June

150 30 16
                                    

"ဇီဇဝါတွေပန်ပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဇီဇဝါတွေပန်ပါ..ကိုယ့်ကိုလည်းပိုချစ်ပေးပါ"

စိတ်ရှည်ခြင်းကိုလူတစ်ယောက်အနေနဲ့ဖော်ပြရလျှင်ထိုလူဟာgeminiဖြစ်လောက်မည်။

သူဟာသည်းခံတယ်။စိတ်ရှည်တယ်။စိတ်လည်းမနာတတ်သလိုနာလည်းနာကျင်တတ်တယ်။geminiဟာမဖုံးကွယ်တတ်ပါဘူး။သူထုတ်ပြရှာတယ်။

တစ်ချို့နာကျင်မှုတွေ..ဒါမှမဟုတ်အမှတ်တရတွေကိုပေါ့။

Geminiမြို့ငယ်လေးကိုခရီးနှင်မလာခင်တုန်းကသူဟာ သူဌေးသား။ကျောင်းတုန်းကဆရာ‌၊ဆရာမတွေရှိန်ရပြီးခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်အဖြစ်အသိမှတ်ပြုခံထားရသူ။

မိဘတွေကပြည့်ပြည့်စုံစုံထားပေမယ့်သာယာတဲ့အိမ်ထောင်ရေးမရှိတာကြောင့်geminiဟာအိမ်ကိုတော့မတွယ်တာပါ။

Geminiမှာကရွေးချယ်စရာသိပ်များများစားစားတော့မရှိခဲ့ပါဘူး။စီးပွားရေးအရလက်ထက်ထားကြတဲ့မိဘတွေကိုယ်တိုင် တည်ထောင်ထားရသည့်ကုမ္ပဏီမှာ ကျောင်းမပြီးခင်ကတည်းကနေရာတစ်ခုရနေပြီး သတ်မှတ်ထားသည့်
မေဂျာ၀င်ပြီး အလုပ်သင်ဆင်းရုံပေါ့။

အမြဲတမ်းပြီးပြည့်စုံရမယ်လို့တော့ ဘယ်သူကမှမသတ်မှတ်ပေးထားပါဘူးလေ။geminiမှာမွေးနေ့ပွဲတွေကိုမိသားစု
စုံစုံလင်လင်နဲ့မကျင်းပဖူးသလို စိတ်ရင်းနဲ့ပေါင်းလောက်မဲ့ သူငယ်ချင်းတွေလည်းမရှိခဲ့ပါဘူး။

သူကဒီတိုင်း အကောင်းဆုံးတွေနဲ့ဖွဲ့စည်းထားပုံပေါက်တဲ့ အရုပ်ကလေးတစ်ရုပ်လိုပါပဲ။

ခမ်းခမ်းနားနားကြီးတွေရယ်လဲgeminiကမတောင်းဆိုဖူးပါဘူး။ကျောင်းသားဘ၀တုန်းကလဲ မိဘတွေမအားလို့ဘယ်တုန်းကမှကျောင်းသားတွေ့ဆုံပွဲတွေမလိုက်ဖူးသလိုစုံညီပွဲတွေလည်းမတက်ပေးပါဖူးဘူးလေ။

We fall in love in October (geminifourth ff✅)Where stories live. Discover now