စွဲလမ်းသော အချစ် ( အပိုင်း၃)

4.3K 259 4
                                    

Unicode:

Xiao Zhan ဝမ်အိမ်တော်ကိုရောက်တာ...၂လပြည့်ပြီး ၊ ဒီနှစ်လအတွင်း...ဝမ်ရိပေါ်အကြောင်းကို သူကောင်းကောင်းသိနေပြီး။ Wang Yiboက သူတို့သားအမိနှစ်ယောက်ကို သဘောမကျဘူး။
ဒါပေမယ့် ဝမ်ဦးလေးနဲ့ရှောင်းမားမားအရှေ့ကျ ကောင်းပြပြီး နောက်ကွယ်ကျ ကျန့်ကျန့်ကို အနိုင်ကျင့်လိုက်တာမှ။

မနက်ဖြန် ကျောင်းပြန်တတ်ရတော့မှာမလို့ ညနေ့စောင်းလေး လမ်းလျှောက်ထွက်ရင်း
အိမ်အနီးနား Super Marketမှ  လိုအပ်တာတွေဝယ်ပြီး ပြန်အလာ....

'ကျွီ'
ဘေးမှအသံမြည်အောင် ကပ်ရပ်လိုက်သော ဆိုင်ကယ်တစီးကြောင့် ၊ရှောင်းကျန့်လဲ
လန့်ပြီး
ခြေနှစ်လှမ်းလောက် နောက်ဆုပ်မိသွားတယ်။

"ဝမ်သခင်လေး"
မြင်လိုက်ရတဲ့မျက်နှာကြောင့် လက်ထဲက ကိုင်ထားတဲ့ ပစ္စည်းတွေကိုဆုပ်ကိုင်ထားလိုက်မိတယ်။
ဒီလူက ကျန့်ကျန့်ကို ဘာဒုက္ခပေးအုံးမလို့လဲမသိဘူး။

" လာ...တတ်"
ဝမ်ရိပေါ် ဟက်မက်စ်ကို လှန်တင်လိုက်ပြီး...သူ့ကိုကြောင်တောင်တောင်ကြည့်နေတဲ့ရှောင်းကျန့်ကို ခေါ်လိုက်တော့.... မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ လူကိုစိုက်ကြည့်နေတယ်။

" အိမ်ရောက်တော့ မှာမလို့ ကျန့်ကျန့် ကိုယ်ဘာသာ
ပြန်လာခဲ့ပါ့မယ်"

'ကျစ်' ဝမ်ရိပေါ်စိတ်မရှည်တော့ဘူး။
အိမ်ရောက်တော့ မှာသိသားပဲ။ ဒီဟာလေး ဆိုင်ကယ်မစီးရဲမှန်းသိလို့ တမင်သက်သက် ခေါ်နေတာကိုမလာပဲ ပေကပ်ကပ်လုပ်နေတဲ့ရှောင်းကျန့်
ကြောင့် ခေါင်းပေါ်က ဟက်မက်စ်ကိုချွတ်ပြ ပြီး လက်ညှိုးထိုးပြလိုက်သည်။

" ဒါ...ဘာလဲ..သိလား..ရှောင်းကျန့်"

"သိတယ် လေ...ဆိုင်ကယ်ဦးထုပ်ကြီးကို.."

" အေး...အရစ်ရှည်နေအုံးမယ်ဆိုရင်
မာနေတဲ့ အဲ့ခေါင်းကို ဒါနဲ့ရိုက်ခွဲပစ်မယ်...အခု.. ဆိုင်ကယ်ပေါ် တတ်!...."

ရှောင်းကျန့်လဲ ဆက်မငြင်းရဲတော့ဘူး..။
ဝမ်သခင်လေးက  စိတ်မှန်တဲ့လူမဟုတ်တော့ ကျန့်ကျန့်ကပဲ အလျော့ပေးလိုက်ပါမယ်လေ ။
ကိုယ်က အငယ်ပဲ။

Obsessive Love Where stories live. Discover now