စွဲလမ်းသော အချစ် (အပိုင်း ၄)

4K 252 4
                                    

Obsessive Love (စွဲလမ်းသော အချစ်)

{Part-4}

ရှောင်းကျန့်... ဒီနေ့ ရင်​တွေအရမ်း ခုန်နေတယ်။
ဘာလို့ဆို.ကျောင်းပြောင်းလာပြီးမှ ပထမဆုံး  ကျောင်းပြန်တတ်ရမှာ.မလား။
ကျောင်းပိတ်ရက်ရှည်မှာ...သင်တန်းတွေတတ်ပြီး
ဘာသာစကားတွေလဲ လေ့လာထားသေးတယ်။
အခုလဲ မနက်စာကို မြန်မြန်စားနေတယ်၊ ဟိုတယောက် မနှိုးခင် ကျောင်းမြန်မြန်သွားရမယ်။

" မား..ကျွန်တော်သွားတော့မယ်နော်..မွ"
မိဖိုးချောင်မှာအလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူရဲ့ ပါးလေးကိုအနမ်းပေးပီး လစ်သနဲ့ ပြေးထွက်လာခဲ့တယ်။

"ကျန့်ကျန့်!!.... ကိုကို ကို့စောင့်လိုက်အုံးလေ
အတူတူသွားမယ်ဆို"

ဒါတောင် အနောက်က ရှောင်းမားရဲ့အော်ပြောသံကို မကြားချင်ယောင်ဆောင်ခဲ့သေးတယ်။
အဲ့လူနဲ့ အတူတူမသွားချင်ပါဘူး..ပြီးတော့မျက်နှာချင်းဆိုင်ရမှာလဲ ရှက်နေ​သေးတယ်၊ မနေ့ညက အဲ့လူရှေ့ သူငိုမိတယ်မလား။ ပျော့ညံတယ်လို့ မြင်သွားရင် ဘယ်လို့လုပ်မလဲ။ ရှက်လိုက်တာကွာ..

' တီ...တီ...' ကားဟွန်းတီးသံကြောင့်အတွေးလွန်နေတဲ့ Xiao Zhan တယောက် ဘေးကိုရှောင်ပေးလိုက်တယ်။

" ရှောင်းကျန့်!!"

"ဟင်"
အနောက်ကခေါ်သံကြောင့် လှည့်ကြည့်မိတော့..ကားတံခါးဖွင့်ပြီး လှမ်းခေါ်နေတဲ့ ဝမ်ရိပေါ်။
မျက်နှာကလဲ ဒေါသထွက်နေမှန်း သိသားတယ်။

"ကားပေါ်..တတ်ခဲ့"
အံကြိတ်သံကြီးနဲ့ခေါ်နေတဲ့ဝမ်ရိပေါ်ကို ကြောက်တာကြောင့်.... သူ့လဲ အလန့်တကြား ငြင်းလိုက်မိတယ်။

" ဟင့်အင်း...ကျန့်ကျန့်... ကိုယ့်ဘာသာ...သွားမှာရယ်"
ခေါင်းတခါခါငြင်းနေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး
ရိပေါ် ဒေါသထွက်လာတယ်။ တော်သေးတာပေါ့..သူအချိန်မှီ အနောက်က လိုက်လာလို့၊မဟုတ်ရင် ပထမဆုံး ကျောင်းပြန်တတ်မယ့် ရှောင်းကျန့်ကို မနှိပ်စက်လိုက်ရမှာစေလို့..တမျိူးမထင်ကြနဲ့။

" အခုချက်ချင်း..ကားပေါ်တတ်မလား..
ငါဆင်းလာခေါ်ရမလား...အေး
ငါကိုယ်တိုင် လာခေါ်ရင် ချီတင်မှာနော်.ကားပေါ်ကို"

Obsessive Love Where stories live. Discover now