ခေါ်သံကြောင့် ကျင်းလင်နဲ့စကားပြောနေတဲ့ရှောင်းကျန့်က အသံလာရာကိုကြည့်မိတော့
သူတို့ ရှေ့တည့်တည့်မှာ ဆိုင်ကယ်ကြီးရပ်ကာ...

"လာ..ပြန်မယ်"
ဆိုင်ကယ်နောက်ဘီးဘက်ခြမ်းကို
မျက်စပစ်ကာ ရှောင်းကျန့်ကိုခေါ်နေတဲ့သူကို ကြည့်ရတာ မျက်လုံး တွေက ရီဝေဝေနဲ့တမျိူးကြီးပဲ။

ဘေးက ကျင်းလင် ကောကိုနှုတ်ဆက်လိုက်သည်။
ဝမ်ရိပေါ်က ဟက်မက်စ်ကိုသေချာတပ်ပေးနေသေးတာ၊ သူကျ မစောင်းဘဲ ရှောင်းကျန့်ကိုစောင်းပေးနေတာရယ်။

ညအချိန်မလို့ လမ်းမီးတိုင်တွေရဲ့အလင်းရောင်ပဲ
ရတော့တယ်။ဆိုင်ကယ်အနောက်နေ Wang သခင်လေးရဲ့ခါးကို ကျစ်နေအောင်ဖက်ထားပြီး၊ ပေကျင်းမြို့ရဲ့ညအလှကို ခံစားနေလိုက်သည်။
အခုလို့ကျတော့ ဝမ်ရိပေါ်ရဲ့ဆိုင်ကယ်ကြီးက စီးလို့ကောင်းလိုက်တာ။ ပုံမှန်အတိုင်းပဲမောင်းနေတာကြောင့် ရှောင်းကျန့် မကြောက်မိပါ။

Obsessive Love Where stories live. Discover now