March

177 35 22
                                    

ကျွန်တော်ချစ်ရတဲ့လူမှာရောဂါတစ်ခုရှိတယ်။အဲ့ရောဂါကကျွန်တော်တို့ဆက်ဆံရေးလေးကိုပြောင်းလဲပစ်နိုင်တဲ့ထိ အရေးပါသည်။

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

ကျွန်တော်ချစ်ရတဲ့လူမှာရောဂါတစ်ခုရှိတယ်။အဲ့ရောဂါကကျွန်တော်တို့ဆက်ဆံရေးလေးကိုပြောင်းလဲပစ်နိုင်တဲ့ထိ အရေးပါသည်။

သူ့မှတ်ဉာဏ်တွေဟာတစ်ရက်သာရှင်သန်နိုင်ပြီးတစ်ခါတစ်ရံနေ့တစ်၀က်သာဖြစ်သည်။အဲ့တာကိုအယ်ဇိုင်းမားလို့ခေါ်တယ်။ပုံမှန်သက်ကြီးရွယ်အိုနဲ့ကလေးတွေကြားမှာပဲဖြစ်တတ်ပေမယ့်စိတ်မကောင်းစွာနဲ့သူ့စီမှာအဲ့ရောဂါရှိနေခဲ့တယ်။

ဒါကြောင့်ကျွန်တော်ဟာ သူ့အတွက်တစ်ရက်နှင့်တစ်ရက်မတူညီသည့်သူစိမ်းတစ်ယောက်ဖြစ်နေခဲ့သည်။

တစ်ခါတစ်ရံချစ်သူ၊တစ်ခါတစ်ရံသူငယ်ချင်း၊တစ်ခါတစ်ရံအမျိုးသား။ကျွန်တော့်ကိုသူမှတ်မိတဲ့နေ့တွေရှိသလိုမမှတ်မိတဲ့နေ့တွေပိုများတယ်။

ဒါပေမယ့်ကျွန်တော်အပြစ်မတင်ပါဘူး။သူ့အတွက်ရည်ရွယ်ပြီးမှတ်စုအညိုရောင်လေးတစ်အုပ်ပေးခဲ့တယ်။ဒီတစ်နေ့ရဲ့အမှတ်တရတွေကိုစာရွက်တစ်ရွက်ထဲထည့်ရေးခိုင်းပြီးနောက်တစ်နေ့ရဲ့အမှတ်တရကိုတော့နောက်တစ်ရွက်မှာရေးခိုင်းသည်။

ဆက်ဆံရေးလေးမှာအသုံး၀င်လာသည့်အရာပေါ့။သူမမှတ်မိတော့ရင် ပြန်လှန်ကြည့်တယ်။မှတ်မိသွားရင်တော့ ကျွန်တော့်ရင်ခွင်ထဲ၀င်ပြီးငိုတယ်။

သူ့စိတ်ဝိညာဉ်လေးဟာ နူးနူးညံ့ညံ့ရယ်။အငိုကလည်းသန်ပြီး တောင်းပန်စကားကိုလည်းတစ်ဖွဖွဆိုတတ်သည်။ပန်းတွေပျိုးတဲ့ဥယျာဉ်မှုးငယ်မှာ နို့နှစ်ရောင်နှလုံးသားတစ်စုံရှိသည်။

________

"ကြိုဆိုပါတယ် ဧည့်သည်!"

ထပ်ပြီးနှင်းဆီတွေကြားမှာသူအလုပ်ရှုပ်နေသည်။အပြုံးလေးတစ်ချက်ပန်လိုက်ရင်း အနားလေးသို့သွားကာသူ့အိတ်ကပ်ထဲကစာအုပ်အညိုလေးအား ထုတ်ယူပြီးခပ်သော့သော့လက်ရေးဖြင့်ရေးထားသည့် စာရွက်လေးတစ်ရွက်ကိုလှန်ပြတော့သူ့မျက်၀န်းလေးတွေနားမလည်သလိုပြူးသွားသည်။

We fall in love in October (geminifourth ff✅)Hikayelerin yaşadığı yer. Şimdi keşfedin