မင်းကိုမောင်မောင်ဆိုတဲ့လူ ဝိုင်းထဲက ထွက်သွားသည်ကြောင့် သူလည်းသူကြီးကို စာသင်ကျောင်းကိစ္စနဲ့ပတ်သက်သည့် အရာများကိုမေးမြန်နေလိုက်သည်။
"ဒါနဲ့..အကို့အသက်ကဘယ်လောက်ရှိပြီလည်း စပ်စုတယ်လို့တော့မထင်ပါနဲ့"
"မင်းကိုအသက်က ၂၈နှစ်လောက်ရှိပြီထင်တယ်"
"ဒါဆို ကျွန်တော့်ထက် အသက်ကြီးတာပေါ့"
"အေးပေါ့ကွယ်..ကဲ မောင်ရင်လည်း ခရီးပန်းလာမှာပေါ့..သွားနားချည်"
"ဟုတ်ကဲ့"
သူကြီးကို ပြန်ဖြေပြီး အိမ်ထဲသို့ ဝင်ကာ သူ့အထုတ်အပိုးတွေ ချထားသည့် အခန်းသို့ဝင်သွားလိုက်သည်။ထို့နောက် သစ်သားကုတင်ပေါ်သို့ လှဲလျောင်းနေလိုက်သည်။ခနကြာတော့ မျက်လုံးနှစ်စုံသည် တစ်ဖြည်းဖြည်း မှိတ်သွားကာ အိမ်မတ်ကမ္ဘာထဲသို့ ရောက်ရှိလို့သွားသည်။
သူရိန်နေမင်းကြီးသည် တောင်တန်းတွေ အနောက်သို့ တစ်ဖြည်းဖြည် ပုန်းကွယ်စပြုနေပြီး ပုဇွန်ဆီရောင်သန်းနေသည့်ကောင်းကင်ကြီးမှာလည်း အမှောင်တု ဖုန်းလွှမ်းတော့မည်။အိမ်တန်းငှက်ကလေးများသည်လည်း သူတို့ရဲ့နေထိုင်ရာဆီသို့ အတောင်ပံတစ်ဖြတ်ဖြတ်ခပ်ကာ ပျံသန်းနေကြသည်။
စဝ်ခွန်းချစ် မျက်လုံးများ ခပ်ဖြည်းဖြည်းပွင့်လာပြီး မရင်းနှီးသော မျက်နှာကျက်ကို မြင်လိုက်ရလေသည်။သူ ထထိုင်လိုက်ပြီး
အကျောများ ပြေလျော့သွားစေရန်လက်များကို ဆန့်တန်းလိုက်သည်။ထို့နောက် အိတ်ထဲမှ အသုံးအဆောင်တချို့ကို ထုတ်လိုက်သည်။ဝတ်ထားတဲ့ အင်္ကျီအဖြူကို ချွတ်လိုက်ပြီး ပုဆိုးတစ်ထည်ဝတ်ကာ ရေလည်းဖို့ နောက်ပုဆိုးတစ်ထည်ကိုပါ ထုတ်လိုက်သည်။ထို့နောက် အိမ်အောက်ထက်ကို ဆင်းလာခဲ့သည်။"သူကြီး.."
"အေး"
"ရေချိုးတဲ့နေရာက..ဘယ်မှာရှိတာလည်း"
"အိမ်ရဲ့ မြောက်ဘက်မယ်ရှိတယ် မောင်ရင်"
"ဟုတ်ကဲ့.."
သူကြီးကို ရေချိုးသည့် နေရာမေးပြီးနောက် သူကြီးပြောသည့် အိမ်မြောက်ဘက်သို့ လာလိုက်တော့ ရေအပြည့်ဖြည့်ထားသော စင်အိုးများကို တွေ့ရလေသည်။သူထိုအနားသို့ သွားလိုက်ပြီး ရေလည်းမည့်ပုဆိုးကို အတန်းတစ်တန်းပေါ်တင်လိုက်သည်။ထို့နောက် ကော်ခွက်ဖြင့်ရေကို ခပ်လိုက်ပြီး ခြေတလုံးမှ စလောင်းလိုက်သည်။ရေက အရမ်းမအေးပဲ အနေတော်လောက်ဖြစ်၍ ချိုးလို့ကောင်းပေသည်။သူရေချိုးနေတုန်း တစ်ဘက်ရှိဝိုင်းဘက်မှ လူတစ်ယောက်သည်ခြံစည်းရိုးနားတွင် စိုက်ထားသည့် နှင်းဆီပွင့်ဖြူဖြူတွေကို ရေလောင်းနေသည်။ထိုပန်းပွင့်ငယ်များကို ရေလောင်းနေသူမှာ အကိုပင်။
ČTEŠ
မောင့် ခွန်းငယ်
Literatura faktuကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။