"ဘာလို့လဲ.."
"ဒီတိုင်း..ကျွန်တော်ကဆိုးတယ်လေ"
မေလရဲ့အစမှာကျွန်တော့်အသဲကိုသူအစိမ်းလိုက်ခွဲတော့တာပဲ။ဘာလို့များကောင်းခဲ့သလဲ။ဒါမှမဟုတ်ဘာလို့များထွက်သွားမည်ကို အပြုံးလေးတွေနဲ့လှည့်စားခဲ့သလဲ။
သူ့အပူတွေကိုကျွန်တော်သိသည်။သေချာပေါက် ကျွန်တော်လည်းသူ့နည်းတူနာကျင်ရပြီး အဲ့နာကျင်မှုတွေကိုမျှပေးဖို့ကြိုးစားခဲ့သည်။
သူအထီးကျန်နေပြီဟုခံစားရတဲ့အချိန်ကျွန်တော်ကလည်းအတူတူလိုက်အထီးကျန်ပေးနိုင်သလို..သူ့နှုတ်ခမ်းတွေကို ကျွန်တော့်နှုတ်ခမ်းတွေက ရှောင်ရှားပေးနိုင်ပါသည်။
ဒါပေမယ့် ကျွန်တော်တွေးမိတာလေးတစ်ခုတော့ရှိတယ်။သူဟာဘာကြောင့်များဒါတွေကိုမမြင်ရတာလဲ။ဘာလို့ မမြင်ယောင်ပြီးထွက်ပြေးရတာလဲ။
ကျွန်တော်ဟာ သူတစ်ချက်ဖြိုရင်တောင်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမည့်ကောင်ပါ။
မှတ်ဉာဏ်တွေချို့ယွင်းနေတာဟာ အကြောင်းပြချက်ဖြစ်သည်ဆိုလျှင် ကျွန်တော်ကဘယ်တုန်းကမှမငြိုငြင်ခဲ့ကြောင်းရော အမြဲလိုလိုချစ်ခဲ့ကြောင်းရောကျွန်တော်ပြောပြချင်သည်။
မနေ့တစ်နေ့ကထိသူ့အိပ်ယာပေါ်မှာကျွန်တော်တို့လူးလိမ့်ကြပြီးပျော်ရွှင်ခဲ့ကြ၏။
ဟော..ရက်အနည်းငယ်လောက်ပဲရှိသေး။သူကျွန်တော့်စီကစပြေးတော့သည်။ဒီအတောအတွင်းအကောင်းဆုံးမှတ်မိနိုင်အောင်ကြိုးစားနေတာတွေ..ကျွန်တော့်အနမ်းတွေကိုကျေကျေနပ်နပ်ခံယူတာတွေ..
YOU ARE READING
We fall in love in October (geminifourth ff✅)
FanfictionYou look so pretty and i love this view.. fanfiction main characters-Geminifourth total chapter-12 hope you guys enjoy this💓