February

255 36 10
                                    

‌ဒေစီတွေကြားမှာသူအလုပ်ရှုပ်နေပြန်သည်။မနက်၈နာရီပုံမှန်ဖွင့်နေကျပန်းဆိုင်လေးမှာ ဒီနေ့လည်းမွှေးရနံ့သင်းလျက်ရှိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

‌ဒေစီတွေကြားမှာသူအလုပ်ရှုပ်နေပြန်သည်။မနက်၈နာရီပုံမှန်ဖွင့်နေကျပန်းဆိုင်လေးမှာ ဒီနေ့လည်းမွှေးရနံ့သင်းလျက်ရှိသည်။

နေကြာတွေစိုက်ထားသည့်အိုးတွေကိုအပြင်ရွေ့လိုက်၊သစ်ခွတွေချိတ်လိုက်ဖြင့် ဆံပင်လုံးလုံးလေးတွေရဲ့လှုပ်ရှားမှုတိုင်းကိုgeminiကစက္ကန့်မလတ်ကြည့်နေပြီး ဓာတ်တိုင်အားမှီထားလျက်ရှိသည်။

သူရောက်နေတဲ့မြို့လေးဟာ လမ်းတွေရှုပ်ပြီးကုန်စုံဆိုင်တွေများပေမယ့် fourth nattawatရဲ့အဝါရောင်ပန်းဆိုင်လေးကတော့ ခြေဦးတည့်ရာလျှောက်မိတောင်ရောက်လာနိုင်သည်ထိ ရိုးရှင်းတဲ့လမ်းမထဲမှာ လှလှပပလေးတည်ရှိနေပါသည်။

Geminiကခပ်တည်တည်ပါပဲ ဆိုင်မဖွင့်ခင်ကတည်းကလာစောင့်နေသည့်မဟုတ်သလိုဟန်ဆောင်ကာ ဈေး၀ယ်သူပီပီဆိုင်လေးသို့ချည်းကပ်သွားလိုက်သည်။

"အို! ဧည့်သည်ဘာများလိုချင်လဲမသိဘူး"

အလုပ်ရှုပ်နေသည့်အဝါရောင်လေးက မှတ်စုစာအုပ်ထဲလိုအပ်တာတွေမှတ်နေတုန်းကျွန်တော့်ကိုမြင်သည့်အခါ အပြုံးလေးနှင့်မေးလာတော့ကျွန်တော်ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ဒေစီတွေ.."

"ဟုတ်ပြီ ဟုတ်ပြီ ဘယ်လောက် လောက်လိုချင်လဲ"

ခုထက်ထိဘယ်သူမှန်းမသိသေးပုံထောက်ရင်သူ့ရဲ့တစ်နေ့တာမှတ်ဉာဏ်တွေဟာလုံးလုံးကြီးမေ့ပျောက်သွားပြီဖြစ်ပြီး ကျွန်တော်ပြုံးမိသွားသည်။

သူစိမ်းတွေ..။

ဒီတစ်နေ့အတွက်ကျွန်တော်ဟာသူ့ရဲ့သူစိမ်းဖြစ်သည်။

________

တစ်ကယ်တော့ရိုးရှင်းမှုတွေဟာ ကျွန်တော့်အတွက်ခက်ခဲပြီးတစ်စုံတစ်ယောက်ကိုချစ်ဖို့အချိန်ယူခဲ့ရတာကတော့ လွယ်ကူခဲ့၏။

We fall in love in October (geminifourth ff✅)Where stories live. Discover now