(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

398 32 0
                                    

Chapter 236
Chapter 236February 13, 2023

နှစ်သစ်ကူးအကြိုဆိုသည်မှာ ဟောင်းနွမ်းသည်များကို ဖယ်ရှားပြီး နှစ်သစ်အား ကြိုဆိုခြင်းဟူသော အဓိပ္ပါယ်ရှိလေသည်။

သူမသည် အဘိုးနှင့်အတူကြီးပြင်းလာသည့်တစ်လျှောက်လုံး၌ နှစ်သစ်ကူးနေ့တိုင်းတွင် ညစာမစားမီ ရေချိုးပြီးအဝတ်လဲလေ့ရှိ၏။အဝတ်အစားအသစ်များနှင့် အရသာရှိသောအစားအသောက်များကြောင့် နှစ်စဥ်နှစ်တိုင်းစိတ်လှုပ်ရှားခဲ့ရပေသည်။သူမကြီးပြင်းလာပြီးနောက်ပိုင်းတွင် ထိုအရေးကို အထူးတလည်မတွေးမိတော့သော်လည်း ပျော်ရွှင်ဖွယ်ရာအမှတ်တရတစ်ခုအဖြစ် ထင်ကျန်နေဆဲဖြစ်လေ၏။

ကျန်းမင်ယွမ်သည် ညစာမစားမီ ရေချိုးသည့်အလေ့အထမရှိသော်လည်း ချန်းဟွမ်၏စကားကို မကန့်ကွက်ခဲ့ပေ။  သားအဖနှစ်ယောက် ရေအတူချိုးပြီး အဝတ်အစားလဲလိုက်ကြသည်။ နှစ်ယောက်သား အောက်ထပ်သို့ပြန်ဆင်းလာချိန်တွင် ချန်းဟွမ်သည် နောက်ဆုံးဟင်းပွဲကို ပြင်ဆင် ပြီးသွားပြီ ဖြစ်သည်။

သူမက ပန်းကန်များကို ညစာ စားပွဲပေါ်တင်လိုက်ပြီး အေပရွန်ကို ပြန်ဖြည်ရန် ပြင်လိုက်၏။ဤသည်ကိုမြင်သွားသောကျန်းမင်ယွမ်က ချန်းဟွမ်အား အပြေးလေး လာကူညီသည်။

အေပရွန်ကိုချွတ်ပြီးနောက် ချန်းဟွမ်က သားအဖနှစ်ယောက်အား စားပွဲတွင်သွားထိုင်ခိုင်းလိုက်၏။

  “ရေချိုးလိုက်ဦးမယ်...ကျွန်မ ပြန်လာရင် အတူစားကြမယ် "

“ကောင်းပြီလေ... စောင့်နေမယ် ” 

ကျန်းမင်ယွမ်က အေပရွန်ကို ပုခုံးပေါ်တင်ပြီး ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းလျက် ပြောလေသည်။

ရှင်းရှင်း မျက်လုံးများပြူးကျယ်သွားသော်လည်း

စကားတစ်ခွန်းမှ မဟပေ။ 

ချန်းဟွမ်က ရှက်သွေးဖြာသွားပြီး ကျန်းမင်ယွမ်အား တွန်းဖယ်လျက် လှေကားထစ်များပေါ် သို့ပြေးတက်သွားတော့သည်။

ချန်းဟွမ် ရေချိုးပြီးသည့်နောက် အဝတ်အစားအသစ်များပြောင်းဝတ်ကာ မိတ်ကပ်ပါးပါးလိမ်းခြယ်၏။ မှန်ထဲမှ လှပသောအမျိုးသမီးကို မြင်လိုက်ရသောအခါ သူမ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားတော့သည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now