chapter 266

422 36 0
                                    

Chapter 266
Imperial MeowFebruary 16, 2023
Chapter 266



ကျန်းမင်ယွမ်က အေးဆေးစွာပင် ပြောလိုက်သည်။





"ကိုယ်က မင်းနဲ့ အတူနေရတာ ကြိုက်တယ်လေ…ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မင်းနဲ့ ရှိနေချင်တာ…ဒါဆို ရပြိီမလား…ပြီးတော့ အခု ဖြစ်လာတာတွေကလည်း မင်းဖြစ်ချင်လို့ ဖြစ်လာတာမှ မဟုတ်တာ…"





ချန်းဟွမ် သူ့စကားကို ယုံကြည်သွားရသည်။





"ရှင်ပြောတာလည်း ဟုတ်တာပဲ…"



"ဒါပဲလေ...ကိုယ် အဲ့ဒါတွေ စိတ်မ၀င်စားဘူး… မင်းရဲ့အရင်က အကြောင်းတွေ ကိုယ့်ကိုပြောပြပါဦး…ကိုယ် သိချင်လို့…"





ယခုအခါ သူမ အကြောင်းအားလုံး ပြောထားပြီးဖြစ်၍ မည်သည့်အရာမှ ဖုံးကွယ်စရာ မလိုတော့ပေ။ထို့ကြောင့် သူမငယ်စဉ်က မုန်လာဥနီကို အတုံးသေးသးလေးများရအောင် မည်သို့ ကြိုးစား၍ လှီးခဲ့ရဟည်မှ စကာ သူမအကြောင်း ခရေစေ့တွင်းကျ ပြောပြလိုက်လေသည်။တွေးကြည့်လိုက်လျှင်  သူမမှာ  အမှတ်တရများများစားစား မရှိဘဲ အသေးအဖွဲများသာ ဖြစ်လေ၏။ သူမက ပျင်းရိစွာ ခြောက်ကပ်ကပ် ပြောနေသော်လည်း ကျန်းမင်ယွမ်မှာ သူမစကားကို စိတ်ရှည်စွာ နားထောင်နေပြီး မရှင်းတာရှိလျှင် မေးလိုက်သေးသည်။ အားလုံးသိကြသည့်အတိုင်း တစ်ညတည်းနှင့် သူမ တစ်ဘဝလုံးကို ပြောပြရန် မဖြစ်နိုင်ပေ။ ချန်းဟွမ် သည် သူမ အလယ်တန်းကျောင်းသူဘဝ အကြောင်း ရောက်သောအခါ သူ့ရင်ဘတ်ကို မှီထားရင်း မျက်ခွံများ လေးလံလာရသည်။ထို့နောက် တဖြည်းဖြည်း သူမစကားများ ဗလုံးဗထွးဖြစ်လာပြီး နောက်ဆုံး ငြိမ်သက်ကာ အိပ်ပျော်သွားရသည်။





သူမပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို ဖြုတ်ချလိုက်သောကြောင့် ချန်းဟွမ်  တစ်ညလုံး ကောင်းကောင်းအိပ်ပျော်သွားခဲ့ပြီး နိုးလာသော် မနက် ၁၁ နာရီကျော်နေပြီ ဖြစ်သည်။ ကျန်းမင်ယွမ်က ရှင်းရှင်းကို ရုံးသို့ ခေါ်သွားကြောင်း မက်ဆေ့ခ်ျ တစ်စောင် ပို့ထားသည်ကို သူမဖုန်းထဲတွင် တွေ့ရလေ၏။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now