Part 2

36.7K 1.3K 86
                                    

အပိုင်း - ၂

ပစ်မှတ်၏ ဗဟိုတည့်တည့်ကို တစ်ချက်မှမလွဲသည့် ရာ။ ကျည် (၆) တောင့်လုံးက ပစ်မှတ်၏ အလယ်တည့်တည့်ကို ဖောက်ထွက်သွားကြသည်။

ထို့နောက် လှုပ်ရှားနေသည့် ပစ်မှတ် (၆) ခု။ ရာ အာရုံကို စုစည်းထားလိုက်သည်။ မျက်လုံးကို စည်းထားသည့်အတွက် ရာက လှုပ်ရှားနေသည့်အသံကို အာရုံစိုက်လိုက်သည်။ ထို့နောက် ညာဖက်လက်ကို ဆန့်ထုတ်ပြီး မောင်းတင်ကာ (၆) ချက်လုံးကို ဆက်တိုက်ပစ်လိုက်၏။

-ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း-

သေနတ်သံအဆုံးမှာ ထွက်ပေါ်လာသည့် လက်ခုပ်သံ။ ရာက ပြုံးပြီး မျက်လုံးတွင်စည်းထားသည့် အဝတ်ကိုမဖြုတ်ဘဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ လက်ခုပ်တီးသူ၏ နားထင်အား သေနတ်ဖြင့် ထောက်လိုက်သည်။ လျှင်မြန်လှပသည့် လှုပ်ရှားမှု။

-ချောက်-

ရှိုင်းက ရာ၏ မျက်လုံးကိုစည်းထားသည့် အဝတ်အား ငြင်သာစွာဖြည်ချပေးလိုက်သည်။

"ရာက (၆) ချက်လုံး ပစ်ပြီးသားလေ.. ဒီသေနတ်နဲ့ ရှိုင်းကိုထောက်လို့ အဆင်ပြေပါ့မလား"

ရာက ပြန်မဖြေ။ ရှိုင်းကို ကျောပြန်ပေးပြီး ပစ်မှတ်တစ်ခုကို ပစ်လိုက်သည်။ ပစ်မှတ်၏ အလယ်ကို ဖောက်ဝင်သွားသည့် ကျည်ဆံ။

-ဒိုင်း-

ရှိုင်း ပါးစပ်အဟောင်းသားဖြစ်သွားရ၏။

"ရာ.."

ရာက ရှိုင်းဖက်ကို မျက်နှာမူလိုက်သည်။ ထို့နောက် ပြုံးရင်း ဘယ်ဖက်မျက်လုံးတစ်ဖက်ကို မှိတ်ပြကာ ရှိုင်းလက်ထဲရှိ ရေဘူးကိုယူပြီး ဖောက်သောက်လိုက်၏။ ထို့နောက်မှ ရှိုင်း၏ ခါးကို မျက်စပစ်ပြသည်။

ရှိုင်းက ခါးရှိ သေနတ်ကိုစမ်းပြီး ထုတ်လိုက်သည်။ ရှိုင်းလက်ထဲပါလာသည့် သေနတ်တွင် ကျည်တစ်တောင့်မှ မရှိ။

ရာက လက်ထဲမှသေနတ်ကို ရှိုင်းဆီပေးလိုက်သည့်အခါ ကျည် (၅) တောင့်ရှိနေသေး၏။

"အဟင်း. ဘယ်လိုလဲ ကိုရှိုင်း"

"ရာ.. အရမ်းလျှင်တာပဲ.. ကိုယ့်ခါးထဲက သေနတ်နဲ့ ဘယ်ချိန်လဲလိုက်တာလဲ"

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now