(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.1K 73 0
                                    

Chapter 152

ကျန်းမင်ယွမ်သည် ပုံမှန်တွင် ဓာတ်ပုံရိုက်ရန် စိတ်မဝင်စားတတ်သဖြင့် ငြင်းဆိုချင်သည်။သို့သော် သူသည် စိတ်ပြောင်းသွားပြီး ခေါင်းငြိမ့်လိုက်၏။

ဓာတ်ပုံရိုက်မည့် ကိစ္စက ဤကဲ့သို့ အဆုံးသတ်သွားခဲ့သည်။

ကမ်းခြေသည် စစ်တန်းလျားနှင့် သိပ်မဝေးသော်လည်း နာရီဝက်ကျော်ခန့် လမ်းလျှောက်ရမည်ဖြစ်၏။

သို့သော်လည်း ကံကောင်းစွာဖြင့် အဖြူရောင် လျှပ်စစ်ကားတစ်စီးကို ငှားရမ်းနိုင်ခဲ့သည်။

ငှားရမ်းခမှာ တစ်ကြိမ်လျှင် ယွမ်တစ်ရာကျသင့်ပြီး ယာဉ်မောင်းတစ်ဦးအား ရွေးချယ်ခွင့်လည်းရှိ၏။

ကျန်းမင်ယွမ်တို့သုံးယောက်က ကားတစ်စီးငှားရမ်းလိုက်ကြသည်။

ခရီးသွားကားသည် သုံးဘီးဆိုင်ကယ်နှင့် အလွန်တူ၏။  အရှေ့တွင် ယာဉ်မောင်းထိုင်ခုံတစ်ခုနှင့် အနောက်ဘက်တွင် ထိုင်ခုံနှစ်ခုပါရှိသည်။

တံခါး၊ ပြတင်းပေါက်များမပါရှိဘဲ ဘေးဘီနှစ်ဖက်စလုံးသည် ပွင့်လျက်သားအနေအထားဖြစ်၏။

သုံးနေရာသာရှိသောကြောင့် ယာဉ်မောင်းကို ငှားရမ်းနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ကားမောင်းရမည့်တာဝန်မှာ ကျန်းမင်ယွမ်၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။

ကျန်းမင်ယွမ်သည် ယွမ်သိန်းတစ်ထောင်မှစ၍ သန်းဆယ်ချီတန်သောကားများစွာကို မောင်းနှင်ခဲ့ဖူးသော်လည်း လျှပ်စစ်ကားမောင်းနှင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။သူ အနည်းငယ် အဆင်မပြေသကဲ့သို့ခံစားရသည်။

ကျန်းမင်ယွမ်က ကားထဲသို့ဝင်ပြီးနောက် ဝေ့ဝိုက်ကြည့်လိုက်၏။

"ပြုတ်တော့မကျလောက်ပါဘူးနော် " 

ကျန်းမင်ယွမ်က လျှပ်စစ်ကား၏ ဘေးကင်းမှုကို သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ချန်းဟွမ်က ရှင်းရှင်းအား လက်တစ်ဖက်နှင့် လှမ်းထိန်းထားပြီး ကျန်လက်တစ်ဖက်နှင့် လက်ကိုင်ကွင်းကိုဆွဲထား၏။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now