November

126 27 12
                                    

"အကိုက ဘယ်သူလဲ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အကိုက ဘယ်သူလဲ"

ရင်ဘတ်ထဲမှာအောက်ခနဲရယ်။ဒါပေမယ့်အတက်နိုင်ဆုံးပြုံးကာ စိမ်းကားနေသည့်နေကြာငယ်ရဲ့လက်တစ်စုံကိုသူခပ်ဖွဖွလေးဆုပ်ကိုင်လိုက်သည်။

"ကိုယ်က မင်းအမျိုးသားပါ"

"အမျိုးသား? ကျွန်တော့်မှာအမျိုးသားရှိလို့လား?"

ရင်ဘတ်ကနစ်နေအောင်နာသည်။ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမလို့geminiကဒီနာကျင်မှုတွေနှင့်အသားကျအောင်နေရမည်ဖြစ်သည်။

"အင်း..ကိုယ်တို့ဒီဘုရားကျောင်းမှာပဲတိတ်တိတ်လေးဆောင်ခဲ့ကြတာလေ"

မနှစ်တစ်နေ့ရဲ့အလှပဆုံးအမှတ်တရတစ်ခု။ဇာပဝါဖြူလေးအောက်မှာသူ့ကိုအနမ်းခြွေခဲ့ရတဲ့အခိုက်လေးဟာ ထူးခြားနေခဲ့ပြီးခမ်းခမ်းနားနားရယ်မရှိတောင် စိတ်အစုံတို့ကတော့ လှပနေခဲ့ပါသည်။

ဒီနေ့လိုမျိုး..ဒီလိုပုံစံမျိုးနဲ့ပြန်စိမ်းကားခံရတာလောက်လည်း နာကျင်ရတာမျိုးမရှိတော့ပါဘူးလေ။

"Fourth..ကိုယ်ကgemini မင်းနဲ့ကိုယ်နဲ့ဇန်နဝါရီမှာချစ်ခဲ့ကြပြီး အောက်တိုဘာမှာကိုယ်တို့လက်ထပ်ခဲ့ကြတယ်.."

မျက်၀န်းလှလှလေးတွေနဲ့fourthကနားထောင်နေသည်။သက်သေတည်ထားသည့်ငွေမျှင်ရောင်လက်စွပ်လေးနှစ်ကွင်းဟာ အမှန်တရား ဟုဖော်ပြနေပြီးနေကြာငယ်ကတော့ အကြည့်တွေလွှဲသွားချင်းမရှိပဲ သူ့ရဲ့ပါးပြင်တို့ကိုထိတွေ့လာသည်။

"ကျွန်တော်..မှတ်မိပြီ"

Fourthငိုသည်။fourthရဲ့ကိုယ်သေးသေးလေးကိုဆွဲယူရင်း ရင်ခွင်ထဲထည့်ထားကာgeminiကကျောပြင်လေးကိုပုတ်ပြီးချော့ပေးတော့fourthရဲ့ငိုသံတွေပိုကျယ်လောင်လာခဲ့သည်။

We fall in love in October (geminifourth ff✅)Where stories live. Discover now