January

622 49 23
                                    

He met the flower

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

He met the flower..not the boy။

ကင်မရာတစ်လုံးကိုင်ပြီး ကျင်လည်ရာရပ်၀န်းဟာသေးငယ်ပေမယ့်လှပပါသည်။

မြို့ပြကြီးမဟုတ်တောင်ဘန်ကောက်ရဲ့တစ်နေရာမှာရှိသည့်ထိုကျေးလက်မြို့ကလေးဟာ သူ့ဟာလေးနှင့်သူစည်ကား
နေပြီး လှလှပပလေးရှိသည်။

မြို့အမည်ကိုတော့သူသေသေချာချာမသိ။အ၀င်၀က ဆိုင်းဘုတ်လေးဟာဟောင်းပြီးစာလုံးတွေဆေးပြယ်နေတာကြောင့်။နေရာလေးကိုတော့ သူသဘောကျပါသည်။

ရောက်ရောက်ချင်းတုန်းကတော့ လမ်းတွေတအားရှုပ်ပြီး လိုရာအရပ်ကိုတော်ရုံနှင့်မရောက်‌တာကြောင့်စိတ်ရှုပ်ရပေမယ့် ဓာတ်တိုင်တွေမှာမီးကြိုးတွေရှုပ်နေတာတောင် လှနေတာမလို့သူအပြစ်တော့မတင်မိပေ။

စားသောက်ဆိုင်အကြီးကြီးတွေနှင့်ဘန်ကောက်လိုယာဉ်တွေရှုပ်ထွေးမနေပဲ လမ်းဘေးဆိုင်လေးတွေရယ်။vintageဆန်ဆန် စာအုပ်ဆိုင်တွေရယ်နှင့်ကုန်ဆုံဆိုင်တွေရယ်သာထိုမြို့မှာရှိသည်။

အတူပါလာသည့်ဒေသခံကတော့ မနက်ပိုင်းဈေးလေးရှိသည်ဟုပြောသည်။အားရင်လည်းအဲ့ဈေးမှာအသားငါးတွေ၀ယ်ဖို့ပြောပါသေးသည်။ခက်တာပါပဲ။ကြက်ဥတောင်သူကဖြင့်ဖြောင့်အောင်မကြော်တတ်တာကို။

"Geminiလိုလူက ဒီမြို့လေးကိုဘာလို့များရောက်လာတာပါလိမ့်နော်"

လမ်းမှာရိုက်လာခဲ့သည့်ပုံတွေကိုကင်မရာကနေပြန်ကြည့်နေတုန်းကားဆရာစီကအမေးကြောင့်သူပြုံးမိသွားသည်။ဟုတ်ပနော်။သူ့လိုသူဌေးသားကဒီလိုမြို့ကိုဘာလို့ရောက်လာတာပါလိမ့်။

သေချာတာကတော့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်က ဒီလိုလျှပ်စစ်မီးတောင်မှန်မှန်ရပုံမပေါ်သည့်မြို့လေးကိုရည်ရွယ်ချက်ရှိရှိရောက်လာတာမဖြစ်နိုင်ပေ။

We fall in love in October (geminifourth ff✅)Where stories live. Discover now