chapter 268

388 32 0
                                    

Chapter 268
Imperial MeowFebruary 16, 2023

Chapter 268



ချန်းဟွမ်နှင့် ရှန်းရှီတို့ တွေ့မည့်ကိစ္စကို အလျင်စလို လုပ်ရန် မလိုအပ်သေးပေ။





ရှင်းရှင်းကို မူကြိုကျောင်းအသစ် အပ်နှံပေးပြီးနောက် ချန်းဟွမ် သည် သူမ ကိုယ်ပိုင် ကားတစ်စီးဝယ်ဖို့ စိတ်ကူးမိသည်။ယခု သူမ၏ စားသောက်ဆိုင်မှာ ကောင်းစွာ လည်ပတ်နေသဖြင့်  သူမတွင် ငွေပိုငွေလျှံတစ်ချို့ ရှိနေလေသည်။ သို့ရာတွင် သူမက ဈေးကြီးသည့်ကားများကို မမှန်းထားသလို သူမ၏ ဘတ်ဂျက်မှာလည်း ယွမ် ၁၀၀၀၀ ဝန်းကျင်သာ ရှိလေ၏။ သူမကျန်းမင်ယွမ်နှင့် တိုင်ပင်ကြည့်သော်လည်း သူက ဘာမှပြန်မပြောဘဲ နောက်တစ်နေ့ရောက်မှ ပြိုင်ကားတစ်စီးဖြင့် အိမ်ပြန်လာခဲ့သည်။ သူမရှေ့က မိုးပြာရောင် ပြိုင်ကားတစ်စီးကို ကြည့်လိုက်ပြီး ချန်းဟွမ် အံ့ဩနေမိသည်။





ကျန်းမင်ယွမ်မှာ ချမ်းသာပြီး ပြိုင်ကားတစ်စီးသည် သူ့အတွက် ဘာမှမဟုတ်ကြောင်း သိသော်လည်း သူမတို့နှစ်ယောက်မှာ ချစ်သူရည်းစား အဆင့်ဟုသာ ချန်းဟွမ် ယူဆထားသည်။ထို့ကြောင့် ချစ်သူထံမှ ဤမျှစျေးကြီးသော လက်ဆောင်ကို သူမ လက်မခံလိုပေ။





"အင်း… ဟိုဟို ဒီဒီသွားဖို့ ကားတစ်စီးပဲ လိုတာပါ… ဒီလောက်ကောင်းတဲ့ ကားကြီး မလိုပါဘူး…"





"ဒီကားက အခုပဲ ဝယ်လာတာနော်… တခြား ကြိုက်တာ ရှိသေးရင် ကိုယ့်ကို ပြောပြလို့ရတယ်…"





ကျန်းမင်ယွမ်သည် သူမ ကန့်ကွက်သည်ကို လျစ်လျူရှုလိုက်သည်။ သူက ကားရှေ့ခန်း တံခါးကိုဖွင့်ကာ ချန်းဟွမ်ကို အထဲဝင်ခိုင်းလိုက်ပြီး ယာဉ်မောင်းထိုင်ခုံတွင် သူဝင်ထိုင်လိုက်၍ ကားကို စက်နှိုးလိုက်သည်။





ညနေစောင်းပြီ ဖြစ်၍ ရှင်းရှင်း ကျောင်းဆင်းချိန် ရောက်နေလေပြီ။ မူကြိုကျောင်းအပြင်ဘက်တွင် ကားအနည်းငယ် ရပ်ထားပြီးဖြစ်ကာ ထိုကားများအားလုံး ဈေးကြီးပေးရသော ကားများပင်။ထို့ကြောင့် သူတို့ စီးလာသည့် ပြိုင်ကားမှာ လွန်စွာ မျက်နှာပန်းပွင့်နေရလေသည်။ထိုအပြင် ယွမ်တစ်သောင်း မှ နှစ်သောင်း အထိ တန် ကြေးရှိသော ကားတစ်စီးမှာ အခြားသူတို့အတွက် ထူးဆန်းနေရပေမည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now