October

120 31 7
                                    

"လက်ထက်ရအောင်"

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

"လက်ထက်ရအောင်"

နေ၀င်ရီတယောအချိန်မှာကျူးလစ်တွေတပွေ့တပိုက်နှင့်သူ့ကိုကျွန်တော်ကပြောတော့ သူ့မျက်၀န်းလေးတွေဟာလဲ့ခနဲ။

"Gem.."

"လက်ထပ်ရအောင် ကိုယ်တို့လက်ထပ်ရအောင်fourth ချယ်ရီတွေမကုန်ခင်ဘုရားကျောင်းမှာ ကိုယ်တို့နှစ်ယောက်ပဲ လက်ထက်ကြရအောင်လေ"

ဒီတစ်ခါမှာတော့သူ့လက်ထဲကပန်းတို့ဟာ မြေခသွားခဲ့ရသည်။ကြည်လဲ့ပြီးတောက်ပနေခဲ့သည့်မဟူရာမျက်၀န်းတွေကိုငေးရင်းကျွန်တော်ပြုံးကာ အိတ်ကပ်ထဲက ကတ္တီပါဗူးလေးကိုထုတ်လိုက်သည်။

ရိုးရှင်းတဲ့ပန်းသည်လေးအဖို့ ပန်းနုရောင်သန်းသည့်လက်သည်းခွံ့လေးတွေလှသော လက်တစ်စုံမှာကျွန်တော်ဆင်ပေးသည့်ငွေမျှင်ရောင်လက်စွပ်လေးက လှလှပပလေးတည်ရှိနေပါသည်။

သူ့အပြုံးလေး။အောက်တိုဘာရဲ့အလှပဆုံးအပြုံးလေးပေါ့။အသက်တွေ၀င်ပုံဟာလည်းဒါဗန်ချီအရှုံးပေးရလောက်ပါလေသည်။

"အင်း..လက်ထက်ကြမယ် ကျွန်တော်နဲ့gemနှစ်ယောက်ထဲ"

ပန်းပွင့်တို့ကိုနင်းချေပြီးပြေးလာခဲ့သည့်ကိုယ်ငယ်လေးကို အသာထိန်းကာကျွန်တော်ပွေ့ဖက်ထားလိုက်သည်။

နေကြာငယ်ပြုံးနေသည်။ဒီတစ်နေ့ရဲ့မှတ်ဉာဏ်ဟာဒီဘ၀ရဲ့ဒီအခိုက်မှာအလှဆုံးဖြစ်လောက်ပါသည်။ကိုယ့်အတွေးလေးနှင့်ကိုယ်ပြုံးရင်း ထိန်းကိုင်ထားသည့်ကိုယ်ငယ်လေးကို
ရင်ခွင်ထဲကထုတ်ကာ နှုတ်ခမ်းသားတို့အားအနမ်းဖွဖွပေးလိုက်၏။

________

ဘုရားကျောင်းကခေါင်းလောင်းသံဟာအရင်နေ့တွေထက်ပိုကျယ်လောင်နေခဲ့ပြီး ပြတင်းပေါက်ကွက်ကြားတို့ကနေနေရောင်တို့ဟာ လူလွှတ်နေသည့်ခုံပေါင်းများစွာရှိသည့် ၀တ်ပြုခန်းထဲသို့ဖြာကျလျက်ရှိ၏။

We fall in love in October (geminifourth ff✅)Où les histoires vivent. Découvrez maintenant