Part 56

15.8K 612 18
                                    

အပိုင်း - ၅၆

ခွင်းက အိမ်တော်မှ မိန်းကလေးအားလုံးကို သက်ဆိုင်ရာ အိမ်တော်တွေဆီ ပြန်ပို့ခိုင်းလိုက်သည်။ ထို့ကြောင့် မနက်မိုးလင်းကတည်းက ဝေမင်းနှင့် အိမ်တော်ထိန်းကြီးမှာ ခေါင်းချင်းဆိုင်းကာ အလုပ်များနေရ၏။ ပြန်ပို့ရမည့် အိမ်တော်အလိုက် သတင်းပို့ရသည်။ တချို့အိမ်တော်များက ကိုယ်တိုင် လာပြန်ခေါ်လိုသော်လည်း တချို့အိမ်တော်များကတော့ Black Eagle မှသာ ပြန်ပို့ပေးစေလိုသည်။ ထို့ကြောင့် စီစဉ်စရာတွေက များပြားလှ၏။

ကော်ဖီတစ်ခွက်သာ ဗိုက်ထဲထည့်ရသေးသည့် ဝေမင်း။ ဗိုက်ကတဂွီဂွီ။

ထိုအခိုက် ဝေမင်း၏ ပါးစပ်နားရောက်လာသည့် ကိတ်မုန့်လေး။ ဝေမင်း ပြုံးကာ ထိုလက်လေးကို လက်ကောက်ဝတ်မှကိုင်ပြီး ကိတ်မုန့်ကို ပါးစပ်ထဲထည့်ဝါးလိုက်သည်။

"ကိုမင်း .. ပင်ပန်းနေပြီလား"

ဝေမင်းက ရှိုင်း၏ လက်လေးကို ဆွဲယူကာ နမ်းလိုက်သည်။

"အင်း.. အိမ်တော်စာရင်းတွေပြန်ကြည့်နေရတာ ရှိုင်း.. စီစဉ်စရာတွေက နည်းနည်းများတယ်လေ"

ရှိုင်းက ဝေမင်း၏နားထင်ကို လက်လေးများဖြင့် အသာယာနှိပ်ပေးလိုက်သည်။ ဝေမင်းက ရှိုင်း၏ အပြုမူလေးကို သဘောတကျရှိလှသည်။ ထို့ကြောင့် နှုတ်ခမ်းများက ပြုံးယောင်သမ်းနေကြတော့၏။

Black Eagle ၏ အရှိန်အဝါအောက်က လုပ်ငန်းတွေမှာ သမီးရှိလျှင် Black Eagle ဆီ ပို့ထားကြရသည်။ စီးပွားရေး အာမခံအနေဖြင့် ပို့ထားကြရသော်လည်း အမှန်တော့ ဓားစာခံများသာ။ သို့သော် ရှိန်လျှံခွင်းက ဘယ်မိန်းကလေးကိုမှ လှည့်မကြည့်ခဲ့ပေ။ တချို့သော အိမ်တော်တွေကလည်း ချောမောလှပသည့် သမီးပျိုများကို ရှိန်လျှံခွင်းက မျက်စိကျလာစေဖို့ ရည်ရွယ်ထားကြပုံရသည်။ ထို့ကြောင့် လိုလိုလားလား လာပို့ကြသည်များလည်းရှိသည်။ ရှိန်လျှံခွင်းကတော့ ပို့လာသည့် ဘယ်တစ်ယောက်ကိုမှ စိတ်မဝင်စားခဲ့။ လာပို့သမျှကို အိမ်တော်မှာ လိုလေသေးမရှိထားပေးသော်လည်း ဘယ်မိန်းကိုမှ ပွဲမထုတ်။ အဆိုးဆုံးကတော့ တော်ရုံမိန်းကလေးတွေကို ရှိန်လျှံခွင်းက နာမည်တောင်မမေးပေ။

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now