chapter 267

521 44 0
                                    

Chapter 267
Imperial MeowFebruary 16, 2023
Chapter 267





ကျန်းမင်ယွမ်မှာ ယခင်တစ်ခါကတည်းက မှတ်သွားပြီဖြစ်၍ ချန်းဟွမ် ဆံပင်ကို ဂရုတစိုက် လုပ်‌ပေးနေလေသည်။အပူရှိန် နည်းနည်းဖြင့် ဖြေးညှင်းစွာ မှုတ်ပေးနေ၍ သူမဆံပင်မှာ များစွာ မပျက်စီးသွားပေ။





ချန်းဟွမ်မှာ အလွန် ပင်ပန်းနေသဖြင့် ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားမတတ် ဖြစ်နေရလေသည်။ ကျန်းမင်ယွမ်သည် သူမ ဆံပင်ကို ခြောက်အောင်မှုတ်ပြီးသည်နှင့် သူမကို အိပ်ရာ‌ပေါ် ပွေ့ခေါ်သွားလိုက်ကာ ကုတင်စွန်းတွင် ထိုင်၍  သူမနောက်ကျောကို နှိပ်နယ်ပေးလေသည်။





ချန်းဟွမ် ခါးမှာ သူက အားစိုက်နှိပ်နေသောကြောင့် နာကျင်လာရကာ လက်ကို နောက်ပြန်ဝေ့ယမ်း၍ ပြောလိုက်သည်။





"တော်ပြီ…မနှိပ်နဲ့တော့…"





ကျန်းမင်ယွမ်က သူမ၏ လက်ကောက်ဝတ်နှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး  အခြားလက်တစ်ဖက်နှင့် ဆက်လက် နှိပ်နယ်ပေးနေလေသည်။





"မနက်ဖြန်ကျရင် ကောင်းသွားမှာပါ…"





ချန်းဟွမ်မှာ သူဆက်နှိပ်နေသဖြင့်  ဦးရေပြားထဲထိပါ ယားယံလာရသည်။





"ခဏလောက် အိပ်ချင်တယ်…"





"အိပ်တော့လေ…"





"ရှင်က နှိပ်နေတော့ ကျွန်မ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ…"





"ဒါဆို ကိုယ့်နဲ့ စကားပြောရ အောင်…"





ကျန်းမင်ယွမ်က သူမ လက်ကို လွှတ်ပေးလိုက်ပြီး စကားစလိုက်လေသ ည်။





"ရှန်းရှီအပေါ် မင်းဘယ်လိုမြင်လဲ…"





ချန်းဟွမ် အံ့သြတကြီး ရေရွတ်လိုက်မိသည်။





"သူမက တစ်ကယ်ရှိနေတာလား…"





တစ်ချိန်တည်းမှာပင် ကျန်းမင်ယွမ် က သူမထံမှ သတင်းနှိုက်နေသည်ဟု ထင်မိသွားရသည်။



"ဒါပေါ့… သူက ဒီခန္ဓာကိုယ်ရဲ့ ညီမလေ…"





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now