Part 14

22K 862 20
                                    


အပိုင်း - ၁၄

ရာက ခွင်း၏ မာမီနှင့် ထပ်တွေ့ချင်သည်ဟုဆိုလာခဲ့သည်။ ထို့ကြောင့် ခွင်းလက်ခံလိုက်ရသည်။ သို့သော် ရာက ခွင်းနှင့်အတူမသွား။ ခွင်းကို မာမီ့ဆီအရင်သွားပြီးစောင့်နေဟု ဆိုသည်။ ရာက တစ်နေရာဝင်စရာရှိသည်ဟုဆို၏။ ခွင်းက အကြောင်းရင်းကို မေးသော်လည်း ရာက မဖြေ။ ပြုံးရင်း ခွင်း၏ ပါးလေးကိုသာ ခပ်ဖွဖွနမ်းလေသည်။

ခွင်းမှာ သင်္ချိုင်းရှိ ကားပါကင်တွင် ဟိုလျှောက် ဒီလျှောက်နှင့် ဆောက်တည်ရာမရ။ အရင်တစ်ခါက ဖြစ်သွားခဲ့သည့် ရာ၏ ပုံစံကြောင့်လည်း ခွင်းမှာ သက်ပြင်းတချချ။ ခွင်း၏ အမူအရာကြောင့် ကိုယ်ရံတော်များမှာလည်း ခွင်းကိုသာ လိုက်ကြည့်နေကြရှာသည်။

ခွင်းက ဆံပင်ကိုဖွသည်။ လည်ဂုတ်ကိုကိုင်သည်။ ကောင်းကင်ဆီမော့ကြည့်ပြီး လေပူကိုမှုတ်ထုတ်သည်။

နာရီဝက်ခန့်အကြာတွင် ရာ၏ ကားလေးက ခွင်း၏ ကားနားတွင် ပါကင်ထိုးလိုက်သည်။ ရာ့နောက်မှ ပါလာသည့် ကိုယ်ရံတော်များ၏ ကားကလည်း ကားပါကင်တွင်နေရာယူလိုက်၏။ ထို့နောက် ကိုယ်ရံတော်များက ဆင်းလာကာ ခွင်းကို ဦးညွတ်ပြီး အရိုအသေပေးကြသည်။ ခွင်းကတော့ ထိုအရာများကို စိတ်မဝင်စားပေ။ ကားပေါ်မှ ဆင်းလာမည့်ရာကိုသာ ကြည့်နေမိသည်။

ကိုယ်ရံတော်တစ်ယောက်က ကားနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည့်အခါ ဖြူဖွေးလှသည့် ဖိနပ်လေးကို အရင်မြင်ရသည်။ ထို့နောက်ရာက ကားပေါ်မှ တစ်စုံတစ်ခုကို ပွေ့ပိုက်ကာ ဆင်းလာလေသည်။ ခွင်း ရာ့နားသို့ အပြေးလေးသွားလိုက်သည်။

"ရာ... ကိုယ်စိတ်ပူနေတာ...ဟင်"

ရာ့ လက်ထဲတွင်ကိုင်လာသည်က ဖန်ခွက်ရှည်လေးတစ်ခု။ ထိုဖန်ခွက်ထဲတွင်တော့ မေပယ်ရွက်လေးများကို ပန်းအိုးထိုးသလိုစီပြီးထိုးထားသည်။ ထို့အပြင် သစ်ကိုင်းခြောက်လေးများဖြင့် အလှဆင်ထားလေ၏။ ထို့ကြောင့် ထိုအရာလေးမှာ လှသည်ထက်ပိုနေတော့သည်။

"ယောကျာ်း .. ရာကို စောင့်ရတာကြာသွားလား"

"ရာ.. ဒါက ဘာလေးလဲ"

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now