စွဲလမ်းသောအချစ် (အပိုင်း၁၀)

3.9K 207 6
                                    

(Part-10)

ဝမ်ရိပေါ် တယောက်...ရှောင်းကျန့်ရဲ့နူးညံလွန်းတဲ့ခန္ဓာကိုယ်လေးကြောင့် သူ့အသိစိတ်တွေကို  လွှင့်ထွက်သွားစေတယ်။ သူ(Wang Yibo) အမြဲ ပြစ်မှားနေတဲ့နှုတ်ခမ်းလေးတွေကပဲ နူးညံနေတာမဟုတ်ပဲ၊
ဟိုးအတွင်းတနေရာအပါအဝင်၊ ရှောင်းကျန့်
တကိုယ်လုံးက နူးညံနေတာကို ဒီညမှာတော့
ဝမ်ရိပေါ် သိခွင့်ရခဲ့သည်။

ဒါကြောင့်လဲ ခဏတာ..ဝမ်ရိပေါ် စိတ်လွတ်၊လက်လွတ်ဖြစ်သွားတော့တယ်။ သတိပြန်ဝင်လာချိန်မှာတော့ သူ့ရင်ခွင်အောက်က ကောင်လေးရဲ့နဖူးကိုအနမ်းဖွဖွပေးပြီး သူ့လှုပ်ဆောင်ချက်ကိုအဆုံးသတ်လိုက်တယ်။

"ဟင်.."  ရှောင်းကျန့်နဖူးကိုအနမ်းပေးချိန်မှာ ခံစားမိလိုက်တဲ့အပူရှိန် ကြောင့်၊ ဝမ်ရိပေါ် ပြာယာခတ်သွားတယ်။
ရှောင်းကျန့်က ဘယ်အချိန်တည်းက သတိမေ့သွားတာလဲ။

"ကျစ်" ဝမ်ရိပေါ် စိတ်ရှုပ်ထွေးစွာ စုတ်သတ်လိုက်မိတယ်။
ရှောင်းကျန့်ရဲ့ နူးညံလွန်တဲ့ကိုယ်လေးကြောင့် သူတော်တော် စိတ်လွတ်စွာ..ကြမ်းတမ်းမိသွားတာပဲ။

"ရှောင်းကျန့်!...ကလေး..ထပါအုံး"
Xiao Zhan ရဲ့ပါးဖောင်းဖောင်းလေးတဖက်ကို
ဖွဖွလေးထိတွေ့ပြီ၊ခေါ်နေမိတယ်။ဘယ်လို့ခေါ်ခေါ်
ပြန်မထူးတဲ့ရှောင်းကျန့်ကြောင့် ရိပေါ် ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတယ်။

ရုတ်တရက်တခုခုကိုသတိရသွားတာကြောင့်
ကုတင်ပေါ်က နေ အပြေးအလွှာဆင်းကာ..အောက်ပြုတ်ကြနေတဲ့ဖုန်းကိုကောက်ယူပြီး အကိုဝမ်းကွဲ ဖြစ်သူ ဟိုက်ခွမ်းကော ကိုဖုန်းခေါ်လိုက်တယ်။

ကောက ဆရာဝန်တယောက်မလို့ သူ့အခက်ခဲကိုကူညီနိုင်လောက်မှာပါ။တဖက်ကို
ဖုန်း ဝင်နေစဥ်တလျှောက်လုံး ဝမ်ရိပေါ်ရင်တွေအရမ်းတုန်နေတယ်။ ရှောင်းကျန့်တခုခုဖြစ်သွားမှာကို သိပ်ကြောက်နေမိတယ်။ သူ(ဝမ်ရိပေါ်) သတိမထားမိခင်မှာ.ပဲ..ပါးပြင်ပေါ်မျက်ရည်တွေကျလာတယ်။

တဖက်က ဟိုက်ခွမ်းကောက တော်တော်နဲ့ဖုန်းမကိုင်။ ကြည့်ရတာ..မိုးတောင်မလင်းသေးလို့ မနိုးသေးပုံ။ တော်တော်ကြာမှ....

Obsessive Love Where stories live. Discover now