အပိုင်း{4}

79 3 0
                                    

သူကြီးအိမ်ရှေ့တွင် ဟိုကောင်လေးကိုချပေးခဲ့ကာ သူကတော့တစ်ဖက်ဝိုင်းထဲကို နွားလှည်းသွားထားလိုက်သည်။နွားလှည်းထားပြီးသည်နှင့် သူကြီးတို့ဝိုင်းထဲ သွားရန်ပြင်လိုက်သည်။ခြေလှမ်းများကလည်း နှစ်ဆပိုမြန်နေ၏။သူကြီးဝိုင်းထဲ ဝင်သွားလိုက်သည်နှင့် ပျင်ထောင်အိမ်နှစ်ထက် အိမ်ကြီးအရှေ့က ခုံတန်းရှည်ပေါ်ထိုင်ကာ သူကြီးနဲ့စကားပြောနေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။သူလည်း ခုံတန်းရှည်အနားသွားလိုက်ကာ ကောင်လေး ဘေးနားဝင်ထိုင်လိုက်သည်။သူထိုင်လိုက်တော့
လှည့်ကြည့်လာတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းတွေနှင့်ဆုံသည်။တစ်မိနစ်ပင်မကြာလိုက် ထိုကောင်လေးက တစ်ဖက်သို့ခေါင်းပြန်လှည့်သွားခဲ့သည်။

"သူကြီး..နောက်ရက်တွေလည်း ကျုပ်ပဲဒီကောင်လေးကို အကြို
အပို့လုပ်ပေးလိုက်မယ် သူကြီးတို့လည်း မအားဘူးမလား"

သူပြောလိုက်တော့ သူကြီးသည်ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်။ဟိုကောင်လေးကတော့ သူ့ကိုတစ်ချက်မျှပင်လှည့်မကြည့်ချေ။

"ကျုပ် မင်းကို အကြိုအပိုလုပ်ပေးလို့...ရမလား..."

သူကြီးကခွင့်ပြုပေမဲ့ ဒီကောင်လေးရဲ့ ခွင့်ပြုချက်ကိုတော့ သူရချင်သေးသည်။ထို့ကြောင့် နောက်တစ်ခေါက် ခွင့်တောင်းခြင်းသာ။

"ရ ရပါတယ်"

ထစ်အစွာပြန်ဖြေလာတဲ့ ထိုကောင်လေးရဲ့အသံကြောင့် သူ
နှာခမ်းစွန်း တစ်ဖက်ကွေးတက်ရုံမျှ ပြုံးမိသည်။

"မနက်ဖြန်မနက် ခြောက်နာရီ..ကျုပ်ရောက်အောင်လာခဲ့မယ်။နေ့လည် ဆယ့်နှစ်နာရီတိတိ..ကျုပ်ထမင်းချိုင့်အရောက်လာပို့မယ်။ညနေငါးနာရီ..ကျုပ်စောရောက်နေစေရမယ်"

ပြောပြီးဝိုင်းထဲက ထွက်သွားသည့် အကို့ရဲ့ ကျောပြင်ကျယ်ကျယ်ကို သူ လိုက်ကြည့်နေမိသည်။ထိုအကိုသည် အသားညိုညို ခပ်သြသြအသံ နဲ့ ကတုံးပုံစံဆံပင်တို့က လွန်စွာလိုက်ဖက်နေသည်။

"မောင်ရင်..! "

သူ ဘယ်အချိန်ထိ လိုက်ကြည့်နေမိသည် မသိ။ သူကြီး၏ခေါ်သံကြားမှ ဆက်ခနဲလှည့်ကြည့်မိသည်။

မောင့် ခွန်းငယ် Donde viven las historias. Descúbrelo ahora